Chapter 11

3.6K 373 1
                                    

Chapter 11

ကျင်းဟွ သည်ခြင်းတောင်းကို ရှုလန် အားပေးလိုက်ပြီး “ မိန်းကလေး ရှုလန်၊ မင်းငါ့သားလေးအသက်ကိုကယ်တင်ခဲ့တယ်၊ ဒါကြောင့် ဒီကန်စွန်းဥကို ငါယူလာပေးတာ၊ မင်းအားနာစရာမလိုဘူး”

ရှုလန်သည် ကုန်းဒင် ကိုကယ်လိုက်ချိန်တွင် သူမ  ကျင်းဟွ ဆီမှာဘာအရာကိုမှ လိုချင်တဲ့စိတ်မရှိပါဘူး။ ရှုလန် သည်ဒီခေတ်အကြောင်းကိုများများစားစားမသိသော်လည်း သူမသည်အစားရဲ့တန်ဖိုးကို တဖြည်းဖြည်းသိလာသည်။

ကျင်းဟွ ကသူမရဲ့ ဆယ်ပေါင်ရှိသော ကန်စွန်းဥများကိုတစ်ပြိုင်နက်တည်းပေးခဲ့တယ်၊ သူမဘယ်လိုလက်ခံရမှာလဲ။

တပ်မဟာတွင် မည်သူတစ်ဦး၏ ဘဝမှ လွယ်ကူသည်ဟူ၍မရှိပေ။ ရှုလန် သည် တခြားသူများကို အခွင့်ကောင်းမယူချင်ပေ။ ထိုအပြင် ရှုလန် သည် နေရာလွတ် ထဲတွင် စပါးမည်မျှသိုလှောင်ထားသည်ကို မသိသည့်အပြင် ဆန်နှင့် ဂျုံမှုန့်များကို အပြီးမသတ်နိုင်သောကြောင့် သဘာဝအတိုင်း  ကျင်းဟွ ကို မထီမဲ့မြင်မပြုနိုင်ပါ။

ဒါကြောင့် ရှုလန် ကမန်းကတန်း ခေါင်းခါပြီး
“ အဒေါ် ကျင်းဟွ မလိုပါဘူး ကူညီတတ်တာက ကျွန်မတို့ရဲ့အကျင့်ပဲ ၊ အဖွဲ့မှူးကမနေ့ကပဲ့ ဆုငွေဆယ်မှတ်ပေးပြီးသွားပြီ။ အဒေါ် ကန်စွန်းဥ ပေါင်ဆယ်ပိဿာကို ကျွန်မကိုယ်စား ပြန်ယူလိုက်ပါ”

ကျင်းဟွ က ရှုလန် ကိုဘယ်လိုအားကိုးနိုင်မလဲ “ အဖွဲ့ခေါင်းဆောင်ရဲ့ဆုက ဆုလာဘ်ပဲလေ ၊ အ‌ဒေါ့် သားကို ကယ်ရင် အဒေါ်ကတော့ပြန်ပေးဆပ်ရမှာပဲ။မဟုတ်ရင် အဒေါ်စိတ်မကောင်းဖြစ်မိလိမ့်မယ်”

ရှုလန် က ပြုံးပြီး “ အဒေါ် အဲဒါကိုမလိုအပ်ပါဘူး၊ အဖွဲ့တခုထဲမှာရှိနေကြပါတယ်၊အ‌ဒေါ့်ကိုကူညီခဲ့တယ် ကျွန်မပြန်ကြည့်တဲ့အခါ အဒေါ်ရဲ့အကူအညီကိုလိုအပ်လာနိုင်တယ်။  အဒေါ်စိတ်မကောင်းဘူးဆိုရင် ကျွန်မဒုက္ခရောက်ရင် နောက်တစ်ခါ အဒေါ် တတ်နိုင်ရင် ကူညီပါအုံး၊ ကန်စွန်းဥ ဆယ်ပေါင်ကတော့ အဒေါ်ပြန်ယူသွား ကုန်းဒင်ကမြွေကိုက်ခံထားရတာလေ အားနည်းနေမှာမို့လို့ အားပြည့်နေမှဖြစ်မယ်လေ”

“ဒါ..”  ကျင်းဟွ အနည်းငယ်ရှက်သွားသည်မှာ သိသိသာသာထင်ရှားသော်လည်း သူမသည် ရှုလန် ကိုမငြင်းဆိုနိုင်ခဲ့ပေ။

ယခုခေတ်တွင်အစားစာသည် တန်ဖိုးအရှိဆုံးဖြစ်ပြီး  ကျင်းဟွ သည် ရှုလန် ကိုကျေးဇူးတင်သော်လည်း ရှုလန် သည်လက်ခံရန်ငြင်းဆိုသောကြောင့် အတင်းမတောင်းဆိုတော့ပေ။ ရှုလန် ပြောတဲ့အတိုင်း ဒင် ကဒီရက်ပိုင်း ဗိုက်ဆာလို့မရဘူး၊ အိမ်မှာစားစရာလဲသိပ်မကျန်တော့ဘူး။

“အဆင်ပြေပါတယ်သမီးလေး၊ နောက်အကူအညီလိုရင်အန်တီကိုပြောဖို့ တွန့်ဆုတ်မနေပါနဲ့၊ အဒေါ်ကသေချာပေါက်မင်းကိုကူညီပေးမှာပါ” ကျင်းဟွ ရိုးရိုးသားသားပြောသည်။ ရှုလန် ကိုဒီလိုကြင်နာမှုတွေလုပ်ရုံနဲ့ သူမဟာအနာဂတ်မှာ ရှုလန် ကို မကူညီနိုင်ဘူးဆိုရင် သူမလူသား ဖြစ်သင့်ပါဦးမလား။

ကျင်းဟွ ကိုငြင်းဆိုပြီးနောက် နှစ်ယောက်သားစကားစမြည်ပြောကြပြီး ကျင်းဟွ က တခုခုနဲ့ပြန်သွားကြသည်။ ရှုလန် က ထုတ်ပိုးတော့မှာဖြစ်ပြီး တပ်မဟာပြန်ပြီးအလုပ်ပြန်လုပ်ရအုံးမယ်။

ခေါင်းကိုလှည့်လိုက်တော့ ယုမိန် က
“ လူမိုက်ပဲ။ မင်းဦးနှောက်ကကောင်းကောင်းအလုပ်မလုပ်တော့ဘူးလား၊ ကန်စွန်းဥ ဆယ်ပေါင်ကိုဘယ်လိုလက်ခံရမလဲမသိဘူး၊မင်းက သူ့တို့ဆီပြန်ပေးတယ်၊ အိမ်မှာစားစရာတောင်မရှိဘူး၊ ငါမင်းအဖေ့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားရတယ်။ ငါလုံလောက်အောင်မစားနိုင်ဘူး မင်းမောင်လေးက ငါ့ဗိုက်ထဲမှာဗိုက်ဆာနေတယ် ငါမင်းအဖေနဲ့သွားပြောမယ်၊ မင်းအဖေရဲ့ဂရုမစိုက်မှုတွေ ကိုကြည့်ထားလိုက်တော့”

ရှုလန် နှုတ်ခမ်းထောင့်က ရွဲ့စောင်းတဲ့အပြုံးတစ်ခုဆင်မြန်းလိုက်ပြီး

သူမမိထွေးသည် သူ့ဗိုက်ထဲအကောင်အကြောင်းကိုပြောဖို့သိသေးတယ်။ ဝေကောင်း မှာ သားမရှိဘူး၊ သူမနဲ့ ရှုကျူး သမီးနှစ်ယောက်ပဲရှိပါတယ်။ ဤဘိုးဘေးညီခေတ်တွင် သားကိုအလေးထားသောကြောင့်‌
ဝေကောင်းသည်သားတဉီးရရှိရန်မျှော်လင့်နေသည်။

ယုမိန် ကိုယ်ဝန်ရှိလာကတည်းက ဝေကောင်း ကအရမ်းပျော်ရွှင်နေပြီး ယုမိန် သည်သူ့အားသားတစ်ယောက်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ ယုမိန်ဗိုက်ထဲကကလေးကြောင့် အိမ်မှာရှိတဲ့စားစရာအားလုံး ယုမိန် ဗိုက်ထဲရောက်သွားပြီ။ တခြားလူတွေဆာလောင်နေရင်တောင် ယုမိန် ရဲ့စကားသည် သေချာပေါက်မရှိမဖြစ်ပါပဲ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now