Chapter 109

2.2K 212 1
                                    


Chapter 109

ကျန်းမိသားစုသည် ပျက်စီးယိုယွင်းနေသော သက်ကယ်တဲနှစ်လုံးတွင် နေထိုင်ကြပြီး အိမ်မှာအနည်းငယ် ပြိုကျသည်ကို ခံစားရနိုင်သည်။

အိမ်အတွင်းက အလင်းရောင်က မှိန်ဖျော့နေပြီး ဒီခေတ်ကျေးလက်က သာမန်မြို့ကလူတွေထက် ပတ်ဝန်းကျင် ပိုဆိုးသည်။

အခန်းထဲတွင် ပရိဘောဂတောင်မရှိဘဲ ကန်(ဖျာ)နှစ်ချပ်သာရှိလေသည်။ ကျန်းမိသားစုမှ ဇနီးမောင်နှံနှစ်ဦးသည် တစ်ခန်းတည်းတွင် အိပ်ကြပြီး ကျန်းမိသားစု၏ ကလေးနှစ်ဦးမှာ အခန်းတစ်ခန်း၌ အိပ်ကြသည်။

ထို့အပြင် အခန်းထဲတွင် ထိုင်ခုံဟောင်း နှစ်လုံးနှင့် ကျိုးနေသော စားပွဲတစ်လုံးလည်း ရှိနေသည်။

စားပွဲပေါ်တွင် ပန်းကန်ခွက်ယောက် အစုံလိုက် အဟောင်းလေးများသာ ရှိသည်။ အမှိုက်ရုံရှိ ပန်းကန်ခွက်ယောက်များက ကျန်းမိသားစု၏

ပန်းကန်ခွက်ယောက်ထက်ပင် ပိုကောင်းနေသည်။

ကျန်းမိသားစုကို ချမ်းသာနေသည်လို့

ထင်မြင်မိသော်လည်း အခု ဒီလိုဖြစ်သွားသည့်အတွက် စိတ်မကောင်းကာ အားနာမိသည်။

သာမန်လူတစ်ယောက်သာ ဒီလိုမျိုးကြုံရရင် အသက်မရှင်နိုင်ဘူးလို့ ခံစားရနိုင်ပေမယ့် ကျန်းမိသားစုက အဲဒါကို ဖြတ်ကျော်နိုင်ခဲ့သည်။

ကျောင်းရှုလန်သည် ကျန်းမိသားစု၏ ဇနီးမောင်နှံကို နှလုံးသားထဲကပင် သဘောကျလေသည်။

ကျန်းမိသားစု၏ နေထိုင်မှု ပတ်ဝန်းကျင်သည် ယခု အနည်းငယ် ပိုဆိုးသော်လည်း ထိုအခြေအနေက ဒုက္ခမဖြစ်ပေ။

ဒီလိုမှမဟုတ်ရင် ဘဝအကျိုးပေးကောင်းသည် ထင်ကာ ကျန်းမိသားစုရဲ့ ပစ္စည်းတွေကို ဒုက္ခအများကြီးပေးမှာ ကြောက်မိသည်။

ကျောင်းရှုလန် ရောက်လာတာကိုမြင်တော့ ကျန်း မိသားစုဝင်နှစ်ယောက်လုံးက ကျောင်းရှုလန်ကို ကြည့်လိုက်သည်။

မဒမ်ကျန်း ဘဝကကောင်းလှသည်။ ကျန်းမိသားစုရဲ့ ပစ္စည်းတွေက ဟိုမှာရှိနေသည့်အတွက် ပြသနာဖြစ်မှာကို သူမစိုးရိမ်မိသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now