Chapter 80

2.6K 267 1
                                    

Chapter – 80

နောက်ဆုံးမှာတော့ ရှုလန်ဟာ ထိုခေတ်က လူတွေနဲ့ မတူပေ။ သူမက သူမ၏ ကိုယ်ပိုင်အနာဂတ်တွင် အိမ်ထောင်မပြုဘဲနေရလိမ့်မည် ဒါမှမဟုတ် လက်ထပ်မည့်သူကို အမှန်တကယ် နှစ်သက်သောသူကို ရှာဖွေမည်ဆိုပါက တစ်သက်လုံး အတူရှိနိုင်မယ့် လူတစ်ယောက်ကို သာမန်ကာလျှံကာ ရှာဖွေတွေ့ရှိဖို့ဆိုတာ မဖြစ်နိုင်။

ကျင်းကော သည် သူမကြိုက်သည့် ပုံစံမဟုတ်ပါ။ သူမ သူ့ကို စိတ်မဝင်စားသလို သူ့ကိုလည်း သူမအတွက် အချိန်ဖြုန်းမနေစေချင်ပေ။ သူမက အပြုံးလေးနဲ့သာ တုံ့ပြန်လိုက်သည်။

“ကျင်းကော  မလိုပါဘူး၊ အစ်ကို ကိုယ့်ဘာသာသုံးပါ။ ကျွန်မလက်တွေက အရမ်းကြမ်းတမ်းပြီး နူးညံ့မနေပါဘူး”

ကျင်းကောသည် သူ့ကို ငြင်းပယ်လိုက်သောအခါ အနည်းငယ် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ တစ်ဖက်တွင်မူ သူမအား သူ့အပေါ် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံသည်ကို မလိုလားသော်လည်း တစ်ဖက်တွင်

တော့ သူမလက်ကို ဒဏ်ရာရမှာကို စိုးရိမ်ပူပန်နေမိပြန်သည်။

ဘေးမှာ ရှိနေတဲ့ လီကျွ့မ်က မနာလိုမှုအပြည့်နဲ့ပြောလိုက်သည်။

“ကျင်းကော၊ အစ်ကိုက အစ်ကို့ရဲ့ တံစဉ်ကို ရှုလန်ကို ငှားထားပေမယ့် အစ်ကိုက ကျွန်မတို့ထဲက တစ်ယောက်ယောက်ကို ငှားပေးတာမျိုး မတွေ့ဖူးဘူးနော်။  သူက သူ့အတွက် ကောင်းတဲ့အရာတွေကို နားမလည်ရင်အစ်ကို ကျွန်မတို့ကို ငှားပေးလို့ရတယ်။ တစ်မနက်လုံး ကောက်ရိုးဆွဲနေတော့ လက်တွေ အရမ်းနာနေပြီ။ သည်းမခံနိုင်တော့ဘူး။ ကျွန်မလက်ကိုကြည့်၊ အခုအဖုတွေတောင် ထွက်နေပြီ”

ကျင်းက သူမကို ရှက်ရွံ့စွာ ကြည့်နေသည်။ သူက သူ့တံစဉ်ကို ရှုလန်အား နှစ်သက်သောကြောင့်သာ ငှားချင်တာဖြစ်သည်။ လီကျွမ့်ကို ငှားဖို့ သူ့မှာ အစီအစဉ် မရှိပေ။ ဒါပေမယ့် သူမ ပြောတဲ့အခါမှာတော့ မငြင်းဆန်နိုင်တော့ပေ။

ရှုလန်က လီကျွမ့်သည် အခွင့်အရေးယူတတ်လွန်းသည်ဟု တိတ်တဆိတ် တွေးလိုက်မိသည်။ သူမသည် ကျင်းကောကို ကြည့်ကာ သူကလီကျွမ့်ကို ငြင်းဆိုဖို့ ရှက်ရွံ့နေသည်ဟု ထင်ခဲ့သည်။ အကယ်၍ သူသာ သဘောတူ

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now