Chapter 1194

371 47 1
                                    

စာစဉ် 80 Chapter 1194 ငါ မင်းကို သေခွင့်ပေးလို့လား

"ဟိုအမှိုက်ကောင်ကို မိပြီလား"

ထိုအခိုက်တွင် အဘိုးအိုထံသို့ ဖုန်းဝင်လာပြီး တစ်ဖက်မှ ရက်စက် ခက်ထန်သော အသံတစ်သံ ထွက်လာ၏။

"ဒုသခင်လေးကို သတင်းပို့ပါတယ်၊ ကျွန်တော်တို့လူတွေ ဖမ်းလာခဲ့ပြီးပါပြီ"

လူအိုကြီးယန်ထံက ပြန်ပြောလိုက်ပြီးနောက် ဆိုးယုတ်သော အပြုံးမျိုး ပြုံးလိုက်သည်။

"ဒါပေမဲ့ ဒုသခင်လေး ကျွန်တော့်မှာ အကြံတစ်ခု ရှိပါတယ်"

"ဘာအကြံလဲ"

"အဲ့အမှိုက်ကောင်ကို သတ်လိုက်တာပါ"

လူအိုကြီးယန်က မလှမ်းမကမ်းမှ လုံရှာကို ခက်ထန်သော အကြည့်ဖြင့် လှမ်းကြည့်လေသည်။

"သောက်ရေးမပါတာ၊ သူက အမှိုက်ကောင် ဖြစ်နေပင်မယ့် ငါ့လုံမိသားစုဝင်လေ၊ ငါ သူ့ကို သတ်လိုက်ရင် တခြားမိသားစုဝင်တွေက ငါ့ကို ဘယ်လိုထင်မလဲ"

မိသားစု အပြစ်ဒဏ်ကိုသာ ကြောက်ရွံ့မနေရလျင် လုံယင်ရှို့တစ်ယောက် လုံရှာကို အချိန်အတော်ကြာစဉ် ကတည်းက သတ်ပြီးလောက်ပြီး ယခုအထိ စောင့်နေမည်မဟုတ်ပါ။

လူအိုကြီးယန်က ပြုံးလိုက်ပြီးနောက် သူ့မျက်လုံးတွင်း၌ မကောင်းသော အရိပ်အယောင်များ ဖြတ်ပြေး သွားသည်။

"အဲ့ဒါကြောင့် ကျုပ် ဆက်ပြောပြမယ့် ကိစ္စကို နားထောင်ပေးပါ၊ ဒီနေ့ ကျုပ်တို့ ထန်မိသားစုနဲ့ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်၊ ထန်မိသားစုက အမှိုက်ကောင်နဲ့ ရန်ငြှိုးရှိနေလို့ အမှိုက်ကောင်ကို ထန်မိသားစုက သတ်လိုက်တယ်လို့ ကျုပ်တို့ ပြောလိုက်မယ်၊ လုံမိသားစုက သူ့အတွက် လက်စားချေပြီး ထန်မိသားစုကို သုတ်သင်မယ်၊ ဒါဆို ဘယ်သူမှ သံသယဝင်တော့မှာ မဟုတ်ဘူး"

"ပြီးတော့ ထန်မိသားစုရဲ့ အကြီးဆုံး သခင်မလေးက ကျုပ်တို့ လက်ထဲ ရောက်နေပြီ၊ ညီအစ်ကိုတွေ သူနဲ့ ပျော်ပါးပြီးရင် ကျုပ်တို့ လုံရှာအပေါ် ပုံချလိုက်မယ်၊ ထန်မိသားစုရဲ့ အကြီးဆုံး သမီးကို သူ သတ်လိုက်လို့ ထန်မိသားစုက မုန်းတီးပြီး ပြန်သတ်တာလို့ သတင်းလွှင့်လိုက်မယ်"

ငရဲမှလာသောသူ (Chapter 1001-1200)Donde viven las historias. Descúbrelo ahora