Chapter 1072

384 45 5
                                    

စာစဉ် 72 Chapter 1072 ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်

“ဟားဟားဟား … ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ၊ ယန်စွမ်းအင်တောင် မရှိတဲ့ အမှိုက်ကောင်က ပြန်ချမယ်တဲ့လား”

“ဟာသပဲဟေ့၊ သူ ရင်ဆိုင်နေရတဲ့လူက အဆိပ်မိကျောင်းလေ”

“ရူးနေပြီ၊ ဒီအမှိုက်တော့ ရူးနေပြီ”

ယဲ့ဖန် ပြန်တိုက်ခိုက်သည်ကို မြင်လိုက်ရသည်နှင့် ဖန်းရီပေါ်နှင့် အခြားသူများ ဝမ်းသာအားရ ပြုံးရယ်နေကြသည်။ အစောပိုင်းက သူတို့သည် ကင်းမြီးကောက် လူသတ်သမားကိုသာ‌ ကြောက်ရွံ့ခြင်း ဖြစ်ပြီး ယဲ့ဖန်ကို မကြောက် ကြပေ။ သို့သော် ယဲ့ဖန်ကြောင့် အရှက်ရခဲ့ရသဖြင့် သူတို့ ယဲ့ဖန်ကို မုန်းတီးနေ၏။

ယဃုအခါ၌ ထိုအမှိုက်ကောင် မျက်စိရှေ့၌ သေရတော့မည်ကို တွေးမိပြီး ဖန်းရီပေါ်နှင့် အခြားသူများ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

ဂျွတ်!

ထိုစဉ် အရိုးကျိုးသံ ထွက်ပေါ်လာသဖြင့် ဖန်းရီပေါ်နှင့် အခြားသူများ အပြုံးကြီး ဆက်ပြုံးမိနေကြသည်။

“ဟားဟား … အဲ့အမှိုက်ကောင်ရဲ့ လက်မောင်း ကျိုးသွားတာပဲ ဖြစ်မယ် …”

အားပင်းသည် အဆိပ်မိကျောင်းကြောင့် ယဲ့ဖန် လက်ကျိုးသွားသည်ဟု ထင်မှတ်ကာ ရယ်မောနေ၏။ သူ ရှေ့သို့ လှမ်းကြည့်လိုက်ချိန်တွင် သူ၏အပြုံးက ချက်ချင်း အေးခဲသွားရသည်။ ဖန်းရီပေါ်၊ ဖေးဖေးနှင့် အခြားသူ များလည်း မပြုံးနိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် သူတို့မျက်စိရှေ့၌ ယဲ့ဖန်သည် နေရာ၌ ရပ်မြဲရပ်နေပြီး အရှေ့မှ အဆိပ်မိကျောင်း၏ လက်မောင်းတစ်ခုလုံးသာ ကျိုးကြေပျက်စီးသွားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

သွေးပေနေသော အသားများနှင့် အရိုးစများက နေရာအနှံ့ ပျံ့ကြဲနေ၏။ အဆိပ်မိကျောင်းတောင်မှ ဖြစ်ဖြစ်ခြင်း ကြက်သေ သေသွားပြီး ပြင်းထန်လှသော ဝေဒနာ ပျံ့နှံ့လာမှသာ အော်ဟစ်မိလေသည်။

“အား…”

အဆိပ်မိကျောင်း တုန်လှုပ်သွားပြီး အသည်းအသန် နောက်ဆုတ်လိုက်မိသည်။ သူ့မျက်နှာ၌ ကြောက်စိတ်များ ထင်ဟပ်လာ၏။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now