Chapter 1119

351 42 1
                                    

စာစဉ် 75 Chapter 1119 လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်

“သုံးလတာ”
“ဆယ့်နှစ်နှစ်”
“ကလေးဘဝက ချစ်ရသူ”
လက်ရှိအချိန်၌ ယဲ့ဖန်သည် အရှေ့မှ မိန်းမပျိုလေးကို မြင်ပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။ ဖျောင်ကျိုးဝမ်။ သူနှင့်အတူ အိမ်ငယ်လေး၌ သုံးလတာ အတူနေခဲ့သော ကိုးရီးယား ကလေးမလေးကို ဘယ်သောအခါမှ သူ မမေ့နိုင်ပါ။
ထိုအရူးမလေးက သူ့ကို ရှာဖွေရန် အဆိုတော် ဘုရင်မလေး ဖြစ်လာပြီး ပွဲများ စီစဉ်ကျင်းပ၍ ကလေးဘဝက သူ့အား လိုက်ရှာခဲ့သည်ကိုလည်း သူ မမေ့နိုင်ခဲ့ပါ။ ဝမ်းနည်း၍ ရင်ကွဲစရာကောင်းသော ထိုစကားလေးကိုလည်း သူ မေ့မရနိုင်ပါ။
“မောင်ငယ်လေး၊ မင်း တကယ် ဝမ်အာကို မလိုချင်ဘူးလား”
ယဲ့ဖန်၏ အတွေးထဲ၌ အတိတ်က အကြောင်းအရာများ ဆက်တိုက် ပြန်မြင်ယောင်နေ၏။ ယဲ့ဖန်တစ်ယောက် ယန်ဝမ် ဟင်းလင်းပြင်၌ ပိတ်မိနေစဉ်တွင် ကမ္ဘာဂြိုဟ်သည် နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ်မျိုးနွယ်နှင့် မကောင်းဆိုးဝါး မျိုးနွယ်တို့၏ အပြင်းအထန် တိုက်ခိုက်ခြင်း ခံရကာ လူပေါင်းများစွာ တကွဲတပြား ဖြစ်သွားရသည်။
ထိုသူများထဲတွင် ဖျောင်ကျိုးဝမ်လည်း ပါဝင်လေသည်။ နောက်ပိုင်း ယဲ့ဖန် ယင်ယန်လောကအနှံ့ လိုက်ရှာခဲ့ သော်လည်း ဤမိန်းကလေး ဘယ်ဆီဘယ်ဝယ် ရောက်နေသလဲဆိုတာကို ရှာမတွေ့ခဲ့ပါ။ ယန်နယ်မြေ၌ ပြန်တွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပေ။
“ဝမ် … ဝမ်အာလား၊ တကယ် … တကယ်ပဲ မင်းလား”
မျက်စိရှေ့မှ မိန်းကလေးအား ဝမ်းနည်းပူဆွေး၍ စိတ်လှုပ်ရှားနေသော အကြည့်ဖြင့် ယဲ့ဖန် ကြည့်လိုက်မိသည်။
*ဝမ်အာ*
ကျုံးဝမ် တွေဝေသွားရသည်။ ဘာကြောင့် ယဲ့ဖန်က သူမကို ဝမ်အာဟု ခေါ်သလဲ သူမ မသိပါ။ သို့သော် ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် ဘာကြောင့်မှန်း မသိသော်လည်း သူမ အရိုးထဲအထိ ရင်းနှီးနေသော ခံစားချက်မျိုး ရလိုက်မိသည်။ သူမရင်ထဲတွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်လာ၏။
*ဘယ်လို ဖြစ်ရတာလဲ*
ကျုံးဝမ် အံ့ဩသွားရသည်။ သူမ ယောက်ျားတစ်ယောက်အတွက် ထိုကဲ့သို့ ခံစားချက်မျိုး ယခုမှ ပထမဆုံးအကြိမ် ဖြစ်ပေါ်ဖူးခြင်း ဖြစ်သည်။ အံ့ဩစရာ ကောင်းလှသည်။
“မဟုတ်ဘူးလား”
ယဲ့ဖန် မချိပြုံး ပြုံးလိုက်မိသည်။ အကယ်၍ တစ်ဖက်လူကသာ ဖျောင်ကျိုးဝမ် ဖြစ်နေပါက ဤသို့သော တုံ့ပြန်မှုမျိုး ဖြစ်လာမည် မဟုတ်ပါ။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
ယဲ့ဖန် မေးလိုက်သည်။ သို့သော် ထိုစကားက ကျုံးဝမ်၏ ကျွဲမြီးတိုစရာ စကား ဖြစ်သွားပုံရပြီး မျက်ရည်များ ဝေ့နေသော သူမမျက်လုံးက ချက်ချင်းဆိုသလို စိတ်ထိခိုက်၍ ဒေါသထွက်သော အကြည့်မျိုးဖြင့် ယဲ့ဖန်ကို စူးစိုက် ကြည့်လာသည်။
ယဲ့ဖန် ရုတ်တရက် မှင်တက်သွားပြီး ဘာဖြစ်သွားမှန်း မသိပေ။
“သူဌေး မမလေး ကျုံးဝမ်က အသွားတာ”
အရောင်းသမလေးက ယဲ့ဖန်၏နားနားသို့ တိုးတိုးလေး ကပ်ပြောလေသည်။
*အသွားတာ*
*ဒါဆို သူက အစကတည်းက ဆွံ့အနေတာ မဟုတ်ဘူးပေါ့*
ဤသည်ကိုမြင်ပြီးနောက် ကျောက်ယင်းရင်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး အမှတ်တမဲ့ ဖြစ်နေချိန်မှာပင် ယဲ့ဖန်နှင့် ဝေးရာသို့ ထွက်ပြေးလေသည်။
ကျုံးဝမ်က သူမဘက်မှ ဝင်ကာကွယ်ပေးသော်လည်း သူမက ကျုံးဝမ်ကို တစ်ယောက်တည်း ထားခဲ့ပြီး သူမဘာသာ ထွက်ပြေးသွားသည်။
“လူကြီးမင်းယဲ့၊ ကျွန်တော်တို့ သူ့ကို လိုက်ဖမ်းရမလား”
ရဲအရာရှိက အလျင်အမြန် မေးလာသည်။ သို့သော် ယဲ့ဖန်က လက်ကာပြလိုက်သည်။ ဘာမဟုတ်သော ငတုံးတစ်ယောက်ကို အရေးစိုက်ရန် သူ့တွင် အချိန်မရှိပါ။ သူ ကျုံးဝမ်ကိုသာ စိုက်ကြည့်နေမိသည်။ ကျုံးဝမ်ကို စိုက်ကြည့်ရင်း ယဲ့ဖန်၏ မျက်နှာက ပိုစိတ်လှုပ်ရှားလာဟန် ပြလာပြီး မေးလိုက်သည်။
“မင်းနာမည်က ကျုံးဝမ်လား”
*ကျုံးဝမ်*
ဤလောက၌ ဤသို့သော တိုက်ဆိုင်မှုမျိုး ရှိနေလိမ့်မည်ဟု ယဲ့ဖန် မယုံကြည်ပါ။ တစ်နည်းအားဖြင့် ဆိုရလျင် သူ့အရှေ့မှ မိန်းကလေး ဖျောင်ကျိုးဝမ် ဖြစ်နိုင်သည်။ သူမ၌ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည့်ပုံပင်။
ယဲ့ဖန်၏ မေးခွန်းကို ကြားသောအခါ ကျုံးဝမ်က ထိုမေးခွန်းသည် တွေ့ကရာ မေးခွန်းဟု ပြောချင်ဟန်ဖြင့် စိတ်ပျက်သလို အကြည့်လွှဲသွားသည်။
သူမသည် ကျုံးကျိုးအင်ပါယာ၌ တောက်ပသော ကြယ်ပွင့်တစ်ပွင့် ရှိသည်။ ဤအင်ပါယာတွင်း၌ သူမက ကျုံးဝမ် ဖြစ်သည်ကို မသိသူ ဘယ်သူ ရှိနိုင်ပါမည်နည်း။
ထိုစဉ် ယဲ့ဖန်၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး ကျုံးဝမ်၏ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင် လိုက်သည်။ ကျုံးဝမ် ချက်ချင်း မျက်နှာ ပျက်သွားသည်။ ဤလူက လူမြင်ကွင်း၌ သူမရင်ဘတ်ကို ကိုင်တွယ်ရဲ သည်အထိ အရှက်မဲ့လိမ့်မည်ဟု သူမ ထင်မထားမိပါ။ သူမ ရှောင်တိမ်းချင်နေ၏။
“မလှုပ်နဲ့”
ယဲ့ဖန်က ခပ်မာမာ အော်လိုက်သဖြင့် သူမ တုံ့ခနဲ ဖြစ်သွားရသည်။ သူ့လက်က ကျုံးဝမ်၏ ဖွံ့ထွားသော ရင်သားပေါ် ကျရောက်ပြီးနေသည်။ ကျုံးဝမ် နာကြည်းစိတ်နှင့်အတူ သေချင်စိတ် ပေါက်ကာ မျက်ရည်များ စီးကျလာ၏။ သူမ ဘယ်အချိန်က ဤသို့ စော်ကားခံခဲ့ရသနည်း။
တစ်ခဏကြာသော် ယဲ့ဖန်က လက်ပြန်ရုတ်လိုက်သော်လည်း မျက်မှောင်ကြုတ်နေသည်။ ဤအဖြစ်ကို ဘေးလူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ယဲ့ဖန်က ကျုံးဝမ်၏ ဖွံ့ထွားသော ရင်သားကို ကိုင်တွယ်ရုံသာမ မျက်နှာပါ မည်းမှောင်လာလိမ့်မည်ဟု ထင်မထားမိပါ။
*ဒီလူ …*
သို့သော် ဤမျှနှင့် ရပ်မသွားသေးပေ။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ လက်ဝါးက ပန်းပွင့်ကို စုပ်ယူနေသော လိပ်ပြာသဖွဘ် ကျုံးဝမ်၏ ဖွံ့ထွားသော ရင်သားကို ပြန်ကိုင်တွယ်နေရာမှာ ပေါင်သို့ လျှောဆင်းသွားပြီး ခြေသလုံးထိ ရောက်သွားသည်။ ထို့နောက် ရင်သားပေါ် လက်ပြန်ရောက်လာ၏။
*နေ့ခင်းကြောင်တောင်ကြီး သူ့ကိုယ်ကို စုံချည်ဆန်ချည် ပွတ်သပ်နေတာလား*
လူတိုင်း ပြောစကားမရှိလောက်အောင် ဆွံ့အသွားပြီး လူတစ်ယောက်က ဤမျှ ယုံကြည်မှုရှိရှိ ပြုမူလိမ့်မည်ဟု ထင်မထားမိပေ။ အထူးသဖြင့် သူ့မျက်နှာက မည်းမှောင်နေသေးသည်။
ကျုံးဝမ်သည် ဒေါသနှင့် ရှက်စိတ်ကြောင့် မျက်နှာနီရဲနေပြီး မျက်ရည်များ ကျဆင်းလုမတတ် ဖြစ်နေ၏။ ထို့နောက် ယဲ့ဖန်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး သူ့လက်ထဲမှ ရုန်းကန်၍ အဝေးသို့ ထိတ်လန့်တကြား ထွက်ပြေးသွားသည်။
သူမ ထွက်ပြေးသွားသော အရပ်ကို ကြည့်ပြီး ယဲ့ဖန်၏ မျက်လုံးများက ပိုမို အေးစက်လာ၏။ သူမရင်ဘတ်ကို သူ ကိုင်တွယ်ရသည့် အကြောင်းရင်းမှာ အသားယူလို၍ မဟုတ်ပါ။ ကျုံးဝမ်၏ နှလုံးသားက ထူးဆန်းနေ၍သာ ဖြစ်သည်။
“နှလုံးစားပိုးကောင်၊ တော်တော်အဆိပ်ပြင်းတဲ့ အကြံပဲ”
ယဲ့ဖန် အေးတိအေးစက် ပြုံးလိုက်သည်။ နှလုံးစား ပိုးကောင်များသည် ယန်နယ်မြေ၌ အတုမရှိသော မိစ္ဆာကောင်များ ဖြစ်သည်။ ၎င်းတို့သည် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် နှလုံးသား၌ ကပ်တွယ်နေမည် ဖြစ်သည်။ ထို့နောက် နှလုံးသွေးကြောထဲမှ သွေးများကို စုပ်ယူပြီး တဖြည်းဖြည်းနှင့် နှလုံးပျက်စီးလာအောင် ဦးတည်ဆောင်ရွက်ကြကာ လူ့ခန္ဓာကိုယ် ပျက်စီးသေဆုံးအောင် လုပ်နိုင်လေသည်။
ထို့အပြင် ဤမိစ္ဆာမျိုးအား ရှာတွေ့ရန် အလွန်ခက်ခဲသည်။ ဆေးရုံသို့သွား၍ စမ်းသပ်စစ်ဆေးလျင်တောင်မှ ရှာမတွေ့နိုင်ဘဲ နာတာရှည် ရောဂါဟုသာ သတ်မှတ်ကြပေမည်။
*တစ်ယောက်ယောက်က ကျုံးဝမ်ကို သေစေချင်နေတာပဲ*
“မင်းနာမည် ဘယ်လိုခေါ်လဲ”
ယဲ့ဖန်က နောက်လှည့်၍ အရောင်းသမကို မေးလိုက်သည်။
“သူဌေး ကျွန်မနာမည်က ဝမ်ခယ်ပါ”
“ကောင်းပြီ ဝမ်ခယ် မင်း အဲ့ကျုံးဝမ်ကို သိလား”
“သိတာပေါ့၊ သူက ကျုံးကျိုးအင်ပါယာရဲ့ နံပါတ်တစ် အဆိုတော်မလေးလေ၊ ကျွန်မ သူ့ပရိသတ် ဖြစ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုတော့ မကြိုက်တော့ဘူး”
ဝမ်ခယ်သည် တွေဝေနေပုံရပြီး ယဲ့ဖန် ဘာကြောင့် မေးသလဲ သိချင်နေပုံရသည်။
“ဟုတ်လား ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ နောက်ပိုင်း သူ့ကိုယ်ပိုင်ဘဝက တအား အကျင့်ပျက်မှန်း ပေါ်လာလို့လေ၊ သူက တစ်ညတည်းမှာ ယောက်ျား ခုနစ်ယောက်၊ ရှစ်ယောက်လောက်နဲ့ လိင်ဆက်ဆံပြီးတော့ သူ့ရဲ့ အိုမင်းနေတဲ့ အဖေကို ပစ်ထားပြီး လမ်းပေါ်မှ နေခိုင်းထားတာလေ၊ သူက လုံးဝကို ငါးဆားနူမပဲ”
ထိုသို့ပြောနေချိန်တွင် ဝမ်ခယ်သည် ကိုယ်တိုင် အကြီးအကျယ် လှည့်စားခဲ့ထားရသကဲ့သို့ မခံမရပ်နိုင် ဖြစ်နေသော ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ ယဲ့ဖန် ပြုံးလိုက်မိသည်။
“ငါ ထင်တာ မှန်မယ်ဆိုရင် အဲ့သတင်းတွေက သူ ဆွံ့အသွားပြီးမှ ထွက်လာတာ မဟုတ်လား”
ဝမ်ခယ် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလေသည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ သူ ဆွံ့အသွားပြီးမှ၊ အဲ့နောက်ပိုင်း သူနဲ့ ပတ်သက်ပြီး မကောင်းတဲ့ သတင်းတွေ အများကြီး ထွက်လာတာ၊ နောက်ပြီးတော့ သူက ကိုယ့်အပျိုစင်ဘဝကို စတေးပြီး တက်လာတာလို့ မီဒီယာတွေက ပြောတယ်”
ယဲ့ဖန် ပျက်ရယ်ပြုလိုက်မိသည်။ ကျုံးဝမ်က အပျိုစင် ဖြစ်သည်ကို သူ သေချာပေါက် ပြောနိုင်သည်။ သူမ တစ်ယောက်ယောက်ကို ဆန့်ကျင်မိသောကြောင့်သာ တစ်စုံတစ်ယောက်၏ လက်ချက်ကြောင့် ဆွံ့အသွားပြီး ခန္ဓာကိုယ်ထဲသို့ နှလုံးစား ပိုးကောင် ထည့်ခံထားရခြင်း ဖြစ်ပေသည်။
သူမအား အမျိုးစုံသော ကောလာဟလများနှင့် အတင်းအဖျင်းများကိုပါ သုံး၍ တိုက်ခိုက်သေးသည်။ တစ်ဖက်လူသည် အလွန် ရက်စက်ပေသည်။ သူမအား တစ်ခါတည်း မသတ်ဘဲ သူမဘဝကို အရင်ဖျက်ဆီးပြီးမှ နည်းနည်းချင်းစီ နှိပ်စက်ရန် ကြံစည်ထား၏။
နှလုံးစားပိုးကောင် ထည့်သွင်းခံထားရသည့် လူများသည် မသေဆုံးခင်အထိ နေ့တိုင်း ခန္ဓာကိုယ်အား ပိုကောင်းများ စားနေသော ဝေဒနာကို ခံစားနေရမည် ဖြစ်သည်။ ဤသို့သော အသက်ရှင်ခြင်းထက် သေခြင်းကပင် ကောင်းပေဦးမည်။
“ဒီကိစ္စတွေရဲ့ နောက်မှာ ဘယ်သူပဲ ရှိနေပါစေ”
“ဝမ်အာကို တစ်ခုခု လုပ်ရဲလို့ကတော့ မင်း သေကိုသေရမယ်”
ယဲ့ဖန်၏ မျက်လုံးများက စူးခနဲ လက်သွားပြီးနောက် ဖျင်အန်းမြို့ ဆေးဝါး သုတေသနဌာနသို့ ထွက်လာလိုက်သည်။ တစ်ချိန်တည်းမှာပင် သေတွင်းမှ လွတ်လာသော ကျောက်ယင်းရင်က ယဲ့ကျန်းချောင်ကို ချက်ချင်း ဖုန်းဆက်လေသည်။
“တတိယ သခင်လေး ကိစ္စတွေက ဆိုးလာပါပြီ၊ အဲ့လူက သာမန်လူ မဟုတ်ပါဘူး၊ သူ့လက်ထဲမှာ မိုရှန်တောင်မှ ဆိုးဆိုးရွားရွား သေသွားပါတယ်၊ ကျွန်မတို့ အခု ဘာလုပ်ကြမလဲ”
“မနက်ဖြန် ငါ ဖျင်အန်းမြို့ကိုလာပြီး သူနဲ့ ကစားပေးရတာပေါ့”
တစ်ဖက်မှ ယဲ့ကျန်းချောင်၏ အေးစက်စက် အသံ ထွက်ပေါ်လာ၏။
“အဲ့လိုမလုပ်ခင် သူ့မိတ်ဆွေတွေနဲ့ မိသားစုတွေက ဘယ်သူတွေလဲဆိုတာကို မင်း စုံစမ်းထားလိုက်၊ ငါ သူတို့ကို တစ်ယောက်ချင်းစီ သတ်ချင်တယ်၊ ငါဆိုတဲ့ ယဲ့ကျန်းချောင်ကို ငြင်းဆန်ရင် ဘာဖြစ်မလဲဆိုတာ သူ သိအောင် ပြရမယ်”
“ဒါဆို ရှင် လူများများ‌ ခေါ်လာဖို့ လိုတယ်၊ အဲ့ကောင်မှာ လှည့်ကွက်တစ်ချို့ ရှိတယ်”
ကျောက်ယင်းရင်က အလျင်အမြန် သတိပေးလိုက်သည်။
“ရက်နည်းနည်းကြာရင် ငါ့အစ်ကိုကြီးက ဖျင်အန်းမြို့ကို ကိုယ်တိုင်လာပြီး အမည်မသိကို ကိုယ်တိုင် သတ်လိမ့်မယ်၊ အဲ့ကျမှ သူ့ကိုပါ ရှင်းပေးဖို့ ပြောရမယ်”
“သူ ဘယ်လောက် သန်မာနေပါစေ ငါ့အစ်ကိုကြီးလောက် သန်မာဦးပါ့မလား”
ယဲ့မိသားစု၏ ပထမ သခင်လေး ယဲ့ယွင်ထျန်း၊ ထိုလူကို ပြောသည်နှင့် ကျောက်ယင်းရင် တုန်လှုပ်သွားရသည်။ ထို့နောက် ပြုံးလိုက်ပြီး မူလက မောက်မာသော အမူအရာများ ပြန်ပေါ်လာ၏။
“ဒီနည်းနဲ့ဆို အဲ့ကောင် သေချာပေါက် သေမှာပဲ”
“ဟိုခွေးမ ဘယ်မှာလဲ”
ယဲ့ကျန်းချောင်က ရုတ်တရက် မေးလာသည်။
“သူလား နှလုံးစား ပိုးကောင်ကြောင့် သူ့ကိုယ်က နေ့တိုင်း ဆိုးသထက် ဆိုးလာတယ်၊ ခန္ဓာကိုယ်က နေ့ဘက်မှာ သိပ်မကောင်းပင်မယ့် ညဘက်ရောက်ရင် ဆိုးဆိုးရွားရွား နာကျင်သလို အော်နေတာ”
ကျောက်ယင်းရင် ပြုံးလိုက်မိသည်။ ကျုံးဝမ်ကို နှလုံးစားပိုးကောင်ဖြင့် အဆိပ်ခပ်သူက သူမပင်။ အဘယ်ကြောင့် ဆိုသော် ရဲ့ကျန်းချောင်က ကျုံးဝမ်ကို သဘောကျသွားပြီး သူမကို ခေါ်အိပ်ချင်ခဲ့သည်။
သို့သော် သူမက လောကအကြောင်း ကောင်းကောင်းမသိဘဲ ငြင်းဆန်ခဲ့သဖြင့် ယဲ့ကျန်းချောင် ဒေါသူပုန် ထသွားရသည်။
ယဲ့ကျန်းချောင်က ကျုံးဝမ်ကို ပထမဆုံး ဆွံ့အအောင် လုပ်ပြီးမှ သူမကိုယ်ထဲသို့ နှလုံးစားပိုးကောင် ထည့်ပြီး သူမဘဝအား သေသည်ထက်ဆိုးအောင် ပြုလုပ်လေသည်။
“သူ သတိမထားမိဘူးလား”
“ဟင့်အင်း အဲ့အရူးမက ခုနလေးတင် ကျွန်မကို ကယ်ဖို့ ကြိုးစားနေတာလေ”
ကျောက်ယင်းရင်က ဂုဏ်ယူစွာ ပြုံးနေပြီး ကျုံးဝမ်၏ အကူအညီအတွက် တစ်စက်ကလေးမှ ကျေးဇူး မတင်ပေ။ အလွန်တရာမှကို သွေးအေးလှသည်။
“ဟမ့်၊ အဲ့ကောင် ကိစ္စ ရှင်းပြီးတဲ့အထိ စောင့်ရတာပေါ့၊ ပြီးမှ အဲ့ခွေးမကို နောက်ဆုံး အခွင့်အရေး ပေးမယ်၊ ငါ့ကို အဖော်လုပ်ပေးဖို့ ငြင်းနေဦးမယ်ဆိုရင်တော့ သူ့ကို အဆုံးစွန်ထိ ရောက်သွားအောင် လုပ်ပစ်မယ်”
တစ်ဖက်မှ ရက်စက်ကြမ်းကြုတ်သော စကားသံ ထွက်ပေါ်လာ၏။

ငရဲမှလာသောသူ (Chapter 1001-1200)حيث تعيش القصص. اكتشف الآن