Chapter 1061

356 44 2
                                    

စာစဉ် 71 Chapter 1061 သူက … ဆေးပညာရှင်ပဲ

ဆေးဝါးသုတေသနဌာန၊ နှစ်ဆယ့်လေးလွှာ၌ ယဲ့ဖန်သည် အခန်းနံပါတ် ၂၄၀၄ ၏ တံခါးကို ဖွင့်လိုက်သောအခါ အထဲ၌ ဆေးဖော်ရန် လိုအပ်သောပစ္စည်းများနှင့် ဆေးပင်များ အပြည့်ပါသော ခြင်းတစ်ခြင်းကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန် အသာပြုံးလိုက်မိသည်။ သူ ဆေးဖော်စပ်ရန် မစောင့်နိုင်တော့ချေ။ အချိန် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ညခုနစ်နာရီ ဝန်းကျင်သို့ ရောက်လာ၏။
ယဲ့ဖန်၏ အရှေ့တွင် ပုလင်းသေးလေးများ တန်းစီနေ၏။
“အဆင့်တက်ဆေး သုံးပုလင်း၊ အဆင့်အိတ်စ် ကုသခြင်း ဆေးပုလင်း နှစ်ပုလင်း”
“ကောင်းတဲ့ ရလဒ်ပဲ”
ယဲ့ဖန်သည် ဆေးပုလင်း ငါးပုလင်းကိုကြည့်ပြီး ပြုံးလိုက်မိသည်။ ကျုံးကျိုးနယ်မြေ၏ ဆေးများကို စဦးအဆင့်၊ အလယ်အလတ်အဆင့်၊ တန်းမြင့်အဆင့်နှင့် အဆင့်အိတ်စ်ဟူ၍ ခွဲခြားထားသည်။
သာမန်ဆေးဖော်သူများသည် စဦးအဆင့် ဆေးများကိုသာ ဖော်စပ်နိုင်သည်။ သူတို့ အမြင့်ဆုံး ဖော်နိုင်သည့် အဆင့်မှာ အလယ်အလတ်အဆင့်သာ ဖြစ်လေသည်။
ပိုမြင့်သော ဆေးများကို ဖော်စပ်နိုင်ရန် သူတို့သည် တစ်ဘဝလုံး ဆေးပညာ၌ နစ်မြုပ်နေမှသာ ဖြစ်နိုင်ပေမည်။ အဆင့်အိတ်စ် ဆေးများမှာမူ ဖျင်အန်းမြို့ကဲ့သို့ မြို့အသေးလေး၌ ပေါ်လာရန် မဖြစ်နိုင်လုနီးပါးပင်။
ထိုအဆင့်ကို ဆေးပညာရှင်မှသာလျင် ဖော်စပ်ရန် ဖြစ်နိုင်လေသည်။ မြို့သေးလေးမှ ဆေးဖော်သူ မဆိုထားနှင့် ကျုံးကျိုအင်ပါယာ၏ အလယ်ပိုင်းပြည်နယ်တစ်ခုလုံးတွင်ပင် အိတ်စ်အဆင့် ဆေးက ရှားပါးလှသည်။
“ယန်နယ်မြေက ဆေးပစ္စည်းတွေမှာ ယန်စွမ်းအင်တွေ တော်တော်ပါတာပဲ၊ စဦးအဆင့်ကိုတောင် ငရဲဘုံကို ယူသွားရင် ထိပ်တန်းဆေးရည် ဖြစ်နေမှာ”
“ပြီးတော့ ဒီအဆင့်အေနဲ့ အဆင့်အိတ်စ် ဆေးရည်သာဆိုရင် ငရဲဘုံတစ်ခုလုံး ပွက်လောရိုက်သွားလောက်တယ်”
ယဲ့ဖန် သက်ပြင်းချလိုက်မိသည်။ သူ့စိတ်ထဲတွင် အခွင့်ကြုံလာပါက ယန်နယ်မြေမှ ရတနာများကိုသယ်၍ ငရဲဘုံသို့ ယူသွားရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ သို့သော် ထိုသို့ဖြစ်လာရန် အလှမ်းဝေးနေသေး၏။
သူသည် ဆေးပုလင်း ငါးပုလင်းကို ချက်ချင်းသိမ်း၍ ဆေးဖော်ခန်းထဲမှ ထွက်လာခဲ့သည်။ သို့သော် ထိုစားပွဲပေါ်၌ အဆင့်အိတ် ဆေးရည်တစ်ချို့ ဖိတ်နေခဲ့သည်ကို ယဲ့ဖန် သတိမထားမိချေ။ ထိုဆေးရည်မှ ခပ်ဖျော့ဖျော့ အနံ့တစ်မိုး ပျံ့လွင့်လာ၏။

တစ်ချိန်တည်းမှာပင် ကိုယ်ပိုင် အာကာသယာဉ်တစ်စီးက ဆေးဝါးသုတေသနဌာန အဆောက်အဦးရှေ့သို့ ရပ်လာ၏။ တံခါးပွင့်လာပြီးနောက် တုန်လှုပ်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များ ထွက်လာသည်။
ဦးဆောင်လာသောသူမှာ လူလတ်ပိုင်းအရွယ် အမျိုးသား ဖြစ်သည်။ သူ၏ကိုယ်တွင်းမှ ယန်စွမ်းအင်သည် ကြောက်စရာကောင်းလောက်အောင် ပူလောင်လှပြီး သာမန်လူများသည် သူ၏ အရှိန်အဝါနှင့် ရင်ဆိုင်ရရုံနှင့်တင် ကြောက်လန့်သွားကြသည်။
အထူးသဖြင့် သူ၏မျက်လုံးထောင့်မှ ရက်စက်သော အငွေ့အသက်များ ဖြတ်ပြေးသွားသည်။ တစ်ချက်ကြည့်ရုံနှင့် မျက်တောင်မခတ်ဘဲ လူသတ်နိုင်သည့် ရက်စက်သော လူမျိုးဖြစ်ကြောင်း သိသာလှသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသာမက သူ့အနောက်မှ အနက်ရောင်ဝတ်စုံနှင့် လူများသည် အလောင်းတောင် ထဲမှ ထွက်လာသောလူများ ထင်မှတ်ရပြီး ကြောက်စရာကောင်းလှသည်။
လက်ရှိတွင် လူလတ်ပိုင်းအရွယ် အမျိုးသားက အဘိုးအိုတစ်ယောက်ကို တလေးတစား ပြောနေ၏။
“အဘိုးခုန်၊ ဒီတစ်ခါလည်း ကျုပ် ခင်ဗျားကို ဒုက္ခပေးရဦးမယ်၊ ကျုပ်အမေအတွက် ဆေးစပ်ပေးပါဦး”
အဘိုးအိုသည် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားထက် အတော်လေး အသက်ပိုကြီးသည်။ သူ့အား ဖျင်အန်းမြို့မှ လူများက အဘိုးခုန်ဟု တလေးတစား ခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဖျင်အန်းမြို့၌ အဆင့်မြင့် ဆေးဝါး ဖော်စပ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သောကြောင့်ပင်။ ထို့အပြင် အဘိုးခုန်သည် ဤဆေးဝါးသုတေသန အဆောက်အဦး၏ ပိုင်ရှင်လည်း ဖြစ်ပေသည်။
“ကင်းမြီးကောက်၊ မင်း ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး၊ ငါနဲ့ မင်းအမေက မိတ်ဆွကောင်းတွေပဲလေ၊ သူ့အတွက် ဆေးစပ်ပေးတာ လုပ်သင့်တဲ့ကိစ္စပဲ”
အဘိုးခုန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။ ဤလူလတ်ပိုင်းအရွယ် အမျိုးသားက ဖျင်အန်းမြို့မှ ရေတိမ်ခရိုင်၏ မြေအောက်ဘုရင်ဖြစ်ကြောင်း သူ သိလေသည်။
မြေအောက်လောက၏ အရှင်သခင်တစ်ပါးဖြစ်ပြီး နာမည်ပြောင်မှာ ကင်းမြီးကောက် လူသတ်သမားဟု ဖြစ်သည်။
အစပိုင်း၌ သူသည် လူငယ်အရွယ်လေးနှင့် ရာချီသော ပြိုင်ဘက်များကို တစ်ဆင့်ချင်း သတ်ဖြတ်ခဲ့ပြီးနောက် ရေတိမ်ခရိုင်၏ ဘုရင်နေရာသို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။ အလွန် ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။
သို့သော် ကင်းမြီးကောက် လူသတ်သမားသည် အပြင်လူများအပေါ် အလွန် ရက်စက်သော်လည်း မိသားစု အပေါ်၌ အလွန် နွေးထွေးမှန်း အဘိုးခုန် သိထားလေသည်။ သူ၏အမေအတွက် ဆေးရရန် မနားတမ်း ကြိုးစားနေသူ ဖြစ်သည်။
ဤသည်ကို တွေးတောပြီးနောက် အဘိုးခုန်က သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။
“ကင်းမြီးကောက် ငါ အခု ဖော်စပ်နိုင်တဲ့ တန်းမြင့် ကုသခြင်းဆေးရည်က မင်းအမေအပေါ် သက်ရောက်မှု နည်းနည်းပဲ ရှိတယ်”
“မင်းအမေ လုံးဝ ပျောက်ကင်းသွားဖို့အတွက် အဆင့်အိတ်စ် ကုသခြင်းဆေးရည် ရဖို့ နည်းလမ်းရှာမှ ဖြစ်မယ်”
*အဆင့်အိတ်စ် ကုသခြင်း ဆေးရည်*
ထိုစကားကိုကြားပြီး ကင်းမြီးကောက် လူသတ်သမား မချိပြုံး ပြုံးလိုက်မိသည်။ ဘာကြောင့်မှန်း မသိသော်လည်း ဆေးပညာရှင်သာ ဖော်စပ်နိုင်သော ထိုဆေးမျိုးက ဈေးကွက်၌ လုံးဝ ရှိမနေပေ။ ပိုက်ဆံ မည်မျှပုံပေးပေး မဝယ်နိုင်ချေ။
စကားတပြောပြောနှင့် နှစ်ယောက်သား ဆေးဝါးသုတေသန ခန်းမထဲသို့ လျှောက်လာသည်။ ထိုစဉ် ဓာတ်လှေကားထဲမှ လူငယ်တစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် ကင်းမြီးကောက် လူသတ်သမား မှင်တက်သွားရသည်။
“အဘိုးခုန်၊ ဒီမှာ ဒီလောက်ငယ်တဲ့ ဆေးဖော်သူ ရှိတာလား”
ဓာတ်လှေကားထဲမှ ထွက်လာသော ဤလူငယ်လေးသည် ဆေးဖော်ခန်းထဲမှ ထွက်လာခြင်း သိသာလှသည်။ ဆေးဖော်သူသာလျင် ဆေးဖော်ခန်းသို့ သွားကြသည် မဟုတ်ပါတကား။ သူသည်သာမက အဘိုးခုန်သည်လည်း တစ်ခဏမျှ မှင်တက်သွားပြီးနောက် ခေါင်းခါပြလိုက်သည်။
“မဟုတ်ဘူး၊ ဌာနက ဆေးဖော်သူအားလုံးကို ငါ သိတယ်”
“သူ့လိုလူမျိုး မရှိပါဘူး”
သူ့စကားကြောင့် ကင်းမြီးကောက် လူသတ်သမား ခေါင်းညိတ်လိုက်ပြီးနောက် ယဲ့ဖန်၏ မျက်နှာကို သေချာ မှတ်ထားလိုက်သည်။ ထိုစဉ် ဧည့်ကြိုမိန်းကလေးက အဘိုးခုန်နှင့် အခြားသူများကိုမြင်ပြီး အလျင်အမြန် မတ်တပ် ထရပ်လေသည်။
“အဘိုးခုန်၊ ဆေးဖော်ချင်လို့ပါလား”
အဘိုးခုန်က ခေါင်းညိတ်လိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ခုနက လူငယ်လေးက ဘာဖြစ်တာလဲ၊ သူက ဆေးဖော်သူပဲလား”
ဧည့်ကြိုမိန်းကလေး အံ့ဩသွားသည်။ ထို့နောက် ယဲ့ဖန်၏ နောက်ကျောကို လှမ်းမြင်ပြီး အထင်သေးစွာဖြင့် ပြန်ပြောလေသည်။
“အဘိုးခုန်၊ အဲ့လူက ဘယ်လိုလုပ် ဆေးဖော်သူ ဖြစ်နိုင်မှာလဲ၊ သူက ဆေးဖော်ဖို့ လာလေ့ကျင့်တာပဲ ဖြစ်မှာပါ”
“ပိုက်ဆံ ရှစ်ထောင်ဖြုန်းပြီး ခြောက်နာရီစာ အခန်းငှားသွားတယ်လေ၊ အခု သုံးနာရီတောင် မရှိသေးဘူး၊ ပိုက်ဆံတော့ အလကား ဖြစ်သွားပြီ”
ထိုစကားကြောင့် အဘိုးခုန်နှင့် ကင်းမြီးကောက် လူသတ်သမား ထပ်ဂရုမစိုက်တော့ချေ။
“အင်း … ခုနက သူသုံးသွားတဲ့အခန်းကိုပဲ ငါ့ကိုပေးတော့”
အဘိုးခုန်က ဧည့်ကြိုမိန်းကလေးကို ပြန်ပြောလိုက်သည်။ သူ့စကားကြောင့် ဧည့်ကြိုမိန်းကလေးက ချက်ချင်း အခန်းတံခါး ဖွင့်လိုက်ပြီး အဘိုးခုန် လိုအပ်သော ဆေးပစ္စည်းများကို ပြင်ဆင်ပေးလိုက်ပြီး အခန်းကဒ်ကို လှမ်းပေးလေသည်။
“အဘိုးခုန် ဒီမှာပါ ဆေးဖော်ခန်း နံပါတ် ၂၄၀၄ရဲ့ အခန်းကဒ်ပါ”
အခန်းကဒ်ကို ရပြီးသည်နှင့် အဘိုးခုန်နှင့် ကင်းမြီးကောက် လူသတ်သမားတို့က ဓာတ်လှေကားထံသို့ လျှောက်သွားလိုက်သည်။
လူတိုင်း အပေါ်ထပ်သို့ ရောက်သွားသည်နှင့် နံပါတ် ၂၄၀၄၏ တံခါးကို ဖွင့်လိုက်သည်။ အခန်းတံခါး ပွင့်သွားသည်နှင့် ဆေးနံ့က နှာခေါင်းတွင်းသို့ တိုးဝင်လာ၏။ ထိုအနံ့ကြောင့် အဘိုးခုန်နှင့် ကင်းမြီးကောက် လူသတ်သမားတို့ တစ်ဒင်္ဂမျှ အံ့ဩသွားကြသည်။
“မွှေးလိုက်တဲ့အနံ့”
“ဒါ ဆေးရဲ့အနံ့ ထင်တယ်”
ကင်းမြီးကောက် လူသတ်သမား မသေမချာ ဖြစ်နေသည်။
*ဒီအခန်းက ခုနက လူငယ်လေး ထွက်သွားတဲ့ အခန်း မဟုတ်လား*
*သူ ဆေးဖော်တာ အောင်မြင်သွားတာလား*
ကင်းမြီးကောက် လူသတ်သမား မယုံနိုင်သောကြောင့် ခေါင်းခါလိုက်မိသည်။ တစ်ဖက်လူက အလွန် ငယ်သေးသဖြင့် မည်သို့ ဆေးဖော်နိုင်မည်နည်း။
ထိုစဉ် ဘေးနားမှ အဘိုးခုန်က သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ တုန်ယင်သွားသည်။ အဘိုးခုန်က ဆေးဖော်သည့် စားပွဲသို့ အပြေးသွားလိုက်သည်။ သူ၏မျက်လုံးများက စားပွဲပေါ်၌ ဖိတ်နေသော ဆေးရည်များကို ကြည့်ပြီး ပြူးကျယ်လာ၏။
“ဒါ … ဒါ အဆင့်အိတ်စ် ကုသခြင်း ဆေးရည်ပဲ”
ထိုစကားကြောင့် ကင်းမြီးကောက် လူသတ်သမားနှင့် သူ့လူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
* အဆင့်အိတ်စ် ကုသခြင်း ဆေးရည်လား*
သူတို့ နှစ်ပေါင်းများစွာ လိုက်ရှာခဲ့သော်လည်း မရခဲ့သော ဆေးရည်က ယခု လက်ကျန် ကျန်နေခဲ့သည်တဲ့လား။
*ဟိုလူငယ်လေး … ဖော်စပ်တာများလား*
ထိုအခိုက်တွင် ကင်းမြီးကောက် လူသတ်သမား တွေဝေနေမိသည်။
“မြန်မြန်၊ အဲ့လူငယ်လေးကို မြန်မြန် ပြန်ခေါ်လာခဲ့၊ သူ … သူက ဆေးပညာရှင်ပဲ၊ မင်းအမေကို သူ ကယ်နိုင်တယ်”
အဘိုးခုန်က ကင်းမြီးကောက် လူသတ်သမားကို အော်၍ သတိပေးလိုက်သည်။ ထိုအခါ ကင်းမြီးကောက် လူသတ်သမားသည် နီရဲနေသော မျက်လုံးများဖြင့် နောက်လှည့်၍ သူ့လူများကိုခေါ်၍ အောက်ထပ်သို့ ပြေးဆင်း သွားသည်။
ထိုအခိုက်တွင် ဧည့်ကြိုမိန်းကလေးသည် သီချင်းနားထောင်၍ နေနေ၏။ ထိုစဉ် သားရဲကဲ့သို့သော လူများက သူမထံသို့ ပြေးလာကြသဖြင့် အံ့ဩသွားရသည်။
သူမ လှည့်ကြည့်လိုက်သောအခါ ကင်းမြီးကောက် လူသတ်သမား ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့် သွားလေသည်။
“ကင်းမြီးကောက် … ကင်းမြီးကောက် လူကြီးမင်း၊ ရှင် …”
ဧည့်ကြိုမိန်းကလေး ပြော၍မပြီးသေးခင်မှာပင် ကင်းမြီးကောက် လူသတ်သမားက သူ့အင်္ကျီစကိုဆွဲ၍ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ခုနက ထွက်သွားတဲ့ လူငယ်လေးက နာမည် ဘယ်လိုခေါ်လဲ ငါ့ကိုပြောစမ်း၊ ဆက်သွယ်လို့ ရမယ့် သတင်းအချက်အလက်ကော ရှိလား၊ လိပ်စာကရော”
ဧည့်ကြိုမိန်းကလေး ပဟေဠိ ဖြစ်လာ၏။ ကင်းမြီးကောက် လူသတ်သမား၏ စိုးရိမ်မှုကို ခံစားမိသဖြင့် ဧည့်ကြို မိန်းကလေးက ဖြူရော်နေသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန် … ကျွန်မ မသိဘူး၊ သူ … သူ အဲ့တုန်းက စာရင်းမသွင်းသွားဘူး”
*ဘာ*
*စာရင်းမသွင်းသွားဘူးတဲ့လား*
သူမစကားကြောင့် ကင်းမြီးကောက် လူသတ်သမား မျက်နှာပျက်သွားရသည်။
“ကင်းမြီးကောက် လူကြီးမင်း၊ ဘာဖြစ်တာလဲ … ဘာဖြစ်လို့လဲ”
ဧည့်ကြိုမိန်းကလေးသည် ယဲ့ဖန်က ကင်းမြီးကောက် လူသတ်သမား၏ ရန်သူ ဖြစ်နိုင်သည်ဟု တွေးမိပြီး ယဲ့ဖန်အတွက် သုံးမိနစ်မျှ ဝမ်းနည်းပူဆွေးပေးလိုက်သည်။ ကင်းမြီးကောက် လူသတ်သမား ဆက်ပြောလာသော စကားကြောင့် သူမ တွေဝေသွားရသည်။
“အဲ့လူငယ်လေးက ဆေးပညာရှင်ပဲ”
ထိုစကားကြောင့် ဧည့်ကြိုမိန်းကလေး မှင်တက်သွားရသည်။
*ဆေးပညာရှင်တဲ့လား*
*ဖျင်အန်းတစ်မြို့လုံးမှာ အဲ့လိုလူ တစ်ယောက်တောင် မရှိတာ*
*မြင့်မြတ်တဲ့ ဆေးပညာရှင်က ငါ အထင်သေးပြီး ပိုက်ဆံလာဖြုန်းတယ်လို့ ထင်ခဲ့မိတဲ့ အရူး ဖြစ်နေတာလား*
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now