Chapter 1189

347 41 0
                                    

စာစဉ် 80 Chapter 1189 ငါတို့ နတ်ဆိုးဖြစ်ချင်တယ်

လီဟွမ်ရီ မယုံနိုင်ပါ။ သူ အစောပိုင်းလေးတင် တောင်ပေါ်၌ ယဲ့ဖန်ကို သေချာ မြင်ခဲ့သည်။ ဘယ်လိုလုပ် သူက တောင်အောက်ကို ချက်ချင်း ရောက်နေရသနည်း။

*သူက ငါ့ထက် ပိုမြန်နေတာလား*

*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*

တစ်ခဏအတွင်းမှာပင် လီဟွမ်ရီ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသောကြောင့် ခေါင်းမွေးထောင်လာရသည်။ သူ တုန်ယင်စွာ မေးလိုက်မိသည်။

"မင်း ... မင်းက နဂါးအသွင်ပြောင်ခြင်းအဆင့် ရောက်နေတာလား"

ထိုအကြောင်းအရာ တစ်ခုတည်းသာ ဖြစ်နိုင်ပေသည်။ နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေသူသာလျင် ဤမျှ ကြောက်စရာကောင်းသော ခွန်အားနှင့် သူမတူသော လျင်မြန်မှုမျိုး ရှိနိုင်၏။ သို့သော် ယဲ့ဖန်က သရော်သော အပြုံးမျိုး ပြုံးလာသည်။

"နဂါးအသွင်ပြောင်းခြင်းအဆင့် ဟုတ်လား၊ ငါ့အတွက် ပုရွက်ဆိတ်အဆင့်လောက်ပဲ ရှိတယ်"

လီဟွမ်ရီ၏ မျက်နှာတွင် မယုံနိုင်ဟန်များဖြင့် ပြည့်နှက်လာသည်။

*ဒီကောင် ဘာပြောလိုက်တာလဲ*

*နဂါးအသွင်ပြောင်းခြင်းအဆင့်က ပုရွက်ဆိတ်လိုအဆင့် ဟုတ်လား*

*ဒါဆို သူ့အဆင့်က နဂါးအသွင်ပြောင်းခြင်းအဆင့်ထက် မြင့်နေတာလား*

*ပြေးလို့မရတော့ဘူးပဲ*

လီဟွမ်ရီတစ်ယောက် သူ ပြေးမလွတ်တော့ကြောင်း တပ်အပ် သိလိုက်သည်။ သူ့အဆင့်လေးနှင့် နဂါးအသွင် ပြောင်းခြင်း အဆင့်ထက် သာနေသော နတ်ဆိုးတစ်ကောင်၏ လက်ထဲမှ မည်သို့ ပြေးနိုင်ပါမည်နည်း။ လီဟွမ်ရီ အောင့်သက်သက် ပြုံးလိုက်မိသည်။

"ငါ မင်းနဲ့ မိတ်ဆွေ ဖြစ်ခဲ့သင့်တာ"

လီဟွမ်ရီ နောင်တရနေသည်။ သူ၏ အမြင်ကျဉ်းမှုကြောင့် သူ၏ ကောင်းမွန်လာမည့် အနာဂတ်ကို ဖျက်ဆီး ခဲ့မိသည်။ ယဲ့ဖန်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက သူ့အား သမိုင်းတွင်အောင် လုပ်နိုင်ပေသည်။

ငရဲမှလာသောသူ (Chapter 1001-1200)जहाँ कहानियाँ रहती हैं। अभी खोजें