Chapter 1151

341 42 0
                                    

စာစဉ် 77 Chapter 1151 ကိုယ့်အသားကိုယ် ပြန်စားကြည့်လေ

“ဂျွတ်”
အရိုးကျိုးသံနှင့်အတူ မျက်ခုံးမွေး ဖြူနေသော အဘိုးအို၏ ဦးခေါင်းသည် ချက်ချင်း ကျိုးပဲ့သွားလေသည်။ သူ့တစ်ကိုယ်လုံး အေးစက် တောင့်တင်းသွားရသည်။ မျက်လုံးများပင် သွေးရောင်လွှမ်းနေ၏။
လက်ရှိအချိန်၌ သူ့ခန္ဓာကိုယ်သည် နေရာမှာတင် အေးခဲနေပြီး တစ်လက်မလေးမျှ လှုပ်ရှား၍ မရပေ။ သူ့မျက်နှာ၌ မယုံနိုင်ဟန်များနှင့် ကြောက်လန့်ဟန်များ စွန်းထင်းနေသည်။
*တစ်ချက်တည်း၊ တကယ်ကို တစ်ချက်တည်းပဲ*
*ငါ ဒီလောက် ပြင်ဆင်ထားတာကို ဘာလို့ ရလဒ်က အတူတူပဲ ဖြစ်နေရတာလဲ*
သူ့မျက်နှာ၌ ကြောက်စိတ်များ ထင်ဟပ်နေပြီး သေဆုံးချိန်အထိ ယဲ့ဖန်ထံတွင် ချက်ချင်း အသတ်ခံရလိမ့်မည်ဟု ယုံကြည်ထားပုံ ရသည်။
“ဘုန်း”
သူ၏ ခန္ဓာကိုယ် မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျသွားချိန်တွင် ကြည့်နေသော ဘေးလူများအားလုံး တိတ်ဆိတ် သွားကြသည်။ လူတိုင်း အံ့အားသင့်နေပြီး အသံပင် မထွက်နိုင်ချေ။
*လူဆယ်ယောက်ကျော် ဝိုင်းထားတဲ့ကြားထဲက တစ်ယောက် အသတ်ခံလိုက်ရတာလား*
*ပြီးတော့ အဲ့ဒါကလည်း တစ်ချက်တည်းနဲ့*
*မိစ္ဆာကောင်*
*ဒီကောင်က လုံးဝ မိစ္ဆာကောင်ပဲ*
*ဖြစ်သွားတာတွေက မြန်လွန်းတယ်*
သူတို့အားလုံး တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ မျက်ခုံးမွေး ဖြူနေသော အဘိုးအို နေရာမှာတင် သေသွားသည်ကိုသာ ကြည့်လိုက်ရသည်။
“သောက်မျိုးမစစ်ကောင်”
ချိုက်ဟွာလန်နှင့် အခြားသူများ အလွန် ဒေါသထွက်သွားလေသည်။ သူတို့ လူဆယ်ယောက်ကျော် ဝိုင်းထားသည့် ကြားထဲမှ သူတို့လူတစ်ယောက် သေသွားသဖြင့် အရှက်ကွဲခြင်းပင် ဖြစ်သည်။
“ရွှစ်”
အနက်ရောင်ဝတ်စုံနှင့်လူက ယဲ့ဖန်ထံ ပြေးဝင်လာ၏။ သူ့ထံမှ မြေကြီးထဲမှ တိုးထွက်လာသော ဖုတ်ကောင်ကဲ့သို့ အပုပ်နံ့ ထွက်ပေါ်နေသည်။
သူသည် လက်ဝါးကိုဖြန့်၍ ယဲ့ဖန်၏ မျက်နှာကို ဆွဲအုပ်ကာ မျက်နှာ အရေပြားကို ဆွဲဖြဲချင်နေပုံရသည်။
“ဟေ့ကောင် ငရဲကို သွားလိုက်တော့”
သူသည် ဆိုးယုတ်ဖွယ် ပြုံးရယ်နေ၏။
“ငရဲလား၊ ရောက်နေပြီးသားလေ ကိုယ့်လူ”
ယဲ့ဖန်၏မျက်လုံးများက ရက်စက်မှုကြောင့် တလက်လက် တောက်နေပြီး လူများကို ဝါးမျိုသတ်ဖြတ်ရန် မစောင့်နိုင်သည့် နတ်ဆိုးအလား ကြောက်စရာ ကောင်းနေလေသည်။
သူသည်လည်း လက်တစ်ဖက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ အနက်ရောင်ဝတ်စုံနှင့်လူ၏ လက်နှင့် သူ့လက်တို့ ထိပ်တိုက် တွေ့ဆုံသွားသည်။
“အား …”
ချက်ချင်းဆိုသလိုပင် အော်သံတစ်သံ ထွက်ပေါ်လာ၏။ အနက်ရောင်ဝတ်စုံနှင့် လူ၏ လက်ငါးချောင်းလုံ လိမ်ပိန်၍ ကျိုးကြေနေသည်။ သူ ကြောက်လန့်၍ စိတ်ဓာတ်ကျသွားသည်။
သူ့လက်၌ အလွန် ပြင်းထန်သော အဆိပ်ရှိပြီး လောကမှ အရာအားလုံးကို ပုပ်သိုးအောင် လုပ်နိုင်သော်လည်း ယဲ့ဖန်၏ လက်၌ မည်သည့် အကျိုးသက်ရောက်မှုမှ မရှိချေ။
ယဲ့ဖန်၏ လက်ဝါး၌ သူ နားမလည်နိုင်သော ခွန်အားတစ်မျိုး ပါဝင်နေပုံရပြီး အလွန်အမင်း ကြောက်စရာ ကောင်းလှပြီး ချက်ချင်း သူ့လက်ဝါးချက်ကို အနိုင်ယူနိုင်နေသည်။
*ထွက်ပြေးရမယ်*
သူ့စိတ်ထဲတွင် ထိုအတွေးသာ ထွက်ပေါ်လာသည်။ ခေါင်းဆခြေဆုံး ထိတ်လန့်စိတ်ကြောင့် ကြက်သီးထကာ နောက်သို့ ဆယ်မီတာ ဆုတ်လိုက်သည်။ ယဲ့ဖန်နှင့် လုံခြုံသော အရပ်သို့ ရှောင်တိမ်းလိုက်ခြင်းပင်။
ထိုအခါတွင်မှ အနက်ရောင်ဝတ်စုံနှင့်လူ စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။ သို့သော် တစ်ခဏအတွင်း သူ့အမူအရာက အေးခဲသွားသည်။
အဘယ်ကြောင့်ဆိုသော် မလှမ်းမကမ်းမှ ယဲ့ဖန်သည် လက်ပြတ်တစ်ခုကိုကိုင်၍ မချိုမချဉ်ပြုံးနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ သူ့ညာလက်ကို သူ ပြန်ကြည့်လိုက်မိသည်။
“အား …”
ထိုအော်သံက ပို၍ သွေးပျက်ကာ နာကျင်လျသည်။
“မင်းတို့အားလုံး သေရလိမ့်မယ်”
“မင်းတို့အားလုံး သေကိုသေရမယ်”
ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းတိုးလာပြီး သူ၏ စွမ်းအင်က ချက်ချင်း တိုးပွားလာကာ လောကတစ်ခုလုံး အရောင် ပြောင်းလာရသည်။ ယဲ့ဖန်၏ အနောက်၌ ငရဲတံခါး ပွင့်လာပြီး ဤအကြီးအကဲများအား လက်ယက်ခေါ်နေသည်ဟု ထင်မှတ်မှားရလေသည်။ သူတို့၏ အမြင်တွင် ယဲ့ဖန်က သူတို့ကို သေသည်အထိ နှိပ်စက်ရန် ပြင်ထားသည်ဟု ထင်သွားသည်။
“မဟုတ်ဘူး … မဟုတ်ဘူး”
အနက်ရောင်ဝတ်စုံနှင့်လူသည် အသိပြန်ဝင်လာပုံရပြီး ချက်ချင်း မျက်နှာ ဖြူရော်လာပြီး တောင်းပန်လေ တော့သည်။
ဂျွတ်!
သူ၏ ဘယ်လက်တစ်ခုလုံး ပြတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာ၏။ အနက်ရောင်ဝတ်စုံနှင့်လူ နာကျင် နေလေသည်။ ပြင်းထန်လှသော ဝေဒနာက ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့လာသဖြင့် ငယ်သံပါအောင် အော်ဟစ်နေရသည်။
သူ ဒေါသထွက်ကာ စိတ်ပျက်နေ၏။ သူ သားကောင်သဖွယ် နှိပ်စက်ခံနေရသည်ကို လက်မခံနိုင် ဖြစ်နေလေသည်။
“မိစ္ဆာပေါက်စလေးပါလား၊ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ရက်စက်ကြမ်းကြုတ်နေတာ၊ ငါ မင်းကို အရှင် မထားနိုင်တော့ဘူး၊ ဒီဘုန်းကြီးက မင်းကို တမလွန်လမ်းကို ပို့ပေးမယ်”
ရုတ်တရက် လူသားစား ဘုန်းကြီးက ယဲ့ဖန်အနောက်မှ ပေါ်လာသည်။ သူ၏တစ်ကိုယ်လုံးက နက်မှောင်နေပြီး မျက်နှာထားက အန္တရာယ် များလှသည်။ သူသည် အလောင်းတောင်ထဲမှ တိုးထွက်လာသော သရဲတစ္ဆေလိုပင်။
သူ၏ လှုပ်ရှားမှုက လျှပ်စီးကဲ့သို့ လျင်မြန်၍ နတ်ဆိုးသဖွယ် ကြမ်းကြုတ်လှသည်။ သူ၏ အပြင်းထန်ဆုံး သိုင်းကွက်ဖြင့် တစ်ခါတည်း သတ်ပစ်ရန် ကြံစည်ထားခြင်း ဖြစ်လေသည်။
“ဖျက်ဆီးခြင်း အရဟာ လက်သီး”
အလေးချိန် အောင်စတစ်ထောင် ပါသော လက်သီးဖြင့် ယဲ့ဖန်၏ နဖူးကို ဒေါသတကြီး ထိုးနှက်လိုက်သည်။ ထိုလက်သီးချက်အောက်၌ ယွင်ရင်တောင်တစ်ခုလုံး ပြိုကျမတတ် တုန်ခါလာသည်။
ဤသည်ကိုကြည့်ပြီး အခြားသူများအားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။ လူသားစား ဘုန်းကြီး ထုတ်ဖော်သော အရဟာ လက်သီးနှင့်ဆိုလျင် ယဲ့ဖန် မည်မျှ သန်မာပါစေ မလွတ်မြောက်နိုင်ပါ။
ဝုန်း!
လူတိုင်း အားရပါးရ ရယ်မောကြသည်။ ထိုလက်သီးချက်က ယဲ့ဖန်၏ ဦးခေါင်းကို ပေါက်ကွဲသွားစေရန် လုံလောက် ပေသည်။
သို့သော် သူတို့ ရှေ့ဆက်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ အသက်ပင် ရှူရန် မေ့နေကြလေသည်။ ယွင်ရင်တောင်တစ်ခုလုံး တိတ်ဆိတ်နေ၏။
ယဲ့ဖန်သည် လူသားစား ဘုန်းကြီးအား ကျောပေးထားဆဲ ဖြစ်ပြီး သူ့လက်ဖြင့် ဘုန်းကြီး၏ လက်သီးကို ဖမ်းထားလေသည်။ သူ့ခေါင်းနားတွင် ဖုန်မှုန့်များ ထနေသောကြောင့် လက်သီးချက်က သူ့လက်ကို တကယ် ထိသွားကြောင်း ပြသနေသည်။ သို့သော် ယဲ့ဖန်က လဲမကျသွားချေ။
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
ယဲ့ဖန်က လူသားစား ဘုန်းကြီးကို လွှတ်ပေးလိုက်ပြီး နောက်လှည့်၍ လူသားစား ဘုန်းကြီးကို ကြည့်လေသည်။
“ဖျက်ဆီးခြင်း အရဟာ လက်သီးက ဒီလောက်ပဲလား”
လူသားစား ဘုန်းကြီးသည် သူ့အား ပြင်းထန်သော ဖိအားတစ်ခု ကျရောက်လာသည်ကို သတိထားမိပြီး အသက်ပင် မရှူနိုင်အောင် ဖြစ်သွားရသည်။
သူ ထွက်ပြေးရန် ပြင်သော်လည်း ယဲ့ဖန်၏ ကြောက်စရာကောင်းလောက်အောင် သုန်မှုန်နေသော မျက်နှာက သူ့မျက်စိရှေ့သို့ ပေါ်လာသည်။
“ဒုန်း”
သူ့နှလုံးသား ဆွဲထုတ်ခံလိုက်ရပြီး သွေးတတောက်တောက် ကျနေသည်။ ထိုစဉ် ယဲ့ဖန်က ခုန်နေသေးသော နှလုံးအား လူသားစား ဘုန်းကြီး၏ ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။
“ခင်ဗျား လူသားစားရတာ သဘောကျတယ်မလား၊ အခု ကိုယ့်အသားကိုယ် ပြန်စားကြည့်လေ”
ထိုအသံသည် ငရဲမှ ထွက်ပေါ်လာသော အသံလိုပင်။ လူတိုင်း ကြက်သီးမွေးညင်း ထသွားရသည်။
*ကိုယ့်ဘာသာကိုယ် ပြန်စားကြည့်တဲ့လား၊ ဒါ လူသားစားတာထက်တောင် ဆယ်ဆ ပိုရက်စက်သေးတယ်*
*နတ်ဆိုး*
*ဒီလူက တကယ့် နတ်ဆိုးပဲ*
“မဟုတ်ဘူး ဒီလို ဖြစ်သင့်တာ မဟုတ်ဘူး၊ ဒီလူက သူ့ခွန်အားကို ဖုံးထားတာ ဖြစ်မယ်၊ ပြေး … ဝေးဝေးပြေး”
အခြားအကြီးအကဲများ သတိဝင်လာပြီး အရပ်မျက်နှာအနှံ့သို့ အရူးအမူး ပျံသန်း ထွက်ပြေးကြလေသည်။ ဤမကောင်းဆိုးဝါးနှင့် ဝေးနိုင်သမျှ မြန်မြန် ဝေးရန် ကြိုးစားနေကြသည်။
“ဒီနေ့ ဘယ်သူမှ ပြေးမလွတ်ဘူး”
ယဲ့ဖန်က အေးစက်စွာ ကြိမ်းမောင်း၍ သရဲတစ္ဆေသဖွယ် လျင်မြန်စွာ လှုပ်ရှားကာ လက်များကို စုံချည်ဆန်ချည် လှုပ်ကာ သတ်ဖြတ်လေတော့သည်။
ကောင်းကင်ယံမှ သွေးများ ဆက်တိုက် ပန်းထွက်လာ၏။ လေထဲမှ အလောင်းများ တစ်လောင်းပြီးတစ်လောင်း ဖက်ထုပ်သဖွယ် ပြုတ်ကျလာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အကြီးအကဲ ဆယ်ယောက်ကျော် အသတ်ခံလိုက်ရပြီး မည်သူမှ အသက်မရှင် တော့ချေ။
ဟွိုင်အန်းတောင်တစ်ခုလုံး အသက်ရှူသံပင် မကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။ လူတိုင်း၏ ရင်ထဲ၌ သွေးပျက်သော ခံစားချက်များ ဖြစ်ပေါ်လာ၏။
ယဲ့ယွင်ထျန်းတောင်မှ မနေနိုင်ဘဲ အံ့အားသင့်သွားရသည်။ ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန်၏ အကြည့်က ယဲ့ယွင်ထျန်းထံ ကျ‌ရောက်လာလေသည်။ သူ့အကြည့်က ပြိုင်ဘက်ကင်းသော သားရဲတစ်ကောင်၏ အကြည့်ကဲ့သို့ ရက်စက်ကာ သွေးဆာလွန်းလှသည်.
“ယဲ့ယွင်ထျန်း ဆင်းလာပြီး အသေခံစမ်း”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now