Chapter 1190

380 49 2
                                    

စာစဉ် 80 Chapter 1190 ထန်မိသားစုက သေခြင်းရှင်ခြင်း တိုက်ပွဲကို ဆင်နွှဲမယ်

*ယဲ့ဘုရင်က ယဲ့ဖန်*

*တကယ်ပဲ သူ ဖြစ်နေတာပဲ*

လက်ရှိတွင် ထန်ယွင်အာ၏ စကားကို နားထောင်ပြီးနောက် ထိုသူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မျက်ရည်များ စီးကျလာလေသည်။

*သူ လာပြီ*

*နတ်ဆိုးဧကရာဇ် ဒီလောကကို နောက်ဆုံးတော့ ရောက်လာပြီပဲ*

"သခင်ကြီး ခင်ဗျား ရောက်လာလိမ့်မယ်လို့ ကျုပ် သိပြီးသားပါ၊ ဟားဟားဟား ... လောကကြီး ခင်ဗျား မြင်ပြီလား၊ ခင်ဗျားတို့ အိပ်မက်ဆိုးက ... ဒီရောက်လာပြီ"

ထိုစဉ် စိတ်ဓာတ်ကျနေသော ထိုလူသည် အားပါးတရ ရယ်မောလေသည်။ သူ့အမူအရာ၌ အလွန် မျှော်လင့် စောင့်ဆိုင်းနေဟန်များ ပေါ်လွင်နေသည်။ သူ ရယ်မောပြီးရင်း ရယ်မောနေသလို မျက်ရည်များလည်း စီးကျနေသည်။

ငရဲဘုံ စကြဝဠာတွင်းမှ တုနှိုင်းမဲ့သော ပုဂ္ဂိုလ်ကို သူ ပြန်မြင်ယောင်လာသည်။ နတ်ဆိုးများကို တဖြည်းဖြည်း မြင့်မားလာအောင် ဦးဆောင် ခေါ်ဆောင်သွားခဲ့သူက ထိုပုဂ္ဂိုလ်ပင်။ နတ်ဆိုးများအား စကြဝဠာအား စိုးမိုးအောင် လုပ်ပေးခဲ့သူက ထိုပုဂ္ဂိုလ်ပင်။

အတိတ်က ဂုဏ်ရောင်ဂုဏ်ဝါ တောက်ပခဲ့သော နှစ်များကို ပြန်တွေးမိပြီး ထိုလူသည် ကောင်းကင်ယံကို မော့ကြည့်ကာ ဒူးတစ်ဖက်‌ထောက်၍ ရင်ဘတ်ပေါ် လက်တင်ကာ စိတ်အားထက်သန်မှု အပြည့်ဖြင့် ကြွေးကြော် လေသည်။

"နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် ထာဝရ အသက်ရှည်ပါစေ"

"ယန်နယ်မြေကို ရောက်လာတဲ့ သခင်ကြီးကို လုံရှာ ကြိုဆိုပါတယ်"

ဤသည်ကိုကြည့်ပြီး ထန်ယွင်အာ အလွန်အမင်း ထိတ်လန့်သွားသည်။ သူမရှေ့မှ လူက ယဲ့ဖန်ကို လေးစား ရိုသေခြင်း ဖြစ်ကြောင်း သူမ သေချာ ခံစားမိနေ၏။ ထိုသူ၏ စိတ်အားထက်ကြွမှုက သူ အယုံကြည်ဆုံး အားကိုးရာကို မျှော်ကြည့်နေသလိုပင်။

*ဒါက ...*

ထန်ယွင်အာ ရင်ထိတ်သွားပြီး သူမရှေ့မှ လူအား အလျင်အမြန် မေးလိုက်မိသည်။

ငရဲမှလာသောသူ (Chapter 1001-1200)जहाँ कहानियाँ रहती हैं। अभी खोजें