Chapter 1037

365 40 0
                                    
စာစဉ် 70 Chapter 1037 ယင်ယန်တစ်လောကလုံး ထိတ်လန့်သွားခြင်း

မီးခိုးရောင် နေရာလပ်တွင်းမှ ခြေသံများ ထွက်ပေါ်လာ၏။ ထိုအသံက အလွန် ညင်သာလှသော်လည်း ရှေးဟောင်း မျိုးနွယ်ကြီး သုံးခုလုံး၏ မျိုးနွယ်ဝင်များနှင့် ထောင်သောင်းချီသော သိုင်းပညာရှင်များ၏ နားထဲတွင် စည်တီးသကဲ့သို့ ကျယ်လောင်နေပြီး အားလုံး ရင်တဒိန်းဒိန်း ခုန်ကာ နဖူးမှ ချွေးစေးများ စီးကျလာလေသည်။
ပထမဆုံး ထွက်လာသူက မဟာနတ္ထိ ရှေးဧကရာဇ် ဖြစ်နေသဖြင့် ထိုနေရာလပ်ထဲ၌ မည်သို့သော မကောင်းဆိုးဝါးများ ပုန်းအောင်းနေမလဲ သူတို့ မတွေးတတ်တော့ချေ။
အားလုံး စောင့်ကြည့်နေစဉ်မှာပင် ပုံရိပ်သုံးခု ထွက်လာသည်။ ထိုပုံရိပ်များက ကျောက်ရုပ်တု သုံးခု ဖြစ်နေ၏။ ပထမ ကျောက်ရုပ်သည် နတ်မင်းတစ်ပါးနှင့်တူသော လူတစ်ယောက်ပင်။ မျက်ခုံးများက ဓားကဲ့သို့ ချွန်နေပြီး မျက်လုံးများက ကျားမျက်လုံးကဲ့သို့ စူးရဲတောက်ပနေ၏။
မျက်တောင် တစ်ချက် ခတ်လိုက်တိုင်း မျက်လုံး၌ လျှပ်စီးတစ်ခု ဖြတ်ပြေးသွားသလိုပင်။ သူ့ကို ကြည့်မိသည်နှင့် လူတိုင်း နတ်မင်းကဲ့သို့ ယုံကြည်ကိုးကွယ်ချင်စိတ် ပေါက်လာရသည်။
ဒုတိယကျောက်ရုပ်တုသည် ကြောက်စရာကောင်းသော တစ္ဆေတစ်ကောင်လိုပင်။ မျက်နှာက အလွန် ကြောက်စရာ ကောင်းပြီး သွားများနှင့် လက်သည်းများက အရာအားလုံးကို ကိုက်ဖြတ်နိုင်ပုံ ရသည်။ သက်ရှိအားလုံးက သူ့ပါးစပ်ထဲ၌ အစားအစာ ဖြစ်သွားနိုင်သည်။
တတိယ ကျောက်ရုပ်တုမှာ ဝိညာဉ်ကဲ့သို့ ဖောက်ထွင်းမြင်ရသည်အထိ ကြည်လင်လှသည်။ သို့သော် ထိုဝိညာဉ်၏ လှုပ်ရှားမှုက မြန်ဆန်ပြီး လျှပ်တစ်ပြက်အတွင်း လူသတ်နိုင်သည်ဟု ခံစားရသည်။
နေရာလပ်ထဲမှ ထွက်လာသည့် ကျောက်ရုပ်တု သုံးခုကို မြင်ပြီး လူသား အရှင်သခင်နှင့် အခြားသူများ အံ့ဩ သွားရသည်။
*အားနည်းလိုက်တာ*
ထိုကျောက်ရုပ်တု သုံးခု၏ အရှိန်အဝါက လောကသခင် တစ်ပိုင်းအဆင့်သာ ရှိသေးသည်ကို သူတို့ ခံစားမိနေသည်။ အားနည်း၍ သနားစရာ ကောင်းလှသည်။
လူတိုင်း ပဟေဠိ ဖြစ်နေချိန်တွင် ကျောက်ရုပ်တု သုံးခုသံများ အက်သံ ထွက်ပေါ်လာသည်။ ထို့နောက် ကျောက်ရုပ်တုများပေါ်၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ပြည့်နှက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။
ကျောက်ရုပ်တုများ အက်ကွဲပျက်စီးသွားပြီးနောက် အထဲမျ ကြောက်စရာကောင်းသော လူသုံးယောက် ပေါ်ထွက် လာသည်။ ထိုသည်သာမက သူတို့ထံမှ ယင်ယန်လောက၏ အငွေ့အသက်မျိုး ရနေသည်။ ထိုလူသုံးယောက်ထံမှ တုန်လှုပ်ဖွယ်ကောင်းသော ဖိအားများ ပျံ့လွင့်လာ၏။
လောကသခင် တစ်ပိုင်းအဆင့်၊ လောကသခင် အထွတ်အထိပ်အဆင့်၊ အန္တိမ အထွတ်အထိပ်အဆင့်၊ ကောင်းကင်ဘုရင် အထွတ်အထိပ်အဆင့်။
ချက်ချင်းဆိုသလိုပင် ထိုလူသုံးယောက်၏ အရှိန်အဝါက ကောင်းကင်ဘုရင်အဆင့်အား ချိုးဖောက်၍ ကောင်းကင် နတ်မင်းတစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားလေသည်။
ဆူနာမီရေလှိုင်းကဲ့သို့ ပြင်းထန်လှသော ထိုအရှိန်အဝါက ထောင်သောင်းချီသော ယင်ယန်လောကမှ သိုင်းပညာရှင် များကို တုန်လှုပ်သွားစေပြီး တစ်ယောက်ပြီး တစ်ယောက် လဲကျကာ သွေးအန်သွားကြသည်။ ထိုလူသုံးယောက်ထံမှ ပြင်းထန်သော သေမင်းအငွေ့အသက်များကို လူတိုင်း ခံစားမိနေသည်။
ဗောဓိဘိုးဘေး နတ်ဘုရားသည် ထိုလူသုံးယောက်ကို မြင်လိုက်ရပြီးနောက် မျက်လုံးပြူးမတတ် ဖြစ်သွားလေ၏။
“မရဏဝိညာဉ်နတ်မင်း”
“တစ္ဆေနတ်မင်း”
“ဟောင်ထျန်းနတ်မင်း”
“ခင်…ခင်ဗျားတို့ မသေပါလား”
ဗောဓိဘိုးဘေးနတ်ဘုရား အံ့ဩမှင်တက်နေပြီး နေရာ၌ ကြက်သေ သေနေမိသည်။ မရဏဝိညာဉ်၊ တစ္ဆေ၊ ဟောင်ထျန်း စသော နာမည်များကို ကြားလိုက်ရသောအခါ နတ်ဘုရားဗိမာန်မှ လူများသာမက လူသား အရှင်သခင်နှင့် အခြားသူများပါ ကြက်သီးမွေးညင်း ထလာကြသည်။
*ရှေးဟောင်း နတ်မင်းတွေပါလား*
ဤလူသုံးယောက်လုံးသည် ဂုဏ်သတင်းကြီးမားသော ရှေးနတ်မင်းများ ဖြစ်ကြလေသည်။
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
အားလုံး၏ မျက်နှာ၌ ခြောက်ခြားဟန်များ ထင်ဟပ်နေ၏။ သူတို့သည် ရှေးဟောင်း မှတ်တမ်းများသာမက သူတို့၏ ဘိုးဘေးဆိုင်ရာ စာအုပ်များကို ဖတ်ဖူးသဖြင့် ဤနာမည်သုံးခုလုံးက ရှေးခေတ်တစ်လျှောက် ကျော်ကြားခဲ့သည်ကို သိထားကြသည်။
ရှေးခေတ်အခါက ဤနတ်မင်းသုံးပါးသည် အလွန် ကြောက်စရာကောင်းခဲ့ပြီး ခေတ်တစ်ခေတ်စီ သီးခြားအုပ်ချုပ်ခဲ့သည်။ မကြုံဖူးလောက်အောင် ပြိုင်ဘက်ကင်း၍ ခန့်မှန်းမရနိုင်သူများ ဖြစ်ခဲ့လေသည်။ သို့ရာတွင် သူတို့၏ ဘဝအထွတ်အထိပ်သို့ ရောက်နေသောအချိန်မှာပင် သုံးယောက်လုံး အစအနမရှိ ပျောက်ဆုံး သွားခဲ့သည်။
ထိုအဖြစ်အား ရှေးခေတ်အခါ၏ အံ့ဩစရာအကောင်းဆုံးသော ကိစ္စသုံးခုထဲမှ တစ်ခုအဖြစ် မှတ်တမ်းတင် ခဲ့ကြသည်။ ထိုနတ်မင်းသုံးပါး သေသလား၊ ရှင်သလား မည်သူမှ မသိကြပေ။
ထိုခေတ်အခါက သိုင်းပညာရှင်များသည် နတ်မင်းသုံးပါးလုံး မရဏတားမြစ်နယ်မြေ တစ်ခုခုသို့ ဝင်ရောက် ခဲ့မိသဖြင့် သေဆုံးသွားကြပြီဟု သတ်မှတ်ခဲ့သည်။
သို့ရာတွင် ရှေးခေတ်အခါနှင့် မဟာနတ္ထိ ခေတ်အခါတို့ ကုန်သွားပြီးမှ ယင်ယန်လောကသို့ ဤရှေးဟောင်းနတ်မင်း သုံးပါး ပြန်လာလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားမိပါ။
“မဟုတ်ဘူး … မဟုတ်ဘူး၊ ဘယ်လိုလုပ် ဒီလို ဖြစ်ရမှာလဲ”
ဗောဓိဘိုးဘေးနတ်မင်း၏ ကျောပြင်၌ ချွေးတို့ဖြင့် ရွှဲနစ်နေသည်။ ဤရှေးနတ်မင်းသုံးပါး၏ တိုက်ပွဲဝင် ခွန်အားကို သူ အသိဆုံးပင်။
အတိတ်က ဤလူသုံးယောက်၌ သူ့ထက် အားနည်းသူ တစ်ယောက်မှ မပါခဲ့ပေ။ သူတို့ စောစီးစွာ ပျောက်ဆုံးသွားခဲ့ပြီး နတ်ဘုရားဗိမာန်၌ ဘယ်သောအခါမှ ပြန်ပေါ်မလာ၍သာ ဗောဓိ ဘိုးဘေးနတ်ဘုရားက အင်အားကြီးနေခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ထောင်သောင်းချီသော နတ်ဘုရားဗိမာန်၏ အရှင်သခင်က ဗောဓိနတ်ဘုရား မဟုတ်ဘဲ သူတို့သာ ဖြစ်နေပေလိမ့်မည်။
သို့ရာတွင် ဤမျှနှင့် မပြီးသေးဘဲ ခြေသံများက ဆက်လက် ထွက်ပေါ်နေ၏။ နေရာလပ်တွင်းမှ ကြောက်စရာကောင်းသော ပုံရိပ်များ ဆက်တိုက် ထွက်လာနေလေသည်။
ထိုသူများသည် အရိုးဖြူ တမန်တော် ခုနစ်ဆယ့်နှစ်ပါး ဖြစ်ပြီး သူတို့အနောက်မှ များစွာသော အရိုးဖြူ စစ်သူကြီးများနှင့် ကောင်းကင် စစ်သည်တော်များ လိုက်ပါလာ၏။ အားလုံး ထွက်လာချိန်တွင် လူပေါင်း တစ်သောင်းနီးနီး ရှိနေပြီ ဖြစ်သည်။
“ရှေးခေတ် သိုင်းပညာရှင်တွေ၊ ဒီ … ဒီလူတွေအားလုံးက အဲ့တုန်းက ရှေးခေတ် သိုင်းပညာရှင်တွေပဲ”
ဗောဓိနတ်ဘုရား ထပ်ထပ်မြင်လာရသည့် မြင်ကွင်းကြောင့် ပိုမိုခြောက်ခြားလာသည်။ သူ၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် နေရာလပ်ထဲမှ ထွက်လာသော အရိုးဖြူ တမန်တော် ခုနစ်ဆယ့်နှစ်ပါး၊ အရိုးဖြူ စစ်သူကြီးများနဲ့ ကောင်းကင် စစ်သည်တော်များ၏ အရှိန်အဝါက ချက်ချင်း မြင့်တက်လာ၏။
သူတို့၏ တစ်ဟုန်ထိုး မြင့်တက်လာသော အရှိန်အဝါကြောင့်ထောင်သောင်းချီသော သိုင်းပညာရှင်များ ကျင်ငယ်ရည် ထွက်ကျလုမတတ် ကြောက်လန့်လာကြသည်။ ရှေးဟောင်းမျိုးနွယ်ကြီး သုံးခုတောင်မှ ကြောက်လန့်ကာ တုန်ယင်နေကြသည်။
ဤသို့ ဆန်းကြယ်သော နေရာလပ်တစ်ခု မည်သို့ ထွက်လာသလဲ သူတို့ မတွေးတတ်သလို ထိုနေရာလပ်ထဲ၌ ပျောက်ကွယ်နေသော မဟာနတ္ထိ ရှေးဧကရာဇ်နှင့် ရှေးဟောင်း နတ်ဘုရားများ ရှိနေလိမ့်မည်ဟုလည်း ထင်မထားမိကြချေ။
“ယန်ဝမ် ဟင်းလင်းပြင်ကပဲ၊ သေစမ်း”
ထိုစဉ် လူသား အရှင်သခင်သည် တစ်စုံတစ်ရာကို ချက်ချင်း နားလည်သွားပြိး မျက်လုံးလှုပ်လာလေသည်။
“လတ်စသက်တော့ ငရဲဘုံရဲ့ အရှင်သခင်ဆိုတဲ့လူက ကောင်းကင်ဘုံကို ဆန့်ကျင်ခဲ့တဲ့ မဟာနတ္ထိ ရှေးဧကရာဇ် ဖြစ်နေတာကိုး”
သူ၏စကားက အားလုံးကို ပို၍ ထိတ်လန့်သွားစေလေသည်။ ဘေးနားမှ ရွှေရောင်သတ္တဝါသည် ငြိမ်နေသော် ငြားလည်း သူ၏ရင်ထဲ၌ လှိုင်းထန်နေ၏။
“ချီးပဲ၊ မင်း မသေခဲ့ပါလား၊ ကောင်းကင်ဘုံ ဆန့်ကျင်သူ သုတ်သင်ခြင်း စစ်ပွဲတုန်းက မင်းကို မသတ်လိုက် နိုင်ခဲ့ပါလား”
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ”
ရွှေရောင်သတ္တဝါသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်၍နေသည်။ မဟာနတ္ထိ ရှေးဧကရာဇ် အထက်သို့ တက်ခဲ့သော အချိန်၌ ကောင်းကင်ဘုံ ဆန့်ကျင်သူ သုတ်သင်ခြင်း စစ်ပွဲ ဖြစ်ပွားခဲ့သည်ကို မည်သူမှ မသိသော်လည်း သူ သိခဲ့သည်။
ထိုပုဂ္ဂိုလ်သည် မဟာနတ္ထိ ရှေးဧကရာဇ်နှင့် များစွာသော ရှေးခေတ် သိုင်းပညာရှင်များကို ဦးဆောင်၍ ကောင်းကင်ဘုံအား ဆန့်ကျင်တိုက်ခိုက်ကာ ကောင်းကင်ဘုံ၏ ဌာနေသို့ တက်ရောက်ခဲ့သည်။
မရေတွက်နိုင်သော ရွှေရောင်သတ္တဝါများ အသတ်ခံရသည်။ ထိုအချိန်က ကောင်းကင်ဘုံ ယန်နယ်မြေ ဂိတ်တံခါးကို စောင့်ကြပ်နေသည့် ရွှေရောင်သတ္တဝါ တစ်သောင်းခန့် သေဆုံးသွားခဲ့လေသည်။
သူသည် ထိုသတ္တဝွများထဲမှ အသက်ရှင်ကျန်ခဲ့သူ ဖြစ်သည်။ ထိုပုဂ္ဂိုလ်၏ ကြောက်စရာကောင်းပုံကို သူ့မျက်လုံးနှင့် တပ်အပ် မြင်ခဲ့ရသည်။
ထိုသူ လက်လှုပ်လိုက်သည်နှင့် အသတ်ခံလိုက်ရသည့် ရွှေရောင်သတ္တဝါများ မနည်းမနောပင်။ ထိုသူသည် နတ်ဆိုးလိုပင်။ ထိုပုဂ္ဂိုလ်က ငရဲဘုံမှ ချိုးဖောက်၍ ယန်နယ်မြေသို့ တက်ချင်ခဲ့သည်။
ရွှေရောင်သတ္တဝါသည် ဤကောင်းကင်ဘုံ ဆန့်ကျင်သူများအား လွန်ခဲ့သော ကာလများကတည်းက ဖျက်ဆီးခဲ့ပြီးပြီဟု ရွှေရောင်သတ္တဝါ အမြဲ ထင်မှတ်ခဲ့မိသည်။ ကောင်းကင်ဘုံ ဆန့်ကျင်သည့်သူများ ဤပမာဏ လောက်အထိ အသက်ရှင်နေ လိမ့်ဦးမည်ဟု သူ ထင်မထားမိချေ။
“အဲ့ဒီပုဂ္ဂိုလ် … အဲ့ဒီပုဂ္ဂိုလ်လည်း မသေသေးဘူးလား”
ဖြစ်နိုင်ချေကို စဉ်းစားမိပြီးနောက် ရွှေရောင်သတ္တဝါ တုန်လှုပ်လာရသည်။ ထိုစဉ် လူတိုင်း ထိတ်လန့်စရာ ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
မဟာနတ္ထိ ရှေးဧကရာဇ် ဦးဆောင်လာသော ရှေးဟောင်း နတ်မင်းသုံးပါး၊ အရိုးဖြူ တမန်တော် ခုနစ်ဆယ့်နှစ်ပါး၊ တစ်သောင်းနီးပါးသော အရိုးဖြူ စစ်သူကြီးများနှင့် ကောင်းကင်စစ်သည်တော်များက ယဲ့ဖန်ထံသို့ လျှောက်သွား ကြသည်။ အနားသို့ ရောက်သောအခါ ဝုန်းခနဲ ဒူးထောက်၍ သံပြိုင်နှုတ်ဆက်ကြလေသည်။
“ဘိုးဘေးကို ကျွန်တော်တို့ ဂါဝရပြုပါတယ်”
“သခင်ကြီးကို ကျွန်တော်တို့ ဂါဝရပြုပါတယ်”စာစဉ် 70 Chapter 1037 ယင်ယန်တစ်လောကလုံး ထိတ်လန့်သွားခြင်း

“သခင်ကြီးကို ကျွန်တော်တို့ ဂါဝရပြုပါတယ်”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now