Chapter 1140

379 47 4
                                    

စာစဉ် 76 Chapter 1140 နဂါးကို သတ်ခြင်း

သန်းခေါင်ယံအချိန်၌ ဖျင်ယန်တောင်ပေါ်တွင် မြူများစိုင်း၍ လရောင်ဖြာကျကာ လှပသော ရှုခင်းတစ်ခု ဖြစ်ပေါ်နေ၏။ လူနှစ်ယောက်က ညအမှောင်ကို အခွင့်ကောင်းယူ၍ တောင်ပေါ်တက်နေသည်။
ထိုလူထဲမှ တစ်ယောက်သည် အင်္ကျီလက်ကျယ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါင်းတစ်ခုကို ဆောင်းထာကာ လက်ထဲ၌ သံလိုက်အိမ်မြှောင်တစ်ခု ကိုင်ထားသည်။ သူ့ပုံစံက တီဗွီထဲမှ ဖုန်းရွှန်ဆရာသခင်နှင့် တူနေ၏။
“လူကြီးမင်းယဲ့ ဒါက ဖျင်ယန်တောင်ပါ”
အမျိုးသမီးတစ်ယောက်က နာကြည်းချက်များနှင့် ပြည့်နေသော မျက်နှာထားဖြင့် ပြောလေသည်။ သူမကား ကျောင်ယင်းရင်ပင်။ သူမသည် ဖျင်ယန်တောင်ပေါ်မှ အိမ်ရာကို သိမ်း၍ ယဲ့ကျန်းချောင်အစား စီမံခန့်ခွဲချင်သည့် မိန်းမဝကြီး ဖြစ်သည်။ ယခင်က ကျုံးဝမ် ဝင်တား၍ ယဲ့ဖန်လက်ထဲမှ လွတ်သွားခဲ့ခြင်း ဖြစ်သည်။
*ဖျင်ယန်တောင်လား*
လူကြီးမင်းယဲ့၏ အကြည့်များက နက်မှောင်နေပြီး အခွင့်အရေးကို စောင့်နေသော လင်းတကဲ့သို့ ကောက်ကျစ် စဉ်းလဲပုံ ပေါ်သည်။
သူ၏ မူလအမည်မှာ ယဲ့စန်းဖြစ်ပြီး ယခု လူတိုင်းက သူ့ကို နဂါးမုဆိုးဟု ခေါ်လေသည်။ မည်မျှ ရှုပ်ထွေးသော ဂူဖြစ်ပါစေ သူ၏ နဂါးအမဲလိုက်ခြင်း နည်းစနစ်မှ မလွတ်မြောက်နိုင်ပေ။ သူသည် တောင်ထိပ်၌ ရပ်၍ အောက်ဘက်မှ နဂါးသွေးကြောကို ငုံ့ကြည့်နေပြီး မချီးမွမ်းဘဲ မနေနိုင်တော့ချေ။
“မီးခိုးရောင်နဂါးက အပေါ်ကိုမော့ပြီး အရပ်လေးမျက်နှာကို ခြုံကြည့်တယ်”
“အဝါရောင်နဂါးက အလယ်မှာရှိနေပြီးတော့ ချမ်းသာကြွယ်ဝခြင်းကို ကိုယ်စားပြုတယ်”
“အနက်ရောင်နဂါးက အမြီးပိုင်းမှာ စောင့်ကြပ်နေတဲ့ပုံက ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုတယ်”
“ဒီနေရာက တကယ့်ကို ရှားပါး ရတနာသိုက်ပဲ”
သို့သော် သူသည် ပြောနေရင်းနှင့် ဆိုးယုတ်စွာ ပြုံးလာ၏။
“ယဲ့မိသားစုကို ရန်စမိလို့ နောင်မျိုးဆက်တွေအတွက် ရတနာမြေဖြစ်နေတဲ့ ဒီမြေကြီးက သားသတ်ကုန်းမြေ ဖြစ်လာတော့မှာတော့ စိတ်မကောင်းစရာပဲ”
“လူကြီးမင်းယဲ့ကို မသိတဲ့လူတွေအတွက် ဒီလို ဖြစ်သင့်တာပါပဲ၊ မိုင်တစ်ထောင်လောက်က လူတွေကို သတ်နိုင်တဲ့ လူကြီးမင်းရဲ့ နည်းလမ်းက အံ့မခန်းပါပဲ”
ကျောက်ယင်းရင်က အခွင့်အရေးကို အမိအရ ဖမ်းဆုပ်၍ မျက်နှာလုပ် ပြောဆိုလေသည်။ သူမရှေ့မှ လူသည် ဟွိုင်အန်း စီရင်စု၌ ကျော်ကြားသော ဖုန်းရွှေဆရာသခင် ဖြစ်သည်။ တစ်ချိန်က သူ့အား လူချမ်းသာတစ်ဦးက ရိုင်းပျခဲ့သည်။ နောက်တစ်နေ့တွင် ထိုလူချမ်းသာ၏ မိသားစုဝင်များ အပါအဝင် ကလေးထိန်းနှင့် လုံခြုံရေးများ စသည့် လူအယောက်သုံးဆယ်ကျော် သေဆုံးသွားခဲ့သည်။
သူတို့၏ သေဆုံးခြင်းက အလွန် အဖြစ်ဆိုးသော်လည်း အထူးဆန်းဆုံးမှာ အလောင်းများ၌ မည်သည့် ဒဏ်ရာမှ ရှိမနေခြင်းပင်။
ဆရာဝန်များ၏ စစ်ဆေးချက်က နှလုံးဖောက်၍ သေဆုံးခြင်း ဖြစ်သည်ဟု ဆိုသည်။ လူဆုံးဆယ်ကျော် နှလုံးဖောက်သွားခြင်းက ထူးဆန်းလှပေ၏။
ထို့အပြင် ထိုလူချမ်းသာ၏ အိမ်၌ မည်းနက်နေသော ကလေးများ၏ လက်ရာများ ပြည့်နှက်နေသည်ကို ရဲများ တွေ့ခဲ့သည်။
ယဲ့စန်းက ထိုမိသားစုကို သတ်လိုက်ခြင်း ဖြစ်မည်ဟု လူတိုင်း သိကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့စန်းက သရဲများ မွေးထားကြောင်း သူတို့အားလုံး သိနေသောကြောင့်ပင်။
ထို့ကြောင့် ယဲ့ကျန်းချောင်က သူ့ကိုဖိတ်၍ ဤတောင်မှ နဂါးကို သတ်ခိုင်းခဲ့သည်။ သူ မရနိုင်သောအရာအား တခြားသူကိုလည်း မရစေချင်သည့် အတ္တစိတ်ပင်။
ယဲ့ကျန်းချောင် ဆိုးဆိုးရွားရွား သေသွားသည်ကို သူတို့ မသိကြသေးပေ။ သူမစကားကြောင့် ယဲ့စန်းက ဂုဏ်ယူစွာ ပြုံး၍ အိတ်ထဲမှ ပစ္စည်းပစ္စယများကို ထုတ်လိုက်သည်။ ဆိုးရွားနံစော်သော အနံ့အသက်တစ်ခု ချက်ချင်း ပျံ့လွင့် လာ၏။
ကျောက်ယင်းရင် ပါးစပ်နှင့် နှာခေါင်းကို အလိုလို အုပ်လိုက်မိပြီး အလန့်တကြား မေးလိုက်သည်။
“လူကြီးမင်းယဲ့ ဒါက ဘာလဲ”
“ငါးမျိုးအဆိပ်လေ”
ယဲ့စန်းက ပုံမှန်အတိုင်း ပြန်ဖြေ၍ မြေကြီးပေါ်၌ အစီအရင် အမှတ်အသားကို ရေးဆွဲလေသည်။ ငါးမျိုးအဆိပ်အား ကင်းခြေများ၊ ကင်းမြီးကောက်၊ အဆိပ်ပြင်းသော မြွေ၊ တောက်တဲ့နှင့် ဖားတို့မှ ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအဆိပ်ငါးမျိုးကို ပေါင်းစပ်လိုက်သောအခါ အလွန်ပြင်းသော အဆိပ်တစ်ခု ဖြစ်ပေါ်လာ၏။ ယန်နယ်မြေ၌ ဤငါးမျိုးအဆိပ်သည် အလွန်ပြင်းထန်၍ ဖြေဆေးမရှိပေ။
ယဲ့စန်းသည် ထိုအဆိပ်တစ်မျိုးချင်းစီအား အခုတစ်ရာဝယ်၍ ပေါင်းစပ်ကာ ကြောက်စရာကောင်းသော အစီအရင်တစ်ခု လုပ်နေခြင်း ဖြစ်သည်။
အစီအရင်ကို ပုံဖော်ပြီးသည်နှင့် ယဲ့စန်းက သူ့အနောက်မှ လူများကို မျက်ရိပ်ပြလိုက်သည်။ ထိုအခါ ထိုလူများက ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို ဆွဲခေါ်လာ၏။
“အမေ၊ သမီးအမေကို လိုချင်တယ်၊ အမေ သမီးအမေ ဘယ်မှာလဲ”
ထိုကလေးမလေးသည် ဆွဲခေါ်ခံလာရသည်နှင့် ငိုယိုနေလေသည်။ ကလေးမလေး ကြောက်ရွံ့နေရှာသည်။
“လူကြီးမင်းယဲ့ ရှင် ဘာလုပ်မလို့လဲ”
ကျောက်ယင်းရင် စိတ်ရှုပ်သွားရသည်။
*ဘာလို့ ဒီကို ကလေးမလေးက ရောက်နေတာလဲ*
“ဟဲဟဲ ငါ့အစီအရင်က ငါးမျိုးယင်နဲ့ ငါးမျိုးအဆိပ် အစီအရင်လို့ ခေါ်တယ်၊ ငါးမျိုးအဆိပ်အားလုံး ရနေပြီကို ငါးမျိုးယင်ကို ဘယ်ချန်ထားခဲ့လို့ ရမလဲ”
“ငါးမျိုးယင်လား”
ကျောက်ယင်းရင် ထိတ်လန့်သွားပြီး မျက်နှာ၌ ချောက်ချားဟန်များ ပေါ်လာသည်။ ငါးမျိုးယင်၏ နာမည် အပြည့်အစုံမှာ ငါးမျိုးယင် ခန္ဓာကိုယ် ဖြစ်သည်။ ထိုခန္ဓာကိုယ်ပိုင်ရှင်မျိုးသည် နှစ်၊ လ၊ ရက်၊ နာရီနှင့် နေရာစသည့် ငါးမျိုးလုံး ထပ်တူကျသော မွေးဖွားလာသူများ ဖြစ်သည်။ ထိုလူမျိုး၏ ဝိညာဉ်၊ ခန္ဓာကိုယ်၊ အရိုးနှင့် အသွေးအသား တို့တွင်လည်း ငါးမျိုးယင် စီးဆင်းနေ၏။
ယဲ့စန်းက ကျောက်ယင်းရင်ကို လှမ်းကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“ငါးမျိုးယင် ခန္ဓာကိုယ်က သရဲတစ္ဆေတွေကို ဆွဲဆောင်နိုင်ပြီး ခိုင်းစေနိုင်တာကိုပဲ လောကကြီးက သိကြတယ်၊ ဒါပေမဲ့ ငါးမျိုးယင် ခန္ဓာကိုယ်အမျိုးသမီးက အန္တရာယ်များတယ်ဆိုတာကို သူတို့ မသိကြဘူး၊ အထူးသဖြင့် အပျိုစင် ငါးမျိုးယင် ခန္ဓာကိုယ်ပိုင်ရှင်ပေါ့”
ထို့‌နောက် သူက ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်၍ ဖြူစင်သော ကလေးမလေးထံ လှမ်းသွားလေသည်။ သူ့မျက်နှာ၌ ဆိုးယုတ်သော အပြုံးတစ်ခု ဆင်မြန်းထားသည်။
“ဦးလေး သမီးအမေ ဘယ်မှာလဲ သိလား၊ ဦးလေး သမီးကို အမေ့ဆီ ခေါ်သွားပေးမလား”
ကလေးမလေးသည် ရိုးအလွန်းသဖြင့် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သတိမထားမိပေ။ ထို့ကြောင့် သူမက ရှေ့တိုး၍ ယဲ့စန်း၏ လက်ကို ဆွဲကိုင်လေသည်။
“သိတယ်”
ယဲ့စန်းက ရယ်၍ ကောက်ကျစ်စွာ ပြောလေသည်။
“မင်းအမေက ငါ့သတ်တာကို ခံလိုက်ရပြီ၊ ဘယ်သူက ငါ မင်းကို ဆွဲခေါ်တာကို တားခိုင်းလို့လဲ”
“ဒါပေမဲ့ မကြောက်ပါနဲ့”
“ဘာလို့လဲဆို‌တော့ မကြာခင် ငါ မင်းကို သူ့နောက်လိုက်နိုင်အောင် ပို့ပေးမှာမို့လို့လေ”
“ရွှစ်”
ထိုစကားအဆုံး၌ ဓားမြှောင်ဖြင့် ကလေးမလေး၏ လည်ပင်းကို လှီးလိုက်သည်။ ကလေးမလေး၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး သွေးများ ပန်းထွက်လာသည်။ အလွန် သွေးထွက်သံယိုများပြီး ရက်စက်လှသည်။ သွေးအေးလွန်း လှပေ၏။
ထို့နောက် ယဲ့စန်းက သူမကို အစီအရင်ထံ တွန်းပစ်လိုက်သဖြင့် သွေးများကြောင့် အစီအရင် စိုစွတ်လာသည်။
“အန်တီ ကူပါဦး၊ အန်တီ သမီးကို ကူညီပါ”
ကလေးမလေးက မျက်ရည်လည်ရွဲဖြင့် ကျောက်ယင်းရင်ထံ တွားသွားကာ လက်လေးဆန့်၍ ကျောက်ယင်းရင်၏ ခြေထောက်ကို လှမ်းကိုင်ရန် ပြင်လေသည်။ ကျောက်ယင်းရင်အား သူမကို ကယ်စေချင်နေရှာသည်။
သူမ ဘာအမှားလုပ်မိသလဲ သူမ မသိပါ။ ဤလူများက ဘာကြောင့် သူမကို ဤသို့ ထိခိုက်အောင် လုပ်သလဲ မသိပါ။ သူမ နာကျင်နေသည်ကိုသာ သူမ သိသည်။ သူမ အလွန်အမင်း နာကျင်နေ၏။ သူမ အမေဖြစ်သူကို လိုက်ရှာ ချင်သည်။
“ဖယ်စမ်း”
ကျောက်ယင်းရင်က ရွံရှာဟန်ဖြင့် သူမလက်လေးကို ကန်ထုတ်လိုက်ပြီး စိတ်ပျက်သော အမူအရာဖြင့် ငေါက်ငမ်း လာသည်။
“သောက်ခွေးမလေး ငါ့ဒီဇိုင်နာ ဖန်တီးပေးထားတဲ့ ဖိနပ်ကို ညစ်ပတ်အောင် လုပ်နေတယ်”
ကလေးမလေးကိုယ်က နှစ်ချက်မျှ တွန့်သွားပြီးနောက် လှုပ်ရှားမှု မရှိတော့ချေ။
“ဝုန်း”
ချက်ချင်းဆိုသလိုပင် ဆိုးယုတ်သော ယင်စွမ်းအင်များက ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ကျောက်ယင်းရင် ရုတ်တရက် တစ်ကိုယ်လုံး ချမ်းအေးသွားသလို ခံစားမိလာသဖြင့် တုန်ယင်လာရသည်။
ရုတ်ချည်းဆိုသလိုပင် ဒေါသထွက်နေသော နဂါးသံ ထွက်ပေါ်လာ၏။ နဂါးသွေးကြောမှ နဂါးဝိညာဉ်သည် ဤနေရာသို့ တစ်စုံတစ်ရာ ရောက်နေကြောင်း သတိထားမိပုံရပြီး ဆန့်ကျင်လာသည်။ ငါးမျိုးအဆိပ်နှင့် ငါးမျိုးယင် အစီအရင်က ပြင်းထန်စွာ တုန်ခါလာ၏။
“တစ်ခုခု ယူလာခဲ့”
ယဲ့စန်း၏ မျက်လုံးတွင် အလွန် ရက်စက်သော အရိပ်အယောင်များ စွန်းထင်းနေပြီး နှစ်တစ်ရာ သက်တမ်းရှိသည့် ကျစ်လျစ်သော ထင်းရှူးသား၏ သစ်သားငုတ်တစ်ခုကို ယူလိုက်သည်။
“ဝုန်း”
ထိုငုတ်အား အစီအရင်၏ အလယ်သို့ ထိုးစိုက်လိုက်သည်။
“ဂါး”
နဂါးအော်သံက ပို၍ စူးရှလာသည်။ ဤအသံက ထိခိုက်ခံရရ၍ အော်လိုက်သည့်အသံပင်။ ထင်ရှူးငုတ်ဖြင့် ထိုးလိုက်သော နေရာမှ သွေးများ ပန်းထွက်လာပြီး သွေးအိုင်တစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့စန်း၏ အမူအရာက အလွန် အားရကျေနပ်နေဟန် ပေါ်လာလေသည်။
“သေပြီ၊ အဲ့နဂါး လုံးဝ သေသွားပြီ”
“ပြီးတော့ ဒီနေရာလည်း လုံးဝ သုသာန်မြေလို ဖြစ်လာလိမ့်မယ်၊ ဘယ်တော့မှ ငြိမ်းချမ်းခြင်းဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး ဟားဟားဟား”
သူ၏ စွမ်းဆောင်မှုအတွက် အလွန် ကျေနပ်နေသည့်ပုံပင်။
“ဒီရတနာမြေက ဒီလိုဖြစ်သွားတာကို မြင်ပြီးရင် အဲ့မျိုးမစစ်ကောင် ဘယ်လို ဖြစ်နေမလဲ မသိဘူး၊ သူ့ပုံံစံကို မြင်ချင်လှပြီ၊ ဟားဟားဟား …”
ကျောက်ယင်းရင်သည်လည်း ဟက်ဟက်ပက်ပက် ရယ်မောကာ အလွန် ဂုဏ်ယူနေ၏။

နောက်တစ်နေ့ မနက်အစောပိုင်း၌ ယဲ့ဖန် ဖျင်အန်းသို့ ပြန်ရောက်လာသည်။ သူ တစ်စုံတစ်ရာကို သတိပြုမိ သွားပုံရပြီး မျက်မှောင်ကြုတ်သွားသည်။ သူ့မျက်လုံး၌ ထိတ်လန့်တုန်လှုပ်ဟန်များ ဖြစ်ပေါ်လာလေသည်။
“ရပ်လိုက်”
ယဲ့ဖန် ထအော်လိုက်သောကြောင့် ထန်မင်လီက ယာဉ်မောင်းကို ကားရပ်ခိုင်းလိုက်ရသည်။
“အရှင် ဘာများဖြစ်လို့လဲ”
သူ နောက်လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်က နေရာမှ ပျောက်သွားသည်ကို တွေ့လိုက်ရသည်။ ဆယ်မိနစ် ကြာပြီးနောက် ယဲ့ဖန်တစ်ယောက် ဖျင်ယန်တောင်ပေါ်၌ ပေါ်လာပြီး ငါးမျိုးအဆိပ်နှင့် ငါးမျိုးယင် အစီအရင်အပြင် ကလေးမလေး၏ အလောင်းကိုပါ တွေ့လိုက်ရသည်။ သူ့မျက်နှာ မည်းမှောင်သွားရသည်။
“ငရဲမျက်လုံး ပွင့်စေ”
သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် သူ့မျက်လုံးက ခရမ်းရောင် ပြောင်းလဲသွားသည်။ ထို့နောက် မနေ့ညက အဖြစ်အပျက်များက သူ့မျက်လုံးတွင်း၌ ပြန်လည် ထင်ဟပ်လာ၏။ အပြစ်ကင်းစင်သော ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးမလေး၏ လည်ပင်းအား ယဲ့စန်း ဓားဖြင့် လှီးလိုက်သည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာ တစ်ခုလုံး မည်းမှောင်ကာ ဒေါသထွက်လာ၏။
“သေစမ်း၊ သေစမ်း၊ သေသင့်တဲ့ကောင်”
            စာစဉ် ၇၆ ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now