Chapter 1150

373 49 1
                                    

စာစဉ် 77 Chapter 1150 ဒါဆိုလည်း မင်းတို့ သေလိုက်တော့

“အတူတူ တက်လာကြ ပြီးရင် … အတူတူ သေလိုက်တော့”
ထိုစကားများက မောက်မာကာ အထက်စီးဆန်လှသည်။ ဟွိုင်အန်း စီရင်စု တစ်ခုလုံး မှင်တက်သွားကြသည်။
*ဒီကောင်က ယွင်ရင်တောင်ရဲ့ အကြီးအကဲတွေကို တကယ် တစ်ယောက်တည်း စိန်ခေါ်ချင်နေတာလား*
*သူ ရူးနေပြီလား*
ယွင်ရင်တောင်၌ အကြီးအကဲ ဆယ်ယောက်မက ရှိပြီး တစ်ယောက်ချင်းစီက ဟွမ်လုံရှန်ထက် မသန်မာသော်လည်း အားနည်းကြသူများ မဟုတ်ပေ။
သို့ရာတွင် ထိုလူများကို ယဲ့ဖန်က သူတစ်ယောက်တည်း၏ ခွန်အားကိုသုံး၍ စိန်ခေါ်ချင်နေသည်တဲ့လား။ ဤသည်က ယွင်ရင်တောင်တစ်ခုလုံးကို တစ်ယောက်တည်း၏ ခွန်အားဖြင့် လှုပ်ခါလိုခြင်းနှင့် အတူတူပင်။ ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် အတူတူပင်။
ချက်ချင်းဆိုသလိုပင် အားလုံး၏ ယဲ့ဖန်အပေါ် ကြောက်လန့်တကြား ကြည့်နေသော အကြည့်မှနေ၍ အထင်သေးသော အကြည့်သို့ ပြောင်းလဲသွားလေသည်။
“ဟုတ်ပြီ ဟုတ်ပြီ၊ ယဲ့ဖန် ဒီလိုသေရတဲ့မင်းသတ္တိကိုတော့ ငါ လေးစားပါတယ်”
“ဟားဟားဟား … ယဲ့ဖန် မြန်မြန် သေလိုက်တော့၊ မင်း သေတာနဲ့ ငါ့အကြွေးကို မြန်မြန် ဆပ်နိုင်ပြီ၊ သိပ်လှတဲ့ အနာဂတ်ကြီး ရလာတော့မှာ”
ကွန်ပျူတာရှေ့၌ ကြည့်နေသော ပွဲကြည့်ပရိသတ်များ အပျော်လွန်ကာ မှတ်ချက်များက တရစပ် တက်နေ၏။ ယဲ့ဖန် သေပြီဟု သူတို့အားလုံး သိနေကြလေသည်။
ယဲ့ဖန် သေသွားသည်နှင့် “ယဲ့ယွင်ထျန်းကို ဒုက္ခရောက်အောင် ကြိုးစားသော လူတစ်ယောက် ကျဆုံးသွားခြင်း” ဟုသာ သတ်မှတ်ကြမည် ဖြစ်ပြီး သူတို့အားလုံး အချီကြီး ပွပေတော့မည်။
“ယီးပဲ … သေ … သေ”
“အဲ့မျိုးမစစ်ကောင် သေလိုက်တော့လေ၊ မင်း သေမှ ငါတို့ ဝန်ထုပ်ဝန်ပိုးတွေ ပေါ့သွားမှာ”
လောင်းကစား ကုမ္ပဏီများ၏ သူဌေးများကလည်း ဆိုးရွားသော မျက်နှာထားများဖြင့် ကျိန်ဆဲနေကြသည်။ သူတို့အားလုံး ဒေါသထွက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်အား ယဲ့ယွင်ထျန်း၏ သိုင်းကွက် တစ်ကွက်တောင် တောင့်မခံနိုင်ဟု လောင်းထားကြသူ အလွန် များနေသောကြောင့်ပင်။ အကယ်၍ ယဲ့ဖန်ကသာ အကြီးအကဲများ လက်ထဲ၌ တန်းသေသွားပါက သူတို့အားလုံး ဆုံးရှုံးရပေတော့မည်။
ဤအရာအားလုံးက အသက်ရှင်မလား သေမလား မသိသည့် ယဲ့ဖန်ကြောင့်သာ ဖြစ်သည်။ သူက အကြီးအကဲ များကို ရိုင်းပျသော စကားဖြင့် ရန်စရဲသည်ကိုး။
“သူ သေလို့ကတော့ သူ့မိသားစု တစ်ခုလုံးကို ငါ သတ်ပစ်မယ်”
လောင်းကစား ကုမ္ပဏီသူဌေးတစ်ယောက်က ရက်စက်စွာ ပြောလာသည်။
“သူ့မိသားစုတစ်ခုလုံးကို သတ်ရုံနဲ့ ဘယ်လုံလောက်ဦးမလဲ၊ သူနဲ့ ပတ်သက်တဲ့လူတိုင်း သေသင့်တယ်”
“ယဲ့ဖန် ဘာပြောလိုက်သလဲ ပရိသတ်တို့အားလုံး ကြားလိုက်ပါရဲ့လား၊ သူက ယွင်ရင်တောင်တစ်ခုလုံးကို သူ့တစ်ယောက်တည်းရဲ့ အားနဲ့ စိန်ခေါ်ချင်နေတာလား”
မီယာအိုကဲက မိုက်ခရိုဖုန်းကိုင်၍ တခစ်ခစ် ရယ်နေသည်။ ရယ်ရလွန်းသဖြင့် ကိုယ်ပင် မမတ်နိုင်တော့ပေ။
“ဒါ ရာစုနှစ်အတွင်း ကျွန်မ ကြားဖူးသမျှထဲမှာ အရယ်ရဆုံး ဟာသပဲ၊ ဒီလိုမျိုးကို ယဲ့ယွင်ထျန်းတောင် လုပ်နိုင်၊ မလုပ်နိုင် မသိသေးတာ၊ သူက ဘယ်လိုတောင် လုပ်ရဲမှာလဲ”
“လာ ... လာ ... ယဲ့ဖန်ကို အိမ်မြှောင်ထက်တောင် တုံးတယ်ထင်ရင် တစ်လို့ မန့်ပါ၊ ယဲ့ဖန်က ရူးနေတာလို့ ထင်ရင် နှစ်လို့ မန့်ပါ”
ထို့နောက်တွင် မီယာအိုကဲ၏ တိုက်ရိုက် ထုတ်လွှင့်ခြင်း ချန်နယ်တွင် တစ်နှင့်နှစ် ဂဏန်းများဖြင့် ပြည့်နှက်လာ၏။ မီယာအိုကဲကလည်း ယဲ့ဖန်အား အထင်သေးသော အကြည့်များဖြင့် ကြည့်နေသည်။
လူနှစ်ယောက်ကို သတ်လိုက်နိုင်ခြင်းက ကံကောင်း၍ ဖြစ်သည်ဟု သူမ ထင်မှတ်နေပြီး ယွင်ရင်တောင် တစ်ခုလုံးနှင့် ယှဉ်ခြင်းက သူ နုံအလွန်း၍သာ ဖြစ်သည်ဟု ထင်ထားလေသည်။
“မွေးကာစ နွားပေါက်တွေက ကျားကို မကြောက်ဘူးဆိုတာ ဟုတ်နေတာပဲ၊ ကြည့်ရတာ သူ ရှစ်ပိုင်းလောက်ပဲ အခုတ်ခံရတော့မယ် မထင်ဘူး”
“ဟုတ်တယ်မလား တစ်လောကလုံးက ယဲ့ယွင်ထျန်းကို နတ်ဘုရားလို လေးစားနေတာ ဒါကို ဂျူနီယာက လာစော်ကားနေတယ်”
“သူ့ကို သတ်လိုက်တာက ပေါ့ပေါ့ပဲပဲ ဖြစ်နေလွန်းတယ်၊ သူ့လက်ရှိ အပြုအမူအရဆို သူ့ကို ဒုက္ခိတ ဖြစ်အောင် လုပ်ပြီး ခွေးလို မွေးထားသင့်တာ၊ သူ့ကို နေ့တိုင်း ချီးကျွေးသင့်တာ၊ ဟီးဟီး ...”
ယွင်ရင်တောင်၏ အကြီးအကဲများ ပျက်ရယ်ပြုလာသည်။ တစ်ခဏအတွင်း သူတို့၏ အရှိန်အဝါက ပြောင်းလဲ လာပြီး ထိုအရှိန်အဝါက ယဲ့ဖန်အား လွှမ်းခြုံလာလေသည်။ သူတို့ထံမှ လူသတ်လိုသော အရှိန်အဝါများ ထိန်းချုပ် မရအောင် ထွက်ပေါ်နေ၏။
ဘေးပတ်လည်မှ လူများ တုန်လှုပ်လာသည်။ သတ်ဖြတ်လိုသော အရှိန်အဝါများက သူတို့ကို လွှမ်းခြုံလာသောအခါ သားရဲအုပ်များ၏ အဝိုင်းခံထားရသကဲ့သို့ ထင်မှတ်ကာ ကြောက်လန့်လာကြလေသည်။
ဤလူအိုကြီးများ၏ သတ်ဖြတ်လိုသော အရှိန်အဝါက မည်သူကိုမဆို ကြောက်လန့်အောင် လုပ်နိုင်၏။ ရက်စက်ကာ အေးစက်လွန်းသည်။ သူတို့သည် မည်သူမဆို စုတ်ဖြဲနိုင်မည့်ပုံပင်။
ဖန်းရီပေါ်နှင့် အခြားသူများသည် ‌အောင်ပွဲက လက်ယပ်ခေါ်နေသကဲ့သို့ ထင်မှတ်ကာ အပြုံးက အပြုံးကြီး ပြုံးနေကြသည်။
အကြီးအကဲတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါ တစ်ခုတည်းနှင့်တင် လွှမ်းမိုးနိုင်နေပြီ ဖြစ်သဖြင့် သူတို့ လှုပ်ရှားလျင် မည်သို့သော ရလဒ်မျိုး ဖြစ်လာနိုင်ကြောင်း တွေးကြည့်စရာပင် မလိုတော့ချေ။
“မျိုးမစစ်လေး ငရဲကို သွားလိုက်တော့”
ထိပ်ပြောင်၍ မျက်ခုံးမွေး ဖြူနေသော အဘိုးအိုတစ်ယောက်က ချိုင်းထောက်ကို မြှောက်၍ ရိုက်ချလေသည်။ ထိုအဘိုးအိုသည် ထန်ထရာဂိုဏ်း၏ နံပါတ်တစ် ဆရာ ဖြစ်ပြီး သူ အသန်မာဆုံးဖြစ်ကြောင်း သက်သေပြရန်အတွက် ထန်ထရာဂိုဏ်း၏ အခြားသော ဆရာ အယောက် တစ်ရာ့သုံးဆယ်ကျော်ကို သတ်ခဲ့ပြီး သူ့ဆရာကိုတောင်မှ မချန်ခဲ့ချေ။ ထို့ကြောင့်ပင် ထိုတိုက်ပွဲအပြီး၌ သူ နာမည်ကြီးလာရသည်။
“နေဦး”
ထိုစဉ် ယဲ့ဖန်က အော်၍ တားလိုက်သည်။
“ဘာလဲ ကြောက်သွားတာလား၊ မင်း မောက်မာမှန်း သိပြီလား၊ စိတ်မကောင်းစရာပဲ နောက်ကျသွားပြီ”
မျက်ခုံးမွေး ဖြူနေသော အဘိုးအိုက ကြမ်းကြုတ်သော အကြည့်များဖြင့် ကျယ်လောင်စွာ ရယ်မောလေသည်။ သူ၏ အမြင်တွင် ယဲ့ဖန်သည် သူတို့၏ အရှိန်အဝါကြောင့် ကြောက်လန့်ပြီး အသက်ချမ်းသာပေးရန် ကြံစည်နေသည်ဟု ထင်နေသည်။
“မင်းအမှားကို သိတာက အတော်လေး တိုးတက်နိုင်ပါတယ်၊ မင်း ခြေလက်တွေ အခုတ်ခံပြီး ငါတို့ ယွင်ရင်တောင်ရဲ့ ခွေးအဖြစ် တစ်သက်လုံး နေမယ်လို့ ကျိန်ဆိုရင်တော့ ငါတို့ မင်းကို အသက်ချမ်းသာပေးဖို့ စဉ်းစားပေးမယ်”
အနက်ရောင် အသားအရေရှိသော ဘုန်းကြီးက ရက်စက်စွာ ရယ်၍ ပါးစပ်ဟကာ သွားများကို မြင်သာအောင် ပြနေ၏။
လူသားစား ဘုန်းကြီး၊ သူသည် လူသား စားရသည်ကို နှစ်ခြိုက်သောကြောင့် ကျောင်းတော်မှ နှင်ထုတ်ခံရသည့် ဘုန်းကြီး ဖြစ်သည်။ သူသည် အသက် ငယ်ငယ်၊ ကြီးကြီး အိုးထဲထည့်၍ ချက်ပြုတ်စားရသည်ကို သဘောကျသည်။
တစ်ချိန်က သူသည် နာမည်ဆိုးဖြင့် ကျော်ကြားလာသောကြောင့် အင်အားစု တော်တော်များများက လူလွှတ်၍ သူ့ကို ဝိုင်းအနိုင်ယူရန် စေခိုင်းခဲ့သည်။ သို့သော် အဆုံးသတ်၌ မအောင်မြင်ခဲ့ချေ။
ထိုအချိန်က အတော်လေး ဆူညံခဲ့ပြီး အများသူကာ နေ့ခင်းကြောင်တောင်ပင် အပြင်သို့ မသွားရဲခဲ့ကြချေ။ သူသည် နတ်ဆိုးဆန်သော ဘုန်းကြီးပင်။
“မဟုတ်ဘူး ကျုပ် ခင်ဗျားတို့ကို မေးခွန်းတစ်ခု မေးချင်လို့”
ယဲ့ဖန်က ခေါင်းခါ၍ သူတို့ကို စူးစူးရဲရဲ ပြန်ကြည့်လေသည်။
“ထန်မိသားစုနဲ့ အခြားမိသားစုက အပြစ်မရှိတဲ့လူတွေကို ဘယ်သူ သတ်တာလဲ”
“ဪ အဲ့ပုရွက်ဆိတ်တွေကိုလား၊ ငါတို့အားလုံး မျှဝေပြီး လုပ်တာပေါ့”
မျက်ခုံးမွေး ဖြူနေသော အဘိုးအိုက သုန်မှုန်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“မင်းလည်း သိတာပဲလေ၊ သူတို့က ဒီလောက် လူများနေတာ ငါတို့သာ အတူတူ ခွဲမလုပ်ရင် ဘယ်လိုလုပ် သူတို့ကို သတ်နိုင်မှာလဲ”
“ဒါပေမဲ့လည်း ငါတို့ တော်တော် ပျော်ခဲ့ရပါတယ်၊ သူတို့အော်သံတွေက လောကမှာ အလှဆုံး သံစဉ်တွေလိုပဲ သိပ်နားထောင်လို့ကောင်းတာ”
နည်းနည်းလေးမှ အပြစ်ရှိသလို မခံစားရသလို သနားညှာတာစိတ်လည်း မရှိကြပေ။ ထိုအကြီးအကဲများသည် အလွန်အမင်း သွေးအေးလွန်းလှ၏။
“ပြီးတော့ သူတို့ မိန်းမတွေ,၊ ကျစ်ကျစ် ... ငါ တစ်ယောက်ချင်းစီကို ပျော်ပါးပြီးတာနဲ့ သတ်ပစ်တာ၊ နောက်တော့ သူတို့က များလွန်းတော့ မသတ်နိုင်တော့ဘူး ဟားဟား ...”
ကျောက်စိမ်းကဲ့သို့ ကြည်လင်သော မျက်နှာနှင့် ပညာသင်တစ်ယောက် ယပ်တောင်ကို အသာခပ်၍ ညစ်ကျယ်ကျယ် ပြုံးလေသည်။ သူသည် တမင် လျှာသပ်ပြကာ အလွန် ဆိုးရွားသော အမူအရာမျိုး လုပ်ပြနေသည်။
သူ့နာမည်မှာ ချိုက်ဟွာလန်ဖြစ်ပြီး အမျိုးသမီးများ၏ ခြေလက်များအား ရိုက်ချိုးရသည်ကို နှစ်ခြိုက်ကာ မသေခင် ဖြည်းဖြည်းချင်း ညှင်းသတ်ရသည်ကို သဘောကျသည်။ သို့မှသာ သူ အထွတ်အထိပ်သို့ ခံစားနိုင်၏။
“ပြီးတော့ သူတို့ကလေးတွေရဲ့ အရသာက သိပ်ကောင်းတယ်၊ ငါ သူတို့ကို ကုန်အောင် မစားနိုင်တော့လို့ သူတို့ကို ဖမ်းပြီး ငါ့ကိုယ်ပိုင် မီးဖိုချောင်ထဲမှာ သိမ်းထားရတယ်၊ တစ်နေ့ တစ်ယောက်စားပစ်ဦးမှာ၊ အရသာက နတ်သုဒ္ဓါ လိုပဲ”
လူသားစား ဘုန်းကြီးက ထူးဆန်းသော အပြုံးမျိုး ပြုံးနေ၏။ သူသည် လူသားစားရသည်ကို နှစ်ခြိုက်ပြီး ထိုအထဲတွင်မှ က‌လေးငယ်များအား စားရသည်ကို ပိုသဘောကျသည်။ အဘယ်ကြောင့်ဆိုသော် ကလေးငယ် များ၏ အသားက ပိုနူးညံ့သောကြောင့်ပင်။
“ပြီးတော့ အရယ်ရဆုံးက သူတို့အားလုံးက စကားတစ်ခွန်းတည်းကို ပြောတာပဲ၊ အဲ့စကားက ယဲ့ဘုရင်ကြီးက သူတို့အတွက် လက်စားချေပေးမှာတဲ့ ဟားဟားဟား ... သောက်ချီး ယဲ့ဘုရင်ပါကွာ”
ရယ်သံနှင့်အတူ ယဲ့ယွင်ထျန်း နေရာမှ ထလာပြီး ရှေ့သို့ လျှောက်လှမ်းလာသည်။ ထို့နောက် သူက ယဲ့ဖန်ကို အေးစက်သော မျက်နှာထားဖြင့် လှမ်းကြည့်နေသည်။ သူ့မျက်လုံး၌ အဆိပ်ပြင်းသည့် သတ်ဖြတ်လိုသော အကြည့်များ ယှက်သန်းနေလေသည်။
“ခဏနေရင် သူတို့ရဲ့ ယဲ့ဘုရင်ကြီးက တမလွန်မှာ သူတို့နဲ့ ပြန်ပေါင်းစည်းတော့မှာပဲ”
“ထုံမိသားစု ငါ ဖျက်ဆီးတယ် အဲ့တော့ ဘာဖြစ်လဲ”
“ကျောက်မိသားစုကို ငါ ဖျက်ဆီးတယ်၊ မင်း င့ါကို ဘာလုပ်နိုင်လဲ”
“စွန်းမိသားစုကို ငါ သေတဲ့အထိ နှိပ်စက်တယ်၊ မင်းမှာ ငါ့ကို သတ်နိုင်တဲ့ ဘာနည်းလမ်း ရှိလဲ”
အကြီးအကဲများသည်လည်း ထရပ်ကာ ယဲ့ဖန်အား မောက်မာ၍ အထင်သေးသော အကြည့်များဖြင့် ကြည့်လာ ကြသည်။
“ပြီးတော့ သူတို့ကို သတ်ဖို့ အမိန့်ပေးလိုက်တာ ငါပဲ”
ယဲ့ယွင်ထျန်းက ဟက်ဟက်ပက်ပက် ရယ်မောနေပြီး သူ့မျက်လုံးတွင် အထင်သေး၍ ရန်စသော အရိပ်အယောင်များ ပြည့်နှက်နေ၏။
“အခု ငါ မင်းကို သူတို့နဲ့ တွေ့ဖို့ လွှတ်ပေးမှာ”
ယဲ့ယွင်ထျန်းက လက်ဝှေ့ယမ်း၍ လေသံမာမာဖြင့် အော်ပြောလိုက်သည်။
“သူ့ကိုသတ်လိုက်”
အကြီးအကဲအားလုံးက အပြုံးကြီးပြုံး၍ ပြေးတက်သွားသည်။
“ကောင်းတယ် သိပ်ကောင်းတယ်”
ယဲ့ဖန်က ကြိမ်းမောင်း၍ လှစ်ခနဲ လှုပ်ရှားလိုက်သည်။ တစ်ခဏအတွင်း သူသည် အရှေ့သို့ ဆယ်မီတာ ပိုရောက် လာ၏။
ထို့နောက် သူသည် မျက်ခုံးမွေး ဖြူနေသော အဘိုးအို၏ ခေါင်းထက်၌ ပေါ်လာပြီး ကြောက်စရာကောင်းသော အကြည့်များဖြင့် မာန်မဲလေသည်။
“ဒါဆိုလည်း မင်းတို့ သေလိုက်တော့”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now