Arc-6.1(နန်းကျအရှင်ကြင်ယာတော်)

Depuis le début
                                    

'ငါတို့ အခုထိ ဇာတ်လမ်းအကြောင်းမသိရသေးဘူး!!'

ထိုအခါမှ Foxလည်း သူရဲ့Hostကို ငေးမောနေရာကနေ သတိဝင်ကာ ဇာတ်လမ်းအကြောင်း စတင်ပို့ပေးတော့သည်၊

ဒီကမ္ဘာမှာ အမျိုးသားတွေသာရှိပြီး လိင်နှစ်မျိုးသာရှိသည်၊သန်မာသန်စွမ်းကာ အရာရာကိုစွမ်းဆောင်နိုင်တဲ့ယောကျာ်းများနဲ့ နူးညံ့ကာသိမ်မွေ့ပြီး ကလေးမွေးဖွားနိုင်တဲ့'ကော'များသာဖြစ်သည်၊ဟုတ်သည် ဒီကမ္ဘာဟာ အမျိုးသမီးကင်းမဲ့ဇုံဖြစ်တယ်၊

ဒီခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ပြောရအောင်၊ဒီခန္ဓာကိုယ်ပိုင်ရှင်ဟာ ချင်းယုယောင်ဖြစ်ပြီး လှပကာ သုံးစားမရတဲ့'ကော'ဖြစ်သည်၊

ပထမဘဝမှာ အမတ်ကြီးသားဖြစ်တဲ့ဒီကမ္ဘာရဲ့အဓိကဇာတ်ကောင်ဘပိုင်ချန်ရုန်ဆိုတဲ့သူဟာ အမူအကျင့်တွေပြောင်းလဲကုန်ပြီး အားလုံးရဲ့စိတ်ဝင်စားမှုကို ခိုးယူရုံသာမက သူနဲ့ထိမ်းမြောင်းထားသည့်အိမ်ရှေ့စံမင်းသားဆိုတဲ့သူကို လုယူသွားခဲ့သည်၊ဒါကြောင့် ချင်းယုယောင်ဟာ ဒေါသထွက်ကာ ပိုင်ချန်ရုန်ကို အနိုင်ကျင့်နှိပ်စက်ခဲ့ပေမယ့် ကယ်တင်ရှင်တွေဟာ ပေါလာမြဲပင် နောက်ပိုင်းမှာတော့ ဗီလိန်တို့ထုံးစံအတိုင်း ချင်းယုယောင်ဟာ အသတ်ခံလိုက်ရသည်၊

ဒုတိယဘဝမှာတော့ အခြေအနေတွေဟာ ပြောင်းလဲသွားတော့သည်၊သူတိုတိုင်းပြည်ဟာ ရုတ်တရက်တိုက်ခိုက်ခံရကာ အင်အားကြီးနိုင်ငံကြီးက သိမ်းပိုက်ခြင်းကိုခံလိုက်ရသည်၊သူဟာ အိမ်ရှေ့စံမင်းသားရဲ့ကြင်ယာတော်တစ်ပါးသာဖြစ်သေးပြီး တော်ဝင်မိသားစုကရော၊မိသားစုကဆီကပါ စွန့်ပစ်ခံလိုက်ရသည်၊ချင်းယုယောင်ဟာ ထိုအရာနာကြည်းသွားကာ တိုင်းပြည်ကို သစ္စာဖောက်ကာ အကုန်ပြောလိုက်တော့သည်၊ဒါပေမယ့် နောက်ဆုံးအသတ်ခံလိုက်ရတာက အသတ်ခံလိုက်ရမြဲပင်၊

အခုချိန်မှာတော့ သူဟာ အဖမ်းခံရကာ ချုပ်နှောင်ခံထားရပြီး သစ္စာမဖောက်ရသေးပေ၊ချင်းယုယောင်ရဲ့ဆန္ဒဟာ လူတွေဆီက နတ်ဘုရားလို ကိုးကွယ်တာခံချင်သည်၊

'လီးကို နတ်ဘုရားလို ကိုးကွယ်တာ ခံချင်နေ! သောက်သုံးကမကျဘူး ဖြစ်ချင်တာက ကောင်းကင်က ကြယ်လို လီးပဲ' ယွမ်နဉ်ချင့် ပြစ်ပြစ်နှစ်နှစ်ဆဲလိုက်တော့သည်၊ပြီးတော့ ဒီနေ့က ချင်းယုယောင် အမှန်တိုင်းဖွင့်ဟသည့်နေ့ဖြစ်တယ်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Où les histoires vivent. Découvrez maintenant