Arc-6.1(နန်းကျအရှင်ကြင်ယာတော်)

Start from the beginning
                                    

'...'

[Skillအသစ်ကို ရွတ်ဖတ်ရန်]

[နေလို တောက်ပစေ၊ရေလို သန့်စင်စေ၊လမင်းလို ဝင်းပစေ၊ပန်းလေး မွှေးကြိုင်စေ...နတ်ဘုရားတစ်ပါးလို လှပပါစေ]

'ဒါကို ရွတ်ဖတ်ရမယ်လို့ မပြောနဲ့' ယွမ်နဉ်ချင့်ရဲ့အမူအရာဟာ တင်းမာသွားကာ အံကြိတ်ရင်း Foxကို မေးလိုက်သည်၊Foxာလည်း အားတင်းကာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်၊ယွမ်နဉ်ချင့်မပြောနဲ့ Foxပင် ထိုskillအသစ်ရဲ့spellကို မရွတ်ချင်ပေ၊

[Fox:တစ်ခုခုထူးခြားသွားမှာပါ...Host Host~♥]

'မထူးခြားရင် မင်းသေပြီမှတ်!'

ထိုနောက်မှာတော့ ယွမ်နဉ်ချင့်ဟာ မတ်တပ်ရပ်လိုက်ပြီး ထိုspellကို စတင်ရွတ်ဆိုလိုက်သည်၊

[Skillအသက်ဝင်စေ]

"နေလို တောက်ပပါစေ" ချွေးတွင်၊ဂျီးတွေနဲ့ကပ်နေတဲ့မွဲခြောက်ခြောက်ဆံပင်ဟာ အရင်ပင်ကိုယ်အရောင်ဖြစ်တဲ့အဝါရင့်ရင့်လေးဘက်ကို ကူးပြောင်းလာတော့သည်၊အဝါရောင်ပေမယ့် ရွှေအဆင်းလိုတောက်ပနေတော့သည်၊မှိုင်ဝေ့ဝေ့မျက်ဝန်းပြာများဟာလည်း ကောင်းကင်ပြာလိုတောက်ပလာတော့သည်၊

"ရေလို သန့်စင်စေ" ဒဏ်ရာတွေ၊မွဲခြောက်ကာ ညစ်ပေနေတဲ့အသားအရေဟာ ကျောက်စိမ်းလိုချောမွေ့လာကာ နှင်းလိုဖြူဝင်းလာတော့သည်၊

"လမင်းလို ဝင်းပစေ" အရောင်မှိုင်မှိုင်အသွင်ရှိတဲ့ယွမ်နဉ်ချင့်ဝင်ထားတဲ့ကိုယ်ဟာ အမှောင်ထဲမှာပင် အရောင်ထွက်နေသယောင်ပင်၊

"ပန်းလို မွှေးကြိုင်စေ၊နတ်ဘုရားလို လှပစေ" အခန်းအနှံ့သင်းပျံ့ပျံ့ပန်းရနံ့များ သင်းပျံ့သွားတော့သည်၊ပထမက လိုအပ်ချက်များနေသည့်မျက်နှာလေးဟာ ပြစ်ချက်မရှိလှပနေတော့သည်၊

လှောင်ပိတ်ထားကာ ကြည့်ရဆိုသည့်အခန်းကျဉ်းထဲနတ်ဘုရားလေးတစ်ပါးဟာ အပြစ်ကင်းစွာထိုင်နေသလိုပင်၊

ယွမ်နဉ်ချင့်ဟာလည်း ကျေနပ်စွာ ပြုံးသွားတော့သည်၊အနံ့ဆိုးတွေမရှိတော့တာကြောင့် သူဟာတော်တော်ကို ကျေနပ်နေတော့သည်၊ဒါနဲ့ သူတို့တစ်ခုခုမေ့နေသလို ခံစားနေရသည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now