Arc-5.13(The Sun's Tears)

Start from the beginning
                                    

အခုလေလံပွဲရှိ ကျောက်ကတော့ ထိုနိုင်ငံရှိတ်ာဝင်မင်းသားတစ်ပါးပိုင်ဆိုင်ခဲ့သည့်အနက်ရောင်လက်စွပ်တစ်ကွင်းဖြစ်ပြီး ဈေးစတင်ချိန်မှာတင် သန်း၂၀နဲ့စတင်တော့ပြီး ထပ်တိုးငွေဟာ တစ်သန်းဖြစ်သည်၊

အန်ဒီဟာလည်း ထိုလက်စွပ်ကိုစိတ်ဝင်စားသွားတာကြောင့် သူဟာလည်း ဈေးစခေါ်လိုက်တော့သည်၊

"သန်းလေးဆယ်"

အန်ဒီရဲ့ဈေးကြောင့် အကုန်လုံးဟာမျက်လုံးပြူးသွားတော့သည်၊ဈေးနှစ်ဆတင်လိုက်တာကြောင့်ဖြစ်သည်၊စီစဉ်သူရဲ့မျက်နှာဟာလည်း ရွှင်သွားပြီး

"ခုံနံပါတ်(11)ကလူကြီးမင်းက The dragon's heart(ring)ကို သန်းလေးဆယ်နဲ့လေလံစတင်ဆွဲလိုက်ပြီး ဘယ်သူဈေးပြိုင်လိုက်ချင်သေးလဲ" လို့ပြောရင်း အချက်ပေးတူကို ကိုင်ကာ

* ​ဒေါက် * တစ်ချက် စခေါက်လိုက်သည်၊တစ်ချို့လူတွေဟာ ထိုဈေးကိုမလိုက်ချင်ကျပေ နောက်မှာပစ္စည်းတစ်မျိုးရှိသေးတာကြောင့် မစွန့်စားစေချင်ပေ၊

* ဒေါက် *

"သန်းလေးဆယ့်တစ်သန်း" နိုရာဟာ စတင်ပြီးဝင်ပြိုင်လိုက်သည်၊ထိုလက်စွပ်ကို မလိုချင်ပေမယ့် အန်ဒီကိုအနိုင်ကျင့်ချင်နေသည်၊ထိုတစ်ယောက်မှာ ဘယ်လောက်များများရှိမှာလဲ၊

"သန်းခြောက်ဆယ်" အန်ဒီဟာ နိုရာကို ပြုံးကာကြည့်လိုက်ပြီး ဈေးပြိုင်လိုက်သည်၊အန်ဒီအပြုံးကြောင့် နိုရာဟာ စနိုးစနှောင်းဖြစ်သွားတော့သည်၊အန်ဒီဟာ သူ့ကိုတမင် ဈေးလိုက်ပြိုင်နေပြီး နောက်ဆုံးဈေးအများကြီးရတဲ့ချိန်မှာ ဆက်မလိုက်တော့တာ သူ့ကို ထောင်ချောက်ထဲရောက်အောင် လုပ်ချင်နေတာပဲဟု နိုရာဟာ တွေးတောလိုက်ပြီး အန်ဒီကို အထင်သေးစွာကြည့်လိုက်သည်၊အန်ဒီက သန်းခြောက်ဆယ်ရှိသည်ဟု နိုရာမထင်ပေ၊

ဒါကြောင့် သူဟာ ဈေးပြိုင်တာ ရပ်လိုက်ပြီး စီစဉ်သူကို လှမ်းပြောလိုက်သည်၊

"စီစဉ်သူက ဒီလူက ပိုက်ဆံကောရှိလို့လား လူအထင်ကြီးအောင် လေလံဆွဲနေတာလည်း ဖြစ်နိုင်တယ် ကျေးဇူးပြုပြီး ဒီလူရဲ့နောက်ခံကို စစ်ဆေးကြည့်ဦး ကျွန်တော်က မင်းတို့အတွက် စိုးရိမ်လို့ပြောတာ" နိုရာစကားကြောင့် အကုန်လုံးဟာ အန်ဒီကို ကြည့်လာတော့သည်၊ ငွေရောင်နဲ့အနက်ရောင်ရောစပ်ထားသည့်maskကို တပ်ထားပေမယ့် ထိုလူရဲ့ခန့်ညားမှုဟာ ပျောက်ကွယ်မသွားပေ၊ခါးမတ်မတ်ထိုင်ကာ တည်ငြိမ်ဟန်ကာ တစ်ကယ့်သူဌေးကြီးတစ်ယောက်လိုပင်၊သူဟာ နိုရာစကားကို ကြားတော့ စိတ်ဆိုးသွားပုံမပေါ်ဘဲ ရယ်ပင်ရယ်မောလိုက်ပြီး

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now