part 145

244 19 0
                                    

unicode
အခန်း-၁၄၅

ချီးရှီနတ်မင်းက ဟူအာအား သေရည်ငှဲ့ပေးရင်း သူကပါ မော့သောက်လိုက်၏။ ရှေးနတ်ဘုရားများ၏ အကြောင်းအရာများကို ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် ချီးရှီနတ်မင်းကသာလျှင် ပို၍ သိနိုင်ပေလိမ့်မည်။ ဟူအာက ထိုင်၍ နားထောင်ရုံသာ ရှိတော့၏။

ဟူအာ ချီးရှီနတ်မင်းဆီသို့ ရောက်လာခြင်းက မေးခွန်းတချို့မေးမြန်းရန် ဖြစ်သည်။ ထို့ကြောင့် ချီးရှီနတ်မင်း ပြောနေသမျှကို ထိုင်၍ နားထောင်နေခြင်း ဖြစ်သည်။

ချီးရှီနတ်မင်းက စကားမပြောလိုတော့သည့် အချိန်တွင်မှ ဟူအာက စကားစပြောရန် တွေးလိုက်သည်။

“ချီးရှီနတ်မင်း ဒီအငယ်သားလေးက မေးစရာ ရှိပါတယ်”

“မင်းက ဟိုကောင်လေးနဲ့ မတူဘူး ဆိုတာ ငါသိတယ်။ မင်းက သူနဲ့မတူဘူး၊ မင်းက မရိုးရှင်းဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးက သူ့ရဲ့ ကိုယ်ရေကိုယ်သွေးပဲလေ။ ပြောပါ မင်းလိုချင်တာက ဘာလဲ”

ဟူအာက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။

“ဟူအာက ဘယ်လို နတ်စွမ်းအားသုံးတဲ့ အတတ်ပညာမျိုးကို ရွေးချယ်သင်ကြားသင့်တာလဲ ဆိုတာကို သိချင်ပါတယ်”

“မင်းလား.. မင်း အကုန်လုံး လေ့လာလို့ ရတယ်လေ။ ဘာကို စောင့်နေသေးတာလဲ”

“ဒါပေမဲ့ ဟူအာက အဲလောက်အထိ နတ်စွမ်းအားများပြားတဲ့ နတ်မင်းတစ်ပါး မဟုတ်သေးတော့ သင့်တော်တဲ့ အတတ်ပညာတစ်ခုခုကို အရင်ဆုံး တတ်မြောက်ထားပြီးမှ ကောင်းကင်မှ အခြေခိုင်ခိုင် ရပ်တည်နိုင်မှာပါ”

ချီးရှီနတ်မင်းက ဟူအာကို စိုက်ကြည့်လျက် မျက်မှောင်ကြုတ်လာသည်။ အဆုံးတွင် သူက ဆို၏။

“မင်းနဲ့ သင့်တော်တာက ဟုန်လျန်ရဲ့မိုးကြိုးအတတ်ပညာတွေပဲ ဒါပေမဲ့ မင်းရဲ့မိုးကြိုးနတ်စွမ်းအားက မနိုးထသေးဘူး။ မင်း တခြားအရာတွေကို များများစားစား တွေးမနေဘဲနဲ့ မင်းအမေလိုပဲ အခြေခံ သဘာဝတရားလေးပါးကိုပဲ ယူသုံးလိုက်ပါလား”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီOn viuen les histories. Descobreix ara