part 135

219 24 0
                                    

unicode

အခန်း-၁၃၅

ကောင်းကင်နတ်တစ်ပါး နတ်မင်းသား တစ်ပါးအနေဖြင့် ထွက်ပြေးတာက မသင့်တော်ပေ။ သို့သော် ဟူအာက တိုက်ပွဲအတွေ့အကြုံ မရှိသူ ဖြစ်သည်။ ထိုမျှ လူအများကြီးနှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းက ဟူအာ လုပ်နိုင်မလား ဆိုတာ မသေချာပေ။

မြောက်ပင်လယ်ရေနန်းတော် ဘက်သို့ ပြေးဖို့ ပြင်လိုက်ပေမဲ့ ထိုအရှေ့တွင် နောက်ထပ် လေးယောက်က ပေါ်လာပြီး တားဆီးခံလိုက်ရသည်။

ဟူအာက နတ်လက်နက် မရှိပေ။ မိုးကြိုးနန်းတော်နှင့်အတူ ထွက်ပေါ်လာသော လက်နက်က ဟူအာ အသုံးပြု၍ မရပေ။ ထိုနတ်လက်နက်က လက်နက်ဝိညာဉ်ရှိနေကာ ဟူအာကို မနာခံပေ။ ထိုလက်နက်ဝိညာဉ်က တလီကျိုးဟူကိုသာ အသိအမှတ်ပြုထားခြင်း ဖြစ်သည်။

ထို့ကြောင့် ဟူအာ၏ လက်တွင် ရစ်ဖွဲ့နေသော်လည်း အလှပြပစ္စည်းသက်သက်သာ ဖြစ်သည်။ ဟူအာထံတွင် နတ်လက်နက်တစ်ခုမှ မရှိပေ။

ထို့အပြင် ဟူအာက အခြေခံ နတ်စွမ်းအား အသုံးချမှု မပြည့်စုံသေးပေ။ ထို့ကြောင့် ဟူအာက ဖန်တီးမှု နတ်စွမ်းအားဖြင့် နတ်လက်နက်များစွာကို မဖန်တီးနိုင်ပေ။ ဟူအာ ဖန်တီးနိုင်သမျှ အကုန်မှာ ရေခဲလက်နက်ပုန်း တချို့မျှသာ ဖြစ်သည်။

ကျိုးမျိုးနွယ်နတ်စွမ်းအား၏ မူလစွမ်းအားက ကြီးမားသည် မှန်သော်လည်း သင့်တော်သော လှုပ်ရှားမှု သို့မဟုတ် မန္တာန်ဖြင့် ပေါင်းစပ်ခြင်းဖြင့်သာ ထိရောက်မှု ရှိသည် ဖြစ်သည်။

ယခုတွင်မှ ဟူအာက သူ့ခမည်းတော် ပြောခဲ့ဖူးသည့် သင့်တော်သော အတတ်ပညာရပ်ကို ရှာဖွေပြီး ထပ်လေ့လာရမည်ဟု ဆိုခြင်းကို နားလည်သွားပြီ ဖြစ်သည်။

နတ်မင်းသား တစ်ပါး ဖြစ်ရခြင်းက တိုက်ပွဲတွင် မရှုံးနိမ့်သင့်ပေ။ ထိုသို့ ရှုံးနိမ့်ခြင်းက ထိုနတ်မင်းသား၏ ဂုဏ်ကို လျော့ကျသွားစေနိုင်မည် ဖြစ်ပြီး နယ်မြေဒေသများမှ လေးစားမှုကိုလည်း လျော့ကျသွားစေမည် ဖြစ်သည်။

တိုးဝင်လာသော ဓားချက်များကို လူးကာ လှိမ့်ကာ ရှောင်တိမ်းနေရင်းမှ အချိန်မည်မျှ ဆွဲထားနိုင်သည်ကို တွက်ဆလိုက်မိသည်။ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းက ဟူအာနှင့် မစိမ်းသက်သော်လည်း သူသေကိုယ်သေ တိုက်ခိုက်ခြင်းကတော့ ဟူအာနှင့် စိမ်းသက်နေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now