Part 158

78 11 0
                                    

အခန်း-၁၅၈

"ယဉ်ကျေးမှုကို မရှိဘူး ဘာကို ဟိုကောင်လဲ.. သူတောင်မှ မင်းကို အဲလို ရိုင်းတဲ့အသုံးအနှုန်းတွေ မသုံးဖူးဘူး"

"သူကျတော့ ရတယ်လေ ကျွန်တော်က ဘာလို့ မရတာလဲ"

"မင်းပိုင်ဆိုင်ထားတဲ့ အသက်ဓာတ်က ကျိုးမျိုးနွယ်ရဲ့ ကုသမှုနတ်အသက်ဓာတ် ဆိုရင်တော့ မင်း ခေါ်သွားလို့ ရကောင်းရလိမ့်မယ် ဒါပေမဲ့ မင်းရဲ့နတ်အသက်ဓာတ်က အဲလို မဟုတ်ဘူးလို့ ငါထင်နေတယ်"

"ကျွန်တော့်အသက်ဓာတ်က ဘာလဲ ဆိုတာကို ကျွန်တော်တောင်မှ မသိဘူး။ ပြီးတော့ နတ်အသက်ဓာတ်ကို အမှောင်ကိုးပါးကို တိုက်ထုတ်တုန်းက တစ်ကြိမ်ပဲ ကောင်းကောင်း ထုတ်နိုင်ခဲ့တာ"

ကျိုးဟူက ပြောလိုက်ပြီးနောက် သူ့လက်ကို ဆန့်ထုတ်လိုက်ကာ နတ်အသက်ဓာတ်ကို လက်ဖဝါးပေါ်တွင် ထုတ်ဖော်လိုက်၏။

ကျန်းမင်ရှီနတ်မင်းက ထိုအသက်ဓာတ်ကို နတ်စွမ်းအားဖြင့် စမ်းကြည့်လိုက်သည်တွင် မျက်မှောင်ကြုတ်သွားတော့၏။

"ဖျက်ဆီးခြင်း.. ဘယ်လိုဖြစ်လို့ ဖျက်ဆီးခြင်းအသက်ဓာတ် ဖြစ်နေတာလဲ"

ကျန်းမင်ရှီနတ်မင်းက အလွန်အမင်း ထိတ်လန့်သွားမိသည်။ ဟူအာက တိုက်ခိုက်မှုအတွက် အသည်းအသန် လေ့ကျင့်နေရချိန်မှာ ကျိုးဟူက တိုက်ခိုက်မှုကို မတွေးမတောဘဲ ပြုလုပ်နိုင်စွမ်း ရှိခြင်းကို ကျန်းမင်ရှီ မအံ့သြတော့ပေ။ ကျိုးဟူ၏ နတ်အသက်ဓာတ်က ဖျက်ဆီးခြင်း ဖြစ်နေခဲ့သည်။

ထိုအခြင်းအရာအရ ကျိုးဟူ၏ နတ်အသက်ဓာတ်အနည်းငယ်မျှက တစ်ဖက်လူ၏ နတ်စွမ်းအားအတွင်းသို့ စိမ့်ဝင်သွားသည်နှင့် တစ်ဖက်လူက တိုက်ရိုက်ဖျက်ဆီးခံရခြင်းကို ဖြစ်စေနိုင်သည်ဖြစ်ရာ ဖျက်ဆီးခြင်းနတ်အသက်ဓာတ်က တိုက်ခိုက်မှုအတွက် အားကောင်းသော နတ်လက်နက်တစ်မျိုးဟုပင် ဆိုနိုင်လေသည်။

ဖျက်ဆီးခြင်းနတ်အသက်ဓာတ်က ရှားပါးခြင်း မတည်ရှိခြင်း မဟုတ်သော်လည်း ကုသမှုနှင့် ဖျက်ဆီးမှုက ဆန့်ကျင်ဘက် ဖြစ်သည်။

ထို့အပြင် နတ်အသက်ဓာတ်နှစ်မျိုးက နတ်ခန္ဓာကိုယ်တစ်ခုတည်းတွင် တည်ရှိနေခြင်းက ထူးခြားဆန်းကျယ်လွန်းနေပြီဖြစ်၏။ ထိုအဖြစ်အပျက်မျိုးက ရှားပါးလှကာ နတ်ခန္ဓာကိုယ်၏ တည်ရှိမှုကိုပင် ယိုယွင်းမှု ဖြစ်သွားစေနိုင်လေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီΌπου ζουν οι ιστορίες. Ανακάλυψε τώρα