အခန်း ၁၇

260 39 1
                                    

Zawgyi
အခန်း (၁၇)

ဟူအာ နောက်ထပ် ခေါင်းယမ်းလိုက်မိသည်။ သူလည်း တကယ်ကို မသိတာလေ။ ထို့ကြောင့် ခေါင်းခါပြဖို့ပဲ တတ်နိုင်တယ်လေ။ ကျိုးလျန် နတ်မင်းက အလွန်အမင်း သိချင်သော ဟန်ပန်ဖြင့် အနားသို့ ထပ်တိုးလာပြီး..

“တကယ်ဆို သူက.. အမှန်ပြောရရင် မင်းလို အရှိန်အဝါ မရှိတဲ့ နတ်သူငယ်တစ်ပါးကို အလုပ်ကြွေးပြုဖို့ မသင့်တော်တဲ့ အခြေအနေမှာ ရှိတယ်..”

ဒီစကားကို ပြောလိုက်ဖို့ ကျိုးလျန် နတ်မင်းက သူ့မျက်နှာကို အားနာစွာ ကြည့်နေသေး၏။ ပြီးမှ.. ကျိုးလျန် နတ်မင်းက..

“မင်းကို နိမ့်ကျတယ်လို့ ဆိုလိုချင်တာ မဟုတ်ဘူး.. သူက.. သာမာန် နတ်တစ်ပါးထက် ပိုလွန်တဲ့ စွမ်းအား ရှိတယ် ဆိုတာကို ပြောပြချင်ရုံပါ..”

“ကျွန်တော် နားလည်ပါတယ်.. ဒါပေမယ့် ကျောင်းကို လာတဲ့လမ်းမှာ တွေ့ခဲ့တာ ဆိုတော့.. သူ့သခင်အစစ်က ဘယ်သူလဲ ကျွန်တော်မသိဘူး.. သူက ကျွန်တော့ကို သခင်လို့ ခေါ်ပြီး လိုက်လာနေတာ.. ပြောရရင်.. ကျွန်တော်က သူ့ကို လက်ခံထားတာပါ..”

“အဲ့လို ရှိတာလား..”

သူတို့ နှစ်ဦး ပြောနေစဉ်မှာပဲ သူ့အနားသို့ ရှောင်ညောင်က ရောက်လာပြီး..

“သခင်.. သခင်က ကျွန်မ သခင် အစစ်ပါ.. တကယ်..”

ဟူအာလည်း ခေါင်းညိတ်လိုက်ပြီးမှ..

“မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ..”

“ငါ မှတ်မိတယ်.. မင်းက အဲ့တုန်းက အနီရောင်လေး.. သေးကွေးတဲ့ ဝိညာဉ်လေးပဲ ရှိသေးတာ.. ဒါပေမယ့် မင်းမှာ အနံ့ရှိတယ်..”

နတ်တွေ၏ ကိုယ်ပိုင်အနံ့ကို ရနိုင်တာက မိစ္ဆာမျိုးနွယ်တွေပဲ ရှိတာမို့.. ဒီငှက်ကလေးက လူသားကနေ မိစ္ဆာ.. မိစ္ဆာကနေမှ တစ်ဆင့် နတ်တစ်ပါး ဖြစ်လာသည်ဟု သတ်မှတ်ရမည်။

“အနံ့..”

“မင်း သွားပြီး လေ့ကျင့်တော့လေ.. ဒီလရဲ့ နောက်ဆုံးအပတ်မှာ စမ်းသပ်ပွဲ ရှိတယ်..”

ကျိုးလျန် နတ်မင်းက ပြောတော့ သူ ခေါင်းညိတ်လိုက်ပြီး.. တောင်အောက်သို့ ဆင်းရန် ပြင်ဆင်လိုက်သည်။ တောင်ပေါ်မှာက စာသင်သားတွေ ပြည့်နေတာမို့.. သူ နတ်အစွမ်းကို အနည်းငယ်မျှသာ သုံးလို့ ရနေတာကို မထုတ်ပြချင်ပေ။ ပိုပြီး ဆိုးတာက ထာဝရနတ် ဖြစ်နေပြီးမှ.. မြေပြင်မှလမ်းကလေး စာသင်ဆောင်တွင် နေနေရခြင်းက ဟာသဖြစ်ဖွယ်ဟု လူသားတွေက သတ်မှတ်ထားကာ ရယ်မောတတ်ခြင်းပင် ဖြစ်၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now