part 142

198 17 0
                                    

unicode
အခန်း-၁၄၂

ဟူအာ ကျန်းမင်ရှီနတ်မင်း ဘေးနားသို့ ပြေးသွားကာ သစ်ကိုင်းတစ်ခုကို ကောက်ယူလိုက်ပြီးနောက် နတ်စွမ်းအားကို ထည့်လိုက်ကာ ဓားအသွင်ကို ဖန်တီးရန် ပြင်လိုက်သည်။

“ဂျွတ်..”

သို့သော် ထိုသစ်ကိုင်းက ကျိုးသွား၏။ ဟူအာက ကျန်းမင်ရှီနတ်မင်းကို မော့ကြည့်လိုက်တော့ ကျန်းမင်ရှီနတ်မင်း၏ မျက်နှာက ထိုသို့ ဖြစ်လာမည်ကို သိနှင့်ပြီးသား ဖြစ်နေဟန် တူသည်။

“နတ်စွမ်းအာ များရင် သစ်ကိုင်းကို ဖျက်ဆီးမိလိမ့်မယ်”

ကျန်းမင်ရှီနတ်မင်းက တိုတိုတုတ်တုတ် ပြောလာသည်။ ဟူအာ ကျိုးသွားသော သစ်ကိုင်းကို ပစ်ချလိုက်ပြီးနောက် အသစ်တစ်ခုကို ထပ်ယူလိုက်ကာ ထပ်မံ၍ အသစ်ဖန်တီးရန် ကြိုးစားလိုက်သည်။ သို့သော် သစ်ကိုင်းက အရာမယွင်းပေ။

“နတ်စွမ်းအား နည်းတာ ဒါမှမဟုတ် နတ်အသိစိတ်က ဝေဝါးတာ ဆိုရင် ပုံမပေါ်လာဘူး။ မန္တန်အတွက် နတ်စွမ်းအား ကုန်တာပဲ အဖတ်တင်တယ်။ ထပ်လုပ်ကြည့်..”

“ကောင်းပါပြီ”

ဟူအာကလည်း အလျော့ပေးမည် မဟုတ်ပေ။ သစ်ကိုင်းနောက်ထပ် တစ်ကိုင်းကို ကောက်ယူလိုက်ပြီးနောက် ဓားအသွင်ကို ဖန်တီးရန် အားစိုက်လိုက်၏။ သစ်ကိုင်းက ဓားအသွင်သို့ ဖြည်းညင်းစွာ ပြောင်းသွားပြီးသည်နှင့် ဟူအာလက်အတွင်းမှ လှစ်ခနဲ ပြေးထွက်သွားကာ စတင်ခုတ်ပိုင်းတော့၏။

ကျန်းမင်ရှီနတ်မင်းက ထိုဓားအသွင်သဏ္ဌာန်ကို ထိန်းချုပ်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်း၍ ဟူအာ၏ လက်ထဲသို့ သစ်ကိုင်းကို ပြန်ထည့်လိုက်ကာ ပြောသည်။

“နတ်အသိစိတ် များသွားရင် တိုက်ခိုက်မှုကို ချက်ချင်း ပုံဖော်လိမ့်မယ်”

ကျန်းမင်ရှီနတ်မင်းက နန်းဆောင်နှင့် နန်းဆောင်ဝန်းအကြား ကွက်လပ်တစ်ခုကို ဖန်တီးလိုက်ပြီးနောက် အကာအရံတစ်ခုကို လက်ဖြင့် ဝှေ့ယမ်းကာ ပြုလုပ်လိုက်သည်။ ပြီးနောက် ပြောလာ၏။

“မင်း အရင်တုန်းက ရေခဲလက်နက်ပုန်းလေးတွေ ဖန်တီးနိုင်ဖူးတယ် မဟုတ်လား။ အဲဒါကကျ ရေကနေ ရေခဲအသွင်ကို ဖန်တီးလိုက်တာလေ၊ အခု ပြောင်းလဲတဲ့ သဘောတရားနဲ့ ဆင်တူတယ်။ မန္တန်ပဲ ကွာခြားတာမို့ မင်း အဲဒီနည်းအတိုင်း စမ်းကြည့်လို့ ရတယ်”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now