အခန်း ၁၂

316 47 0
                                    

Zawgyi
Paid Groupတွင် ဖတ်ရှုနိုင်ပါသည်။

အခန်း (၁၂)

“ဆစ်ကျီ နတ်မင်း..”

“အော်.. ရေဘုရင် ရှောင်လုချီ ငါ့နန်းဆောင်ကို လာတာ ဆိုတော့ ထူးခြားတာ ရှိလို့လား..”

“ဒါက ပိုင်ဒေသရဲ့ မင်းသားပါ.. ပိုင်ဟုန်ဟူ..”

“အော်.. ရင်းအာကို ဒဏ်ရာရစေခဲ့တဲ့ မြေခွေးမောင်နှမလား..”

ထိုအထိလည်း ဟူအာ တိတ်ဆိတ်နေမိဆဲ ဖြစ်၏။ ထိုခံစားချက် နည်းနည်းမှ မရှိသော နတ်မင်းထံတွင် ဟုန်ရွယ်၏ အသက်ကို ပြန်တောင်းဆိုဖို့ ဖြစ်နိုင်မှာလားဟု သံသယ ဖြစ်ဖွယ်အပြည့် ရှိသည်။ ရှောင်လုချီက အနည်းငယ် အမ်းသွားသော မျက်နှာဖြင့် ဖြစ်သော်လည်း.. ဆစ်ကျီ နတ်မင်းကပဲ ဆက်၍..

“ယီမင်က မင်းတို့ကို အပြစ်မပေးပဲ ပြန်လာခဲ့တယ်လို့ ကြားတယ်.. အဲဒါဆို လုံလောက်ပြီလေ.. ဘာလို့ ကောင်းကင်ထိ တက်လာပြီး ပြသနာ ရှာဖို့ လိုမှာလဲ..”

“ဟုန်ရွယ်ရဲ့ ဒဏ်ရာကို မြေပြင်ဒေသက ဘယ်နတ်မှ ကုလို့ မပျောက်ဘူးလို့ ပြောတယ်..”

ဟုန်ဟူ အရဲစွန့်လျက် ပြောလိုက်ရ၏။ သို့သော် ထိုနတ်မင်းက ပိုပြီး အေးစိမ့်သွားစေနိုင်သော အကြည့်တို့ဖြင့်..

“သေသင့်တယ်.. ရင်းအာကို ဒဏ်ရာရအောင် လုပ်ရဲတဲ့ နတ်ဆိုရင် ကိုယ့်ဖြစ်တာကို ကိုယ့်ဖာသာ ခံယူဖို့လည်း မမေ့နဲ့လေ.. အဲ့ဒီကိစ္စနဲ့ မင်းတို့ ငါ့ဆီမှာ အကူညီလာတောင်းတာ ဆိုရင်တော့ မင်းတို့ အရွေးမှားပြီ.. ငါက သမာသမတ်ကျတဲ့နတ် မဟုတ်ဘူး.. တစ်လောကလုံးက နတ်တွေ သေနေမှ ငါ့ရဲ့ရင်းအာ ပျော်မယ် ဆိုရင် သူမပျော်ပါစေ..”

“ခင်ဗျားက ဘာနတ်မင်းလဲ ဘယ်လို နတ်မင်းမို့လို့.. ဒီလို စကားကို ပြောရဲရတာလဲ.. အဲ့ဒီ ကျိုးရင်း.. သူက နဖူးမှာ ဒဏ်ရာအနည်းငယ်ပဲ ရသွားတာ.. ကျွန်တော် အစ်မက သေတော့မလို ဖြစ်နေတာ.. အဲဒါကို..”

“သူက သေသင့်လို့လေ.. ရှောင်ရောင်း.. ရေဘုရင်ကို လိုက်ပို့လိုက်ပါ..”

ရှောင်လုချီက ဘာမှမတတ်နိုင်သော ကိစ္စအဖြစ် သတ်မှတ်လိုက်ကာ.. ဆစ်ကျီ နတ်မင်း ပြောတဲ့အတိုင်း.. သလင်းနန်းဆောင်မှ ထွက်ရန် ပြင်လိုက်သည်။ သို့သော် ဟုန်ဟူဆိုသော အနီရောင်မြေခွေးကတော့ ထိုသို့ မတွေးမိပဲ ဆစ်ကျီ နတ်မင်းထံသို့ ပြေးဝင်သွားကာ.. လမ်းကို ပိတ်ရပ်လိုက်၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWo Geschichten leben. Entdecke jetzt