Part 63

244 35 0
                                    

အခန်း (၆၃)
သူမက အမြဲတမ်း မျက်နှာမာမာနဲ့ပဲမို့ ဟူအာနှင့် သိပ်မရင်းနှီးတာကြောင့် ဟူအာ သလွန်ထက်တွင် လဲနေသော ဦးလေးဖြစ်သူထံသို့ အကြည့်က ရောက်သွားလေသည်။ ဦးလေးပိုင်လင်က ဒဏ်ရာရထားသော ပုံစံ ဖြစ်နေ၍ ဟူအာ စိတ်ပူပန်သွားမိပြီးနောက် အနားသို့ တိုးကပ်သွားသည်။
“ဦးလေး ဘယ်နေရာက နေမကောင်း ဖြစ်တာလဲ”
“ကိစ္စမရှိပါဘူး၊ မင်း ရုတ်တရက်ကြီး ဘယ်လိုလုပ် ပြန်လာတာလဲ၊ မင်း ကောင်းကင်မှာ သွားနေပြီလို့ မင်းအမေက ပြောနေတာ”
“ဦးလေးတို့ ဇနီးမောင်နှံက ဒီမှာ ဘယ်လို ရောက်နေတာလဲ၊ အဖေနဲ့အမေရော”
“ဟူအာ မင်း ဘယ်လို ပြန်လာတာလဲ”
အမေက မီးဖိုခန်းအတွင်းမှ အငွေ့တထောင်းထောင်း ထွက်နေသော ဆေးရည်ခွက်ကို ကိုင်ယူလာပြီးမှ ဦးလေး၏ လက်အတွင်းသို့ ထည့်ပေးလိုက်သည်။ အမေက သူ့အနားသို့ တိုးလာပြီးမှ သူ့မျက်နှာကို ကိုင်ကြည့်လာပြီး ဆိုလာသည်။
“ကောင်းကင်က အစာရေစာ ရှားပါးလို့လား၊ မင်း ဘယ်လိုတောင်မှ ပိန်သွားတာလဲ”
“ဘယ်ကသာ အစာရေစာ ရှားပါးမှာလဲ၊ ကျွန်တော် မအားလို့ပါ”
အမေက သူပြန်လာတာကို ပျော်ရွှင်ဟန် ပြသော်လည်း မျက်နှာက အနည်းငယ် မကောင်းပေ။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ဟူအာ ကိုယ်တိုင်ကလည်း ဘာတွေ ဖြစ်နေတာလဲ။ ရက်တော်တော်များများ အိပ်ပျော်နေတယ်လို့ ထင်မိပေမယ့် မဟုတ်ပဲနဲ့၊ တောင်ပိုင်းက ရေမင်းသမီးနဲ့ တွေ့နေပြီးတော့ သူမကလည်း သူ့ကို စိတ်ဆိုးသွားသေးသည်။
“မင်း ပြန်လာရဲသေးတယ်ပေါ့၊ မင်း ငါ့ကို ဒီလိုပုံစံ ဖြစ်အောင် လုပ်ထားပြီးတာတောင်မှ မင်း ဒီကို မျက်နှာလာပြရဲသေးတယ်ပေါ့”
ဟုန်ရွယ်က ကျောင်းမှာ ရှိနေရမှာ မဟုတ်လား။ ဘယ်လို ဖြစ်ပြီးတော့ အိမ်ကို ပြန်ရောက်နေတာလဲ။
“ဟုန်ရွယ်”
မွေးလာကတည်းက အတူတူ ကြီးပြင်းလာသော အစ်မဖြစ်သူက ဟူအာကို စိမ်းသက်သော စကားတို့ဖြင့် စွပ်စွဲ ပြောဆိုတော့ ဟူအာ ဘာမှန်း မသိသေးပဲနှင့် ငေးကြည့်လိုက်မိသည်။ အမေက ဟုန်ရွယ်နှင့် ဟူအာ အကြားသို့ ဝင်လိုက်ပြီးမှ ဟုန်ရွယ်ကို တားမြစ်လိုသောမူဟန်ဖြင့် နာမည်ကို တားဆီးခေါ်သည်။
“မင်းကြောင့် ဖန်းအစ်ကိုက ငါ့ကို လက်မခံဘူး၊ ပြီးတော့ မင်းကြောင့် ငါကို အားလုံးက ဖယ်ကျဉ်ကြတယ်၊ နောက်ဆုံး ငါ ကျောင်းကနေ ထွက်လာရတယ်”
“မင်း သူနဲ့ ဝေးသွားတာ ကောင်းတယ်”
ရေရေရာရာ အကြောင်းတရားကို မပြောနိုင်ဘူး ဆိုရင်တောင်မှ ဖန်းရှိုးဝိန်က ကောင်းမွန်တဲ့လူ မဟုတ်ဘူး ဆိုတာတော့ ဟူအာ ပြောနိုင်သေးသည်။ အစ်မဖြစ်သူက သဘောကျလွန်းလို့သာ ဟူအာ ပြောဆိုဖို့ ခက်ခဲနေပေမယ့် အခု အစ်မကို ဒီလို ထားခဲ့သည် ဆိုခြင်းက ကောင်းသည်ပင်၊
“မင်းက ကျောင်းမှ ကမောက်ကမ ပြုလုပ်ခဲ့လို့ ဖန်းအစ်ကိုက မြေပြင်မှလမ်းကလေး စာသင်ဆောင်ကို ရောက်သွားပြီးတော့ ငါ့ကို လက်မခံတော့တာ”
“အဲဒါ ငါနဲ့မဆိုင်ဘူး အစ်မ၊ မင်းအသိဉာဉ်ကို သေသေချာချာ ရှင်းလင်းသင့်တယ်”
“တော်ပြီ မောင်နှမတွေ ဒီကိစ္စနဲ့ ရန်ဖြစ်တာမျိုး အမေ မကြိုက်ဘူး၊ မင်းတို့ အဖေလည်း ကြိုက်မှာ မဟုတ်ဘူး၊ ဒါက ရန်ဖြစ်ရမယ့် ကိစ္စလည်း မဟုတ်ဘူး၊ ဟုန်ရွယ် ဒီကိစ္စမှာ သမီးလွန်တယ်လို့ပဲ အမေ ထင်တယ်၊ ကိုယ့်မိသားစုဝင် မဖြစ်လာသေးတဲ့ သူတစ်ယောက်အတွက်နဲ့ မိသားစုဝင်ကို စွပ်စွဲ ပြောဆိုတာမျိုး မလုပ်သင့်ဘူး၊ ပြီးတော့ ဟူအာက အိမ်ကို မကြာခဏ ပြန်လာလို့ရတဲ့သူ မဟုတ်ဘူး”
“ဟူအာ ဟူအာ အမေတို့က ဟူအာကိုပဲ အလေးပေးတာ သမီးကိုကျ အမြဲတမ်း ပစ်ပယ်ထားကြတာပဲ”
“ဒုန်း!!”
ဟုန်ရွယ်က သူမ၏အခန်းအတွင်းသို့ ဝင်သွားပြီးနောက် ကျောက်တံခါးကို ဒုန်းခနဲ မြည်အောင်ပင် ပိတ်လိုက်လေသည်။
“ဟူအာ မင်းအစ်မကို စိတ်ထဲမထားနဲ့၊ သူမက အခု စိတ်ထိခိုက်ခံစားနေရလို့ပါ၊ သိပ်မကြာခင်မှာ ဒါက ပြေပျောက်သွားမှာ၊ သားစိတ်မခုပါနဲ့”
“ဟူအာ နားလည်ပါတယ်၊ အမေ စိတ်ချပါ၊ ဟူအာက ယောက်ျားလေးပဲ၊ အစ်မနဲ့ဘယ်လို ပြိုင်ဆိုင်ပြီး စိတ်ကောက်နေမှာလဲ၊ မဖြစ်နိုင်တာ”
“ဒါနဲ့ သား ဘယ်ကနေရ လာခဲ့တာလဲ”
“ကျွန်တော် မြေပြင်နတ်ဒေသကို လေ့လာစရာ ရှိလို့ လာရင်းက လမ်းမှာ အိမ်ရှေ့မင်းသားနဲ့ ဆုံပြီတော့ ကျိုးဖန့်သုန် နတ်မင်းရဲ့ အိမ်တော်ကို ရောက်သွားတာ”
“အဟွတ် အဟွတ်”
ဟူအာက ထိုသို့ ပြောလိုက်တော့ ဦးလေးပိုင်လင်က ဆေးခွက်ကို မော့သောက်နေရင်းက အဟွတ် အဟွတ် ဟု ချောင်းဆိုးလာလေသည်။ အမေက ဦးလေးပိုင်လင်၏ ကျောကို ပွတ်သပ်ပေးလိုက်ရင်းက ဟူအာကို ပြန်လည်မော့ကြည့်လာပြီး သားဖြစ်သူ၏ ရင်ဆိုင် ကြုံတွေ့လာသမျှကို သိချင်ဟန်ဖြင့် မေးလာသည်။
“ကျိုးအိမ်တော်ကိုလား၊ စာပေကျမ်းဂန်တွေပဲ ရှိတယ်လို့ နာမည်ကြီးတယ်၊ သား ဒီလပိုင်းတွေမှာ ဘာတွေ ကြုံတွေ့ရတာလဲ”
“ကျိုးအိမ်တော်မှာ အကြာကြီး မနေခဲ့ပါဘူး၊ သူတို့ ထမင်းစားကြပြီးတော့ ဟူအာလည်း ထွက်လာခဲ့တာ”
ထမင်းစားနေရင်းက ထထွက်လာတယ် ဆိုလျှင် လူကြီးတွေအပေါ် မယဉ်ကျေးရာ ကျမည်မို့ ညာလိုက်တော့ ဦးလေးပိုင်လင်က ဟူအာကို တအံ့တသြဖြင့် မေးမြန်းလာလေသည်။
“ထမင်းစားကြပြီးတော့ ဆိုတော့ သူတို့က မင်းကိုပါ ထမင်းစား ခေါ်သေးတာလား”
“ဟုတ်တယ်လေ”
ဒါက အမှန်အတိုင်းမို့ ထိုသို့သာ ဖြေလိုက်သည်။ ထိုတွင် ဦးလေးပိုင်လင်နှင့် ဒေါ်လေး ကျိုးလော့အော်၏ မျက်နှာက တစ်မျိုးတစ်မည် ဖြစ်သွားလေသည်။ ဒေါ်လေး ကျိုးလော့အော်က အနောက်ကနေ ထရပ်လာရင်းက ဆိုလာသည်။
“လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်တုန်းက ငါ့ရဲ့ဒေါ်လေးက ကျိုးမျိုးနွယ်အတွက် စည်းမျဉ်းသစ်တစ်ခုကို စတင်ခဲ့တယ်၊ မိသားစုဝင်မှသာ အတူတူ ထမင်းစားကြရမယ်၊ မိသားစုဝင် မဟုတ်ရင် ကျိုးမျိုးနွယ်တွေနဲ့ တစ်တန်းတည်း အတူတူ ထိုင်ပြီးတော့ ထမင်းစားသောက်ခွင့်မရှိဘူး”
“ကျိုးရင်း နတ်ဘုရားမကလား”
“မင်းကို ထမင်းစားဖို့ ခေါ်တယ် ဆိုတော့ ထူးဆန်းလိုက်တာ၊ မင်းက ကျိုးမျိုးနွယ်မှာ တော်တော်လေး နေရာရနေတယ် ဆိုတဲ့ သဘောတရားပဲ မဟုတ်လား၊ ငါတောင်မှ အတူတူ ထမင်းစားဖို့ကို..”
အခွင့်အရေးမရတော့ဘူး ဆိုသည့် စကားကို ဆက်မပြောတော့ပါပဲနှင့် လော့အော် အံကြိတ်လိုက်မိလေသည်။
“အော် ဒါနဲ့ ကျိုးဖန့်သုန် နတ်မင်းက ဒေါ်လေးကို ပစ္စည်းတစ်ခု ပါးလိုက်တယ်”
ထိုအခါတွင်မှ လော့အော် မျက်လုံးများ တဖြတ်ဖြတ် တောက်ပသွားပြီး ယူထုတ်လာမည့် ပစ္စည်းကို လိုက်ကြည့်မိသည်။
“ဒါ”
ကမ်းပေးလာသော အကြည်ရောင် မှန်တစ်ချပ်က ဟူအာ၏ လက်အတွင်းဝယ် ပေါ်လာလေတော့ လော့အော် တုန်ခနဲပင် ဖြစ်သွားမိလေသည်။ ဒါက အပြစ်ပေးတဲ့ မှန်မဟုတ်လား။ အဖေက သူမကို အပြစ်ပေးဖို့ ဒါကို ပေးခဲ့တာလား။
ဒီမှန်က စိတ်အတွင်းမှ ဆိုးညစ်မှု အားလုံးကို မှန်ပေါ်တွင် ထပ်ခါထပ်ခါ ထင်ဟပ်စေပြီး ပြုလုပ်ခဲ့သမျှသော အရာများကို မှတ်ထားကာ ထပ်ခါတလဲလဲ ပြောပြနေတတ်သော မှန်ဖြစ်သည်။ ဒီမှန်ကို အပြစ်ပေးတဲ့နေရာမှာ အသုံးချလေ့ ရှိသည်က ကျိုးဖန့်သုန်နတ်မင်း တစ်ပါးတည်းပင် ဖြစ်လေသည်။
ရေမှန်ကို ပေးလိုက်သူထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနေမည် ဖြစ်ပြီး ရေမှန်က ပြုလုပ်သမျှသော အပြစ်တို့အတွက် အဆက်မပြတ် အပြစ်တင်နေခြင်းကို ပြုလုပ်လိမ့်မည်။ ထိုမျှထက်မက ပါက ရေမှန်က နှလုံးနာချင်စဖွယ်သော ကျိန်စာများဖြင့် ရွတ်ဆိုပြကာ ကိုယ့်ကိုယ်ကို ဒဏ်ခံစေအောင် လှည့်ဖျားပြီး အပြစ်ပေးမည်။
ထို့ကြောင့် လော့အော် ထိုမှန်ကို မြင်သည်နှင့် တုန်တက်သွားမိလေသည်။ ဒါက ကောင်းကင်၏လက်နက်များ စာရင်းတွင် မပါဝင်သော်လည်း ကျိုးဖန့်သုန် နတ်မင်း၏ ဆင်ခြင်တတ်စေရန် အသုံးချသော ပစ္စည်းတစ်ခု ဖြစ်၍ ဖယ်ဖျက်ရန် ခက်ခဲသော နတ်ပစ္စည်းတစ်ခု ဖြစ်သည်။
“ငါ မယူဘူး၊ ငါမယူဘူး!!”
လော့အော်က အထိတ်တလန့် အော်ပစ်လိုက်ပြီးမှ ဟူအာ၏လက်အတွင်းမှ မှန်ကို လက်ဖြင့် ပုတ်ချပစ်လိုက်လေသည်။ ဟူအာက လက်ကို ယမ်းကာ ရှောင်လိုက်ပြီးမှ၊ အနားမှ ကျောက်စားပွဲတွင် ချပေးလိုက်သည်။
“ဒါက ကျိုးနတ်မင်းက ပေးခိုင်းလိုက်တာ ဆိုတော့ ဒေါ်လေး မလိုချင်ဘူး ဆိုရင် ကိုယ်တိုင်ပဲ ပြန်သွားပေးလိုက်တာ ကောင်းပါတယ်”
“ပြန်ယူသွား ဒါကို ပြန်ယူသွား!!”
လော့အော် ဆိုးဆိုးဝါးဝါး အော်လိုက်တော့ ရေမှန်က စားပွဲမှ ပျံတက်လာပြီး လော့အော်၏ အင်္ကျီအိတ်အတွင်းသို့ ဝင်ရောက်လေသည်။ ကျိုးလော့အော်၏ ထိတ်လန့်မှုကြောင့် ဟူအာပင် အမေ့ကို ထိခိုက်မိမည် စိုးကာ အနောက်သို့ ပို့၍ ကာကွယ်ထားလိုက်လေသည်။ ဦးလေးပိုင်လင်က သက်ပြင်းချရင်းမှ တိုးတိုးဆိုသည်။
“သူ့အဖေက သူမကို အပြစ်ပေးတာ”
“သူ့အဖေက သူမကို အပြစ်ပေးချင်တယ် ဆိုရင်တောင်မှ ငါတို့ မျက်နှာကို ထောက်ရမယ်လေ လော့အော်က ငါတို့ မိသားစုဝင် ဖြစ်နေပြီ မဟုတ်လား”
“အစ်မ၊ ကျွန်တော့်ကို ဆေးကုပေးတာ ကျေးဇူးတင်ပါတယ်၊ ဒီနေ့ပဲ အိမ်တော်ကို ပြန်လိုက်ပါတော့မယ်”
“ကောင်းပြီ မင်း ကောင်းကောင်းသွားအုံး၊ ပြီးတော့ မင်းဇနီးကို ဖေးမပေးလိုက်အုံး၊ သူမက ကြောက်နေတယ် ထင်တယ်”
ဦးလေး ပိုင်လင်က ဟူအာကို ကြည့်လာသည်။ တစ်ခုခုကို ပြောချင်ဟန်ဖြင့် မျက်နှာလွဲလိုက်ပြီး ဟူအာဘက်ကို ပြန်ကြည့်လာသည်။
“ဟူအာ နောက်ကျရင် မင်း ဦးလေးကို ခွင့်လွတ်ပေးပါ”
စကားကို ထိုမျှသာ ပြောပြီးနောက် သူ့ဇနီးကို ပွေ့ဖက်ကာ ထွက်ခွာသွားလေတော့သည်။
“ဟူအာ ဘာစားချင်လဲ သားရောက်လာတာကို ကောင်းကောင်း မကြိုဆို လိုက်ရသေးဘူး”
“အမေ၊ အဖေရော်”
“မင်းအဖေက တခြားနယ်ကို သွားတယ်၊ ဟိုနေ့က ဆစ်ကျီနတ်မင်း ရောက်လာပြီးတော့ မင်းဦးလေးကို အပြစ်ပေးသွားတာ”
“ဆစ်ကျီနတ်မင်း၊ သူက လူရိုက်ရတာကို မကြိုက်ပါဘူး၊ ကောင်းကင်နတ်သမိုင်းမှာ ပထမဆုံးသော နယ်မြေတွေအတွက် ငြိမ်ချမ်းရေးတာဝန်ကို ထမ်းပေးမယ့် နတ်မင်းလိုတယ်လို့ ပြောခဲ့တဲ့ နတ်မင်းပါ”
“အမေတော့မသိဘူး၊ ဒါပေမယ့် မင်းဦးလေးကို မေးတော့လည်း အဲဒီကိစ္စက ဘာလဲ ဆိုတာကို မပြောပြနိုင်ဘူးပဲ ပြောနေတာ”
“အဲဒါနဲ့ ဦးလေးကို ဒီလိုပုံစံ ဖြစ်အောင် လုပ်သွားတာလား”
“မင်းဦးလေးရဲ့အမြုတေက ကွဲအက်နေတယ် ဆိုတာကို ငါတို့တောင်မှ အဲဒီနေ့ကျမှ သိရတာ”
“ဘာ၊ အမြုတေက ကွဲအက်နေတယ်”
အမြုတေက ကွဲအက်နေတယ် ဆိုမှ အမြုတေကွဲနေပါတယ်ဟု ဆိုထားသော ညောင်အာကို သတိရမိလေသည်။ အမြုတေ ဆိုတာက တော်တန်ရုံ အက်ကွဲနိုင်တာမျိုးမှ မဟုတ်တာ။
“အမြုတေက ကွဲအက်ပြီးတော့ ကျိုးရင်းနတ်ဘုရားမရဲ့ နတ်သက်ကယ်ရေခဲနဲ့ ပြန်ကုစားနေရတယ်”
“နတ်သက်ကယ် ရေခဲ”
“အဲ့ဒါကို ကျိုးရင်းနတ်ဘုရားမက ကောင်းကင်အလင်းတန်းနဲ့ သူမရဲ့အသက်ဓာတ်ကို ရောသွင်းပြီးတော့ စိမ့်စမ်းပြာအိုင်က ရေခဲနဲ့ ပြုလုပ်ထားတာ အသက်ဓာတ်မရှိတော့တဲ့ နတ်ကိုတောင်မှ ကယ်တင်လို့ ရနိုင်တယ်လို့ ပြောတယ်”
“အဲဒီကပ်စည်းနည်းတဲ့ နတ်ဘုရားမရဲ့ ပစ္စည်းကို ဦးလေးက ဘယ်ကနေ ရလာတာလဲ”
“မေးတာ မဖြေဘူး၊ ဒါပေမယ့် မင်းအဖေက ဆစ်ကျီနတ်မင်းက ပိုင်ဒေသကို စော်ကားတယ် ဆိုပြီးတော့ ဒေါသထွက်နေတယ်”
“ခဏ၊ ဆစ်ကျီ နတ်မင်းက အရေးသုံးပါးကို ဝင်ပါလေ့ မရှိဘူး၊ ဒါပေမယ့် အရေးသုံးပါးကနေ ကျော်လွန်ပြီး ဝင်ပါပြီ ဘယ်သူ့မျက်နှာမှ မထောက်ဘူး ဆိုကတည်းက သမိုင်းအထောက်အထားအရ ဒါက ကျိုးရင်းနတ်ဘုရားမနဲ့ ပတ်သတ်လိမ့်မယ်၊ ကျိုးဖန့်သုန် နတ်မင်းကလည်း သူ့သမီးကို အပြစ်ပေးတယ် ဆိုတော့ ဦးလေးတို့တွေ ကျိုးရင်းနတ်ဘုရားမကို ကျူးလွန်မိကြတာလား”
“အမေလည်း တွေးနေတာ အဖြေတော့ မပေါ်ဘူး”
“အမေ ထပ်တွေးကြည့်၊ တကယ်လို့ ဦးလေးတို့တွေ ကျိုးရင်းနတ်ဘုရားမကို ကျူးလွန်မိဖို့က မလွယ်ဘူး၊ ပိုပြီး မလွယ်တာက ကျိုးရင်းနတ်ဘုရားမသာ သိရင် ဘာလို့ တခြားသူတွေကို အကူညီတောင်းပြီးတော့ အပြစ်ပေးဖို့ စေခိုင်းနေမှာလဲ၊ သူမက ဒီလောက် စိတ်ဆတ်တာ ကိုယ်တိုင် အပြစ်ပေးမှာ သေချာပေါက်ပဲ၊ ဒါပေမယ့် သူမကိုယ်စား တခြားသူတွေက အပြစ်ပေးတယ် ဆိုတော့ သူမကို ဦးလေးတို့ ကျူးလွန်ထားမှန်း သူမကိုယ်တိုင်က မသိနေတာ ဖြစ်နိုင်မလား”
“ကျိုးရင်းနတ်ဘုရားမ မသိအောင် မင်းတို့ ဦးလေးက ဘယ်လို ကျူးလွန်နိုင်မှာလဲ”
“အမေ ကျူးလွန်တာက အခုမှမဟုတ်ပဲနဲ့ ဟိုးအရင်က ကျူးလွန်ထားပြီးတော့မှ အခုကျမှာ ဆစ်ကျီနတ်မင်းတို့က ရှာတွေ့တာ ဆိုရင်ကော၊ အမေလည်း ဦးလေးပိုင်လင် အကြောင်း သိနေတာပဲ၊ သူသာ အမှားမလုပ်ထားရင် အခုလို ငြိမ်ခံနေမှာမှ မဟုတ်တာ”
×××××××
Paid Group(Vip Group) ရှိပါတယ်နော်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီKde žijí příběhy. Začni objevovat