Part 36

278 41 1
                                    

အခန်း (၃၆)

အမှောင်နန်းဆောင် အတွင်းသို့ ရောက်သည်နှင့် ချီးရှီ နတ်မင်းက သေရည်ကို မော့သောက်နေရင်းဖြင့် သူ့ထံသို့ ပြေးလွှားလာသော.. မြွေပါငယ်လေးကို ဖမ်းလိုက်ပြီး ပုခုံးထက်သို့ လှမ်းတင်လိုက်သည်။ အိမ်ရှေ့မင်းသားအား တွေ့တော့..

“ယီမင်.. ငါ မင်းကို အကူညီ တောင်းချင်တာ ရှိတယ်..”

“ဆရာ ပြောပါ..”

ယီမင်က လဲကျနေသော မြေခွေးလေးကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးမှ ချီးရှီ နတ်မင်းအား အရိုအသေပေးရင်း ပြောသည်။

“သူက ဘယ်နတ်မျိုးနွယ်ဝင်လဲ ဆိုတာကို ငါ မသိချင်ဘူး.. ဒါပေမယ့် ငါ သူ့ကို မသေစေချင်သေးဘူး.. ငါပြောတာ မင်းသိလား..”

ချီးရှီ နတ်မင်းက ထိုသို့ ပြောလိုက်တော့ ယီမင် မြေခွေးလေး အနားသို့ တိုးကပ်လာမိသည်။ ပြီးမှ..

“အနီရောင် မိုးကြိုး စွမ်းအားတွေ သူ့ကိုယ်ထဲမှာ ပျံ့နှံ့နေတာ.. တပည့် မကယ်တင်နိုင်မှာ စိုးမိပါတယ်..”

ချီးရှီ နတ်မင်းက ဒူးတစ်ဖက်ထောက်လျက် ထိုင်လိုက်ပြီးမှ.. ယီမင်အားမော့ကြည့်ရင်း..

“နောက်ကော မင်း ဘာတွေ့သေးလဲ..”

ယီမင် တစ်ချက်မျှ ပြုံးလိုက်ပြီးမှ.. ဆရာ၏ အရှေ့တွင် ထိုင်ချလိုက်သည်။

“သူလား.. သူ့မှာ မွေးကတည်းက ကျိုးမျိုးနွယ်ရဲ့ နတ်စွမ်းအားတားဆီးစည်း ပါလာတာ.. အဲဒါကြောင့် သူ့ဆီမှာ အယောင်ဆောင် ကျိုးမျိုးနွယ် စွမ်းအား ပုံစံ ရှိပါတယ်..”

ချီးရှီက ယီမင်အား မျက်မှောင်ကုတ်လျက် ကြည့်လိုက်ပြီးမှ..

“အဲ့ဒီ ကျိုးမျိုးနွယ်ရဲ့ နတ်စွမ်းအားတားဆီးစည်းကို လက်ရှိ ကျိုးရင်းပဲ ပြုလုပ်နိုင်တာ.. မွေးကတည်းက ကံကောင်းပြီး ရလာတယ် ဆိုရအောင် သူက သဘာဝနတ်မင်း မဟုတ်ဘူး.. သူ ဘယ်သူလဲ.. ဘာလို့ စွမ်းအား သုံးမျိုးကို တစ်ဦးတည်း ပိုင်ဆိုင်ထားရတာလဲ..”

“စွမ်းအားသုံးမျိုး..”

ယီမင်က ဟူအာကို ပြန်စိုက်ကြည့်လိုက်ပြီးမှ.. ရေရွတ်သည်။ ချီးရှီ နတ်မင်းက သက်ပြင်းချလိုက်ပြီးမှ မတ်တပ် ပြန်ရပ်ကာ.. ပုခုံးမှ မြွေပါလေးကို လက်ဖြင့် ပွတ်သပ်ရင်း..

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now