part 94

187 24 0
                                    

unicode
အခန်း ၉၄
ယခင်က အဖေကလည်း ဟူအာတို့ မောင်နှမက ဝိညာဉ်ပန်းသစ်တောကို လောင်ကျွမ်းစေလုမတတ် ဖြစ်စေပြီးနောက် မြေခွေးဂူအတွင်း ပိတ်လှောင်ထားခဲ့ဖူးသည်။

ကြည့်ရသည်မှာ ထိုမင်းသမီးငယ်လေးက ငယ်ရွယ်လွန်းသေးပြီး ဆော့ကစားလွန်းသည်မှာ အထူးပြောဖွယ်ရာ မရှိတော့ပေ။ ဆိုရလျှင် နှစ်တစ်ထောင် ဟူသော သက်တမ်းက အရွယ်ရောက်ပြီဟု ဆိုနိုင်သော်လည်း ငယ်လွန်းသေးသည့် အသက်ကာလ ဖြစ်သည်။

ဟူအာသည်က ဒီနှစ်နှစ်အတွင်း တွေ့ကြုံရသည်က များလွန်း၍သာ ယခင်ကဲ့သို့ ပြေးလွှားဆော့ကစားသည့် အရွယ်မှ အတန်ငယ် ရင့်ကျက်လာရခြင်း ဖြစ်သည်။ အမှောင်ကိုးပါးကို လွန်မြောက်ပြီးနောက်တွင်မှ တာဝန်ကျင့်ဝတ်များစွာ ရှိသွားပြီး ဖြစ်ကာ ထိုသို့သော ကျင့်ဝတ်များကြောင့် ငယ်ရွယ်လွတ်လပ်မှုကိုတော့ ပြန်ရှာရန် အနည်းငယ် ပို၍ ခက်ခဲသွားခြင်းမျှသာ ဖြစ်သည်။

ဆိုရလျှင် ဟူအာက အသက်နှစ်တစ်ထောင်သာ ရှိသေးသော်လည်း မယုံနိုင်လောက်အောင် ရင့်ကျက်သည်ဟု ဆိုနိုင်ပေသည်။

ရတနာပစ္စည်းများစွာဖြင့် တစ်ကိုယ်လုံး ပြိုးပျက်လက်နေပြီး ဂါဝန်အတိုဝတ်ထားသည့် ထိုမိန်းကလေးက နှစ်တစ်ထောင်သာ ရှိသေးပြီး ရင့်ကျက်မှု မရှိသေးသည်မှာ အံ့သြဖွယ်ရာတော့ မဟုတ်ပေ။

“မင်း ဘယ်လို ရောက်လာတာလဲ၊ တကယ်ဆို ဒီကိစ္စက ငါ့ကြောင့်မှ မဟုတ်ဘဲနဲ့ မင်းပဲလေ၊ မင်းလုပ်တာပဲကို”

ဟူအာ ထိုစကားများကို အနည်းငယ် နားမလည်နိုင်သလို ခံစားရသော်လည်း ပြန်မေးရန်အထိ မတွေးလိုက်မိပေ။

“ဒါဆို.. တောင်ပိုင်းရေဘုရင်က ရှောင်ဇီအာမိန်းကလေးကို ကောင်းကင်နန်းတော်ကို အလည်အပတ် ခွင့်ပြုနိုင်မလား ဆိုတာ ဟူအာ သိချင်ပါတယ်၊ ပြီးတော့.. ကျွန်တော်က ဘေးမထိရန်မခစေပဲ တောင်ပိုင်းပင်လယ်ကို ပြန်ပို့ပေးပါ့မယ်”

“နတ်မင်းသားငယ် အားနာလွန်းပါပြီ”

ဟူအာက ကောင်းကင်မှ နတ်မင်းသားတစ်ပါး ဖြစ်သည်။ တရားဝင် နတ်မင်းသားဘွဲ့မယူရသေးရုံသာ ဖြစ်၏။ အလည်အပတ်သက်သက် တောင်းဆိုခြင်း ဖြစ်သလို ရေသူမင်းသမီးငယ်နှင့်က ကောင်းမွန်သော ဆက်ဆံရေး ရှိသေးသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now