အခန်း 6

469 57 0
                                    

Zawgyi
အခန်း (၆)

ယီမင် သူမအား တင်းကျပ်စွာ ပွေ့ပိုက်ထားလိုက်ပြီးမှ ခေါင်းမညိတ်နိုင် ဖြစ်နေသည်။ ဝိညာဉ်မဲ့ပြီး သေဆုံးသွားသော ကလေးငယ်အား.. သူ ဘယ်လို အသက်သွင်းပေးနိုင်မလဲ..၊

“ငါတို့ ထပ်ပြီး ကလေးမွေးကြမယ်.. သူ့လိုမျိုး.. မဟုတ်ဘူး.. သူ့ထက် သာတဲ့ စွမ်းရည်နဲ့ ကလေးကို..”

“ငါမလိုချင်ဘူး..”

ယီမင် စကားမဆုံးလိုက်ခင်မှာပဲ ရင်းအာက ယီမင်၏ ရင်ခွင်အတွင်းမှ ရုန်းထွက်လိုက်ပြီး ဆစ်ကျီနတ်မင်းအပါအဝင် တခြားသော နတ်မင်းသားတို့အား.. ကွေ့ရှောင်သွားကာ.. တလင်းဂူ၏ အပြင်သို့ တစ်လှမ်းချင်း ထွက်သွား၏။

သူမ၏ ရှည်လျားပြီး နက်မှောင်ကာ လှပနေသော ဆံနွယ်တွေက မထုံးဖွဲ့ထားသဖြင့် မြေပြင်တွင် ရှပ်တိုက်ပြေးနေ၏။ ထိုဆံနွယ်တို့သည် ခရမ်းဖျော့ရောင်သို့ တစ်မျှင်ချင်း တစ်မျှင်ချင်း ပြောင်းသွား၏။ သူမ၏ ငိုသံကလည်း တိတ်ဆိတ်သွားပြီး သူမ မျက်လုံးတို့က မှေးမှိန်လျက် ဖြစ်သွားသည်။ သူမဝတ်ထားသော အင်္ကျီကလည်း တောက်ပသော ခရမ်းရောင်မှ ဖျော့တော့နေသော ခရမ်းရောင်သို့ ကူးပြောင်းသွား၏။

ယခင်ကလို တက်ကြွ ဖြတ်လက်ပြီး.. ချစ်စဖွယ် အမူအရာ အပြည့်နှင့် ကျိုးရင်း နတ်ဘုရားမသည် တစ်ခဏအတွင်း.. မှိုင်းဖျော့သော ပုံပန်းသို့ ကူးပြောင်းသွားတော့၏။ ယီမင်က.. ရင်းအာ၏ ပုခုံးလေးအား လာ၍ ဆုပ်ကိုင်ပြီးလျှင်..

“ရင်းအာ.. ငါတို့ ဒီနှစ် တစ်သိန်းမှာ.. မင်း အချိန်အကြာကြီး အိပ်စက်ပြီး အနားမယူဘူးလေ.. မင်းနားလိုက်မလား..”

ယီမင် ပြောတာက အခါတိုင်း နာကျင်ရတိုင်း သူမက အိပ်သွားတတ်သဖြင့် နှစ်တစ်ထောင်မျှ အနားယူ အိပ်စက်ဖို့ ခွင့်ပြုလိုက်ခြင်း ဖြစ်၏။ သို့သော် ရင်းအာ ခေါင်းယမ်းလိုက်သည်။ ယီမင်၏ လက်တွေကို ဆုပ်ကိုင်လိုက်ပြီးမှ..

“ငါ မအိပ်ချင်ဘူး.. ယီမင် ငါ့ကလေးကို ငါ ပြန်မရနိုင်တော့ဘူးလား၊ ငါ့ကလေး သူ့မှာ ဝိညာဉ်ရှစ်ခုတောင် ရှိတယ်၊ သူ့ဝိညာဉ် ရှစ်ခုလုံးကို ဘယ်သူက ဖျက်စီးလိုက်တာလဲ.. ငါ့အတွက် အဖြေရှာပေးပါ.. ပြီးတော့.. ငါ ဒီအကြောင်းအရာကို ခဏမေ့ထားချင်တယ်..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now