part 116

163 22 0
                                    

unicode
အခန်း (၁၁၆)

ရှောင်ဇီအာက ဒေါသထွက်စွာဖြင့် ရေခဲချောက်မှ ထွက်ခွာသွားသည်။ ဟူအာ ကျိုးလျန်နတ်မင်းကို ခေါင်းညိတ် အရိုအသေပြုလိုက်သည်။ အမှန်မှာ ခေါင်းညိတ်ခြင်းက အရိုအသေပြုခြင်း မဟုတ်ပေ။ အသိအမှတ်ပြုသော အပြုအမူမျှသာ ဖြစ်၏။

သို့သော် ကျိုးလျန်နတ်မင်းက ကျိုးရင်းနတ်ဘုရားမနှင့် နှစ်ပေါင်းသောင်းချီ နေထိုင်ခဲ့သူ ဖြစ်သည်။ ကျိုးရင်းနတ်ဘုရားမ၏ အပြုအမူများကို ရင်းနှီးနေနှင့်ပြီးသူ ဖြစ်ကာ ညီမဖြစ်သူ၏ မယဉ်မကျေး ဆက်ဆံသည့် ပုံစံကိုလည်း ရင်းနှီးပြီးသူ ဖြစ်လေရာ ဤတူငယ်လေး၏ မယဉ်ကျေးမှုကို စိတ်ထဲတွင် အမှတ်မထား ဗွေမယူနေတော့ပေ။

ဟူအာ ထွက်သွားတော့မှ ကျိုးလျန်နတ်မင်းက ခေါင်းယမ်းပြီး တီးတိုးပြောလိုက်သည်။

“သူ့အမေအတိုင်းပဲ ဟူး.. ငါ့စိတ်ထင် သူသာ ကောင်းကင်မိုးကြိုးနဲ့ မမွေးလာရင် မွေးလာဖို့ တခြား နတ်ဝိညာဉ်တွေ ရှိမျာ မဟုတ်ဘူး။ သူမို့လို့သာ ဒီလိုအမှတ်လက္ခဏာနဲ့ မွေးလာရဲတာ”

ဟူအာက ကျိုးလျန်နတ်မင်း၏ အိမ်တော် အနောက်ဝန်းသို့ ခြေချလိုက်သည်နှင့် ထောင်ချီသော ရေခဲအမြုတေများဖြင့် ပြုလုပ်ထားသည့် ရေခဲရုပ်ထုများကို တွေ့လိုက်ရတော့သည်။

လုံဆစ်က ထိုနေရာအနီးသို့ မတိုးလာတော့ပေ။ ကျိုးလျန်နတ်မင်း၏ အနောက်ဝန်းအစပ်တွင်သာ ရပ်လျက် ကျန်နေခဲ့တော့၏။

ထိုရေခဲအိမ်တော်၏ ခြံဝန်းကို အရှေ့တောင်ပင်လယ်မှ ကျောက်တုံးငယ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ခြံဝန်းတစ်ခုတည်းကပင် ရှေးကျပြီး ပြင်းထန်သော နတ်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည်။ ထိုကျောက်တုံးများက ယခုတွင်မူ ရှားပါးလွန်းလှပြီ ဖြစ်၏။

သမိုင်းကြောင်းအရ ထိုအရှေ့တောင်ပင်လယ်မှ ကျောက်တုံးများက ရှေးဟောင်းခေတ် ကတည်းက ရေခဲချောက်စံအိမ်တော်သို့ သယ်ဆောင်လာခြင်းကို ခံခဲ့ရသည်ဟု ဆိုကြသည်။ သို့သော် နောက်ဆုံးတွင် ကျိုးလျန်နတ်မင်း၏ အိမ်တော်အတွက် ရေခဲရုပ်ထုများနှင့် ပိုင်းခြားရန် အသုံးဝင်သော တံတိုင်းဖြစ်လာသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now