Part 165

68 9 0
                                    

အခန်း-၁၆၅

ချင်းရန်နတ်မင်းက ထိုစကားကို အတန်ငယ် လက်မခံလိုဟန်ဖြစ်သော်လည်း ခေါင်းညိတ်ထောက်ခံလိုက်၏။

"ကောင်းကင်မင်းကြီးမှာ ထောက်ထားစရာက ရှိတာကိုး.. ပြောရရင် တစ်ဖက်လှည့်နဲ့ တော်စပ်ကြည့်ရင် သူတို့က ဝါအတူတူလောက် ကျသွားတာကိုး.."

ချင်းရန်နတ်မင်း ဆိုလိုသည်က ကောင်းကင်ဧကရီက ကျိုးရင်းနတ်ဘုရားမ၏ မွေးစားသမီးဖြစ်သည်ဖြစ်ရာ ကျိုးရင်းနတ်ဘုရားမှ မွေးဖွားလာသော ကလေးငယ်နှင့် အလိုအလျောက် မောင်နှမဟူသည့် တော်စပ်မှုပုံစံမျိုးနှင့် ဆင်သွားသည်ပင်။ ထို့ကြောင့် ကောင်းကင်မင်းကြီးနှင့် တလီကျိုးဟူက ပို၍ နီးစပ်သော ဆွေမျိုးတော်စပ်မှုတစ်မျိုးဖြစ်သွားကာ ဝါစဉ်က အတူတူလောက် ကျသွားသည်ဟု ဆိုနိုင်လေသည်။

"မင်းစကားပြောတာကို သတိထားရင် ကောင်းမယ်"

"ကျွန်တော်က ဦးရီးတော်တို့ကို တူငယ်လေးလို့ ခေါ်ဖို့ ကျွန်တော့်သားကို ပြောရမှာလား"

တိမ်ဆိုင်ကို စီးနင်းထားရင်း အနောက်မှ ရောက်လာသည့် အိမ်ရှေ့မင်းသားက နောက်ပြောင်သည့်စကားကို ပြောလိုက်သည့်တိုင် မျက်နှာထားက တည်ကြည်နေ၏။

"အာ.. နောက်ဆုံးတော့ မင်းရောက်လာပြီကိုး.. မင်းရဲ့အဘိုးတော်ကို မင်း ဘယ်လို ပြောခဲ့လဲ"

"သူ့သားရဲ့နတ်စွမ်းအားကို သူ့အမေက ချိတ်ပိတ်ထားတယ် အကာအရံထဲကနေ ထွက်လို့ မရတော့ဘူးလို့ ပြောခဲ့တယ်"

အိမ်ရှေ့မင်းသားက တည်ငြိမ်နေဟန် ရှိသော်လည်း စိုးရိမ်ပူပန်နေသည်က အထင်းသားပင်။

ချင်းရန်နတ်မင်းက ရယ်သွမ်းသွေးဟန်ဖြင့် ပြောလိုက်၏။

"ငါတို့ သူ့ကို အပြင်ကနေ စိတ်ပူနေရအောင် မတန်ပါဘူး။ သူက အကာအရံပတ်ပတ်လည်မှာ ပြေးနေတာပဲ။ ထွက်လာဖို့တောင် မတွေးဘဲ သူ ဆော့နေတယ်ဆိုတာ ကြည့်လိုက်တာနဲ့ သိသာတယ်"

အိမ်ရှေ့မင်းသားက အောက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် သက်ပြင်းချသည်။ လေးပင်သော လေသံဖြင့် ရေရွတ်လိုက်၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now