အခန်း ၈

377 52 0
                                    

Zawgyi
အခန်း (၈)

ပိုင်ထင်က သူ့လက်အတွင်းမှ သူ့သားအား ပြန်ပြီး လာချီလိုက်ကာ..

“ငါ့သားအငယ်လေးက ဘယ်လက် လက်ကောက်ဝတ်မှာ ခရမ်းရောင် အရစ်ကလေးနဲ့ပါလား.. တစ်ကိုယ်လုံး အနီ ဖြစ်ပြီးတော့ ထူးဆန်းတယ်.. သာမာန်တော့ မဟုတ်ဘူးပဲ.. ငါသူ့ကို ပိုင်ဟုန်ဟူလို့ နာမည်ပေးလိုက်မယ်.. ဟူအာ.. ဟူအာ.. ငါ့သမီးနဲ့ အမြွှာဆိုတော့ နာမည်ပါ တူညီသွားောအင် ပိုင်ဟုန်ရွယ်.. ဝူရွယ်ရဲ့ နာမည်ပါအောင် ပေးလိုက်မယ်..”

ကလေး နှစ်ဦးကို ပွေ့ချီကာ.. ပျော်မြူးနေသော ပိုင်ထင်အား ကြည့်လိုက်ပြီးမှ.. ပိုင်လင် ငြင်သာစွာ သက်ပြင်းချလိုက်မိသည်။ ~~ဟုတ်တယ်.. အဲဒါက မင်းရဲ့သားပဲ တစ်သက်လုံး မင်းရဲ့သားပဲ အစ်ကိုကြီး~~

“မရီးက မွေးသွားပြီဆို..”

“ဟုတ်တယ်.. နှစ်ဦး အဖြူလေးရယ် အနီလေးရယ်.. အနီလေးက အငယ်လေး..”

ပိုင်လင် လော့အော်အား ညာလိုက်ပြီး.. မြေခွေးဂူအတွင်းမှ ထွက်လာ ခဲ့လိုက်တော့သည်။ ~ကဲ့ ဟုန်ဟူ ငါလုပ်ပေးနိုင်တာကတော့.. ဒါပဲ.. ကျန်တာတော့ မင်းဖာသာ အသက်ရှင်ဖို့ ကြိုးစားပေတော့ ဟုန်ဟူရေ..~

မြေခွေးဂူအတွင်းမှ ထွက်လာတော့ အစေခံငယ်လေး တစ်ဦးက ပြေးလာပြီး.. အမောတကော လေသံဖြင့်..

“ပိုင်ဒေသနဲ့ ကောင်းကင်ကို ကူးလူးတဲ့ တံတားမှာ.. ကောင်းကင်က ဧည့်သည်တွေ ရောက်နေပါတယ်.. ဘုရင်မမွေးဖွားတယ်လို့ ကြားလို့ ရောက်လာတာလို့ ပြောပါတယ်..”

“ဟုတ်လား..”

သူက ဟုတ်လားဟုပင် ရှိသေးသော်လည်း.. အရှိန်အဝါကြီးမားသော နတ်မင်းများက ရောက်လာပြီ ဖြစ်လေသည်။ သူ့ရှေ့တွင် ရပ်နေသော ဆံပင်အဖြူနှင့် အေးစက်သော နတ်မင်းက ကောင်းကင်တွင် နာမည်ကြီးမားသော မျက်နှာအေးနတ်အို ဆစ်ကျီ နတ်မင်း ဖြစ်လောက်သည်။

ဆစ်ကျီ နတ်မင်း ဘေးနားတွင် ဆင်စွယ်ရောင် အင်္ကျီနှင့် နတ်မင်းက သားမွှေးယပ်တောင်ကို ခတ်လျက် ချိုသာသော အပြုံးတို့အား ပြုံးထား၏။ ထိုနတ်မင်းသားနှစ်ကိုတော့ ပိုင်လင် မြင်တွေ့ဖူးပြီးသား ဖြစ်သည်။ အနောက်တွင် ပါလာသော တခြားသော နတ်မင်းတချို့ကိုတော့ ပိုင်လင် မသိတော့ပေ။ သို့သော် အရိုအသေ ပေးလိုက်ပြီး..

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now