Part 47

238 33 1
                                    

အခန်း (၄၇)

ပင်လယ်ရှစ်ခုအနက် ပင်လယ် နှစ်ခုတွင် ဆက်ခံသူ မရှိတော့မည့် အရေးအတွက်.. နတ်မင်းသားနှစ် တလီချင်းရန်မှာ.. ပင်လယ် ပိုင်းခြားမှုကို လျော့ချပစ်ပြီး ပင်လယ်ရှစ်ခုမှ ပင်လယ်လေးခုသာ ထားရှိရန်ကို တင်ပြခဲ့သည်။ အုပ်ချုပ်သူ လုံလောက်စွာ မရှိခြင်း အတွက်.. ပင်လယ်လေးခု အဖြစ် ထားရှိရန် ဖြစ်သော်လည်း အနောက်ပင်လယ်မှ ကန့်ကွက်ခဲ့သည်။

အနောက်ပင်လယ် ရေဘုရင်မှာ.. အနောက်တောင်ပင်လယ်နှင့် အနောက်မြောက် ပင်လယ်အား သြဇာလွှမ်းမိုးမှုကို ရရှိထားခြင်းအား အကယ်၍ အနောက်တောင် ပင်လယ်နှင့်.. အနောက်မြောက် ပင်လယ် ဆိုတာသာ မရှိတော့လျှင်.. သြဇာလွှမ်းမိုးမှု လျော့ကျမည်ကို စိုးရိမ်၍ ထိုအရေးအား ကန့်ကွက်ခဲ့သည်။

အနောက်တောင်ပင်လယ်နှင့် အနောက်မြောက်ပင်လယ်မှာမူ မူလ မျိုးနွယ် ရေဘုရင်တို့ မရှိတော့ပဲ အနောက်ပင်လယ် ရေဘုရင်မှ ခန့်ထားသော ရေဘုရင်များသာ ရှိတော့သည်တွင် ပြောရလျှင် ပင်လယ်သုံးခုမှာ.. အနောက်ပင်လယ် ရေဘုရင်၏ ပိုင်ဆိုင်မှုဟုပင် ပြော၍ပင် ရနိုင်သည်။

ထိုအခြေအနေအား ကောင်းကင်မင်းကြီးနှင့် အိမ်ရှေ့မင်းသားက အနောက်ရေဘုရင်၏ ထောင်လွှားလာမှုအား.. သတိပြုမိပြီး.. ထိုအခြေအနေအား ထိန်းချုပ်ရန် ကြိုးစားလာခြင်း ဖြစ်လေသည်။ ထို့ပြင် ကောင်းကင်နှင့် သိပ်ပြီး မကျေလည်တတ်သည့် အရှေ့ပင်လယ် ရေဘုရင်.. ရန်ချင့်ကလည်း အနောက်ပင်လယ်အား အားပေးလိုသော အနေအထားတွင် ရှိလေသည်။

ထို့အတွက်.. နတ်မင်းသားနှစ်နှင့် အိမ်ရှေ့မင်းသားမှ တောင်ပိုင်းရေဘုရင် ဖြစ်သူ ရှောင်လုချီနှင့် မြောက်ပိုင်း ရေဘုရင် ဖြစ်သူ လုချီ၏ ဖခင်အား ခေါ်တွေ့လျက်.. စစ်ရေးကိုပင် တိတ်တဆိတ် ဆွေးနွေးထားပြီး ဖြစ်သည်။ အခါတိုင်း ကောင်းကင် အရေးအခင်းအား.. ဆစ်ကျီ နတ်မင်းမှ ဦးဆောင်ကာ ဖြေရှင်းလေ့ ရှိသော်လည်း.. ဆစ်ကျီ နတ်မင်းကား.. ကောင်းကင်မင်းကြီးထံသို့ ခွင့်တောင်းကာ ကောင်းကင်ညီလာခံ သို့ပင် မတက်ရောက်တော့ပေ။

“လုချီ.. ရှင် ဇီအာကို ဒီလောက် မတင်းကျပ်ပဲနဲ့.. နည်းနည်းလောက် အလျော့ပေးလိုက်ပါလား..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now