part 105

206 24 0
                                    

unicode
အခန်း-၁၀၅

ကြားနေရသော တီးတိုးအသံများကို ဟူအာ လျစ်လျူရှုထားလိုက်သည်။ သို့သော် ထိုရုပ်ထုများက ကောင်းကင်နန်းတော်မှ အထွတ်အမြတ်ထားသော ရုပ်ထုများ ဖြစ်မည်မှာ မလွဲမသွေပင် ဖြစ်၏။

မကြီးလွန်း မသေးလွန်းသော အပြစ်ဒဏ်က ချင်းရန်နတ်မင်းကိုယ်တိုင် စိစစ်ရွေးချယ်ထားခြင်း ဖြစ်သည်မို့ သူ့အတွက် ခံနိုင်စရာသာ ဖြစ်နိုင်မည်ကို ဟူအာ ယုံကြည်သည်။

“ကောင်းပြီ ဒါဆို ဒီအပြစ်ဒဏ်ကို ရေခဲလွင်ပြင်က ပင်းရှီနတ်မင်းနဲ့ သူ့ကြင်ရာတော် ရုပ်ထုတွေကို သန့်ရှင်းရေး လုပ်ရမယ် ဆိုပြီး သတ်မှတ်လိုက်မယ်၊ ညီလာခံမှာ အပြစ်တင်ပေးတဲ့ ကိစ္စကို အပြီးသတ်လိုက်ပြီလို့ သတ်မှတ်လိုက်မယ်၊ နယ်မြေဆိုင်ရာ အကြီးအကဲတွေ သင်တို့မှာ တင်ပြချက်တွေ ရှိမယ်လို့ ထင်ပါတယ်”

ညီလာခံက တစ်ဖန် ပြန်ပြီး ဆူညံသွားပြန်သည်။ အသီးသီးသော နတ်နယ်မြေဆိုင်ရာ အကြီးအကဲများက သူတို့၏ ကိုယ်ပိုင်နယ်မြေအတွက် အပြိုင်အဆိုင် အလုအယက် စတင် ပြောဆိုကြလေသည်။

ဟူအာ၏ နားအတွင်း ထိုအသံများမှာ မြေခွေးနားရွက်အနားမှ ဝဲနေသော ပိတုန်းကောင်အသံကဲ့သို့ ကြားနေရတော့သည်။ ထိုအသံများကို ဟူအာ မသိနားမလည်ချင်သလို ကြားလည်း မကြားချင်ပေ။ နားညည်းသည်ဟုသာ ခံစားလိုက်ရလေသည်။

ညီလာခံပြီးနောက် အိမ်ရှေ့မင်းသားက ဟူအာကို တစ်ချက် စိုက်ကြည့်လာသည်။ ဟူအာကို သူ့အနောက်မှ လိုက်လာရန် ပြောလိုက်သည်ဟု ခံစားလိုက်ရပြီး ဟူအာ အိမ်ရှေ့မင်းသား၏ အနောက်မှ လိုက်သွားလိုက်မိသည်။

အိမ်ရှေ့မင်းသား၏ မျက်နှာက တည်တင်းနေပြီး တစ်ယောက်ယောက်က သွားထိလိုက်သည်နှင့် ပေါက်ကွဲ သွားတော့မည့်နှယ်။

“ယီမင်..”

ထိုသို့ ဖြစ်နေသော အိမ်ရှေ့မင်းသားက အသံတစ်ခုကို ကြားလိုက်သည်နှင့် မျက်နှာထားက ချက်ချင်း ပြောင်းလဲသွား၏။

“ရင်းအာ.. မင်း အပြင်ထွက် သွားလည်နေတာ မဟုတ်လား၊ ဘာကြောင့်မို့ ပြန်လာတာလဲ”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now