Part 109

195 24 0
                                    

unicode
အခန်း ၁၀၉
“ကျေနပ်သွားပြီ မဟုတ်လား ငါတို့ သွားစို့”

ဟူအာအတွက် အံ့သြရသည်မှာ ဟူအာထံမှ ထိုလူထံသို့ ရောက်ရှိသွားသော နတ်စွမ်းအားက တစ်ခဏအတွင်း ပြန်လည် ဖြည့်တင်းသွားခြင်းပင် ဖြစ်သည်။

ဟူအာ တစ်ခဏအတွင်း ပြန်ပြည့်သွားသော သူ၏ နတ်စွမ်းအားကြောင့် အတန်ငယ် မယုံနိုင်ဖွယ် ဖြစ်နေလေသည်။ သူ ဖြစ်ပျက်နေသည်ကို ကျိုးဖုန်းက နားလည်ဟန်ဖြင့် သက်ပြင်းချပြီး ပြောလိုက်၏။

“မင်းကိုယ်မင်း မေ့နေတာလား မင်းက ကျိုးရင်းရဲ့သားလေ ဒုတိယမြောက် သဘာဝလွန်နတ်တစ်ပါးလေ၊ မင်းဆီက နတ်စွမ်းအား နှစ်နည်းနည်းလောက် လျော့သွားတာက ဘာပြဿနာမှ မရှိနိုင်ဘူး၊ ရော့.. မင်းရဲ့ပစ္စည်း၊ ငါ ဒါကို မင်းအတွက် ယူပေးခဲ့တာနော်၊ အဲဒီပစ္စည်းရောင်းတဲ့လူကြီးကို စိမ်းကန်သာယာထဲမှာ နတ်မျက်စိလို့ သိကြတယ်၊ သူ ပြောတာ တော်တော်များများ မှန်တယ်၊ မင်းက ဘယ်ကနေ မိုးကြိုးနတ်စွမ်းအား အခြေခံ ရနိုင်မလဲ ဆိုတာကို မသိပေမဲ့ ဒါကို သိမ်းထားတာ မင်းအတွက် မမှားဘူးလေ”

ကျိုးဖုန်းက သူ့ဆီကို ထိုမိုးကြိုးခဲလေး ပစ်ပေးပြီးနောက် အရှေ့သို့ မြန်မြန် ပြေးသွားသည်။

“မြန်မြန်လာ ငါတို့ နောက်ကျနေပြီ အစီအစဉ်တွေ လွှတ်ကုန်လိမ့်မယ်”

@@@@@@

ကျိုးဖုန်းက ရောက်ရှိနေသော ဈေးတန်းလေး၏ အလယ်တွင် ရှိသော အထပ်များစွာမြင့်သော စံအိမ်အတွင်းသို့ ဝင်သွားလေသည်။

“ဆေးသမားတော် ပြိုင်ပွဲက ဒီမှာလား”

“ငါ လက်မှတ်သွားဝယ် လိုက်အုံးမယ်၊ သိပ်သည်းဆ မြင့်လာသလား ဆိုတာကို သွားကြည့်ရအောင်”

ကျိုးဖုန်းက ဟူအာကို ဆွဲခေါ်သွားပြီးနောက် သစ်သားပြားပေါ်တွင် စာလုံးများ ထွင်းထားသော အရှေ့တွင် ရပ်လိုက်သည်။

“တွေ့ပြီ သိပ်သည်းဆ တစ်ရာတဲ့..”

“သိပ်သည်းဆ ဆိုတာက..”

ဟူအာ ထပ်မေးရပြန်သည်။

“သိပ်သည်းဆ ဆိုတာက နတ်တိုင်းမှာ နတ်စွမ်းအား သိပ်သည်းဆ မတူညီဘူးလေ၊ ဥပမာ နှစ်ငါးဆယ် ဆိုပြီးတော့ သတ်မှတ်ထားတယ် ဆိုရင် နတ်စွမ်းအား သိပ်သည်းဆ ကွာဟချက်ကြောင့် နတ်မင်းတွေရဲ့ နှစ်နှစ်လောက် နတ်စွမ်းအားက မြေနတ်တစ်ပါးအတွက် နှစ်ငါးဆယ်နတ်စွမ်းအားနဲ့ ညီမျှတယ်။ ဒါကြောင့် သူတို့က သိပ်သည်းဆကို တန်ကြေးဖြတ်ပြီးတော့ မှတ်သားထားလိုက်တာပဲ”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီOnde as histórias ganham vida. Descobre agora