Part 157

80 10 0
                                    

အခန်း-၁၅၇

ပန်းတစ်ရာနန်းဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် ကျန်းမင်ရှီနတ်မင်းက လက်ဖက်ရည်ကြမ်းခွက်ကို ကိုင်ထားပြီး အဝေးသို့ တွေးငေးနေဟန်ရှိသည်။ ကျိုးဟူက ထိုမြင်ကွင်းကို ကြည့်လိုက်ပြီးမှ အသံပြုရန် ဆုံးဖြတ်လိုက်၏။

"အဟမ်း.."

ကျိုးဟူ၏ အသံကြောင့် ကျန်းမင်ရှီနတ်မင်းက မော့ကြည့်လာသည်။

"မင်း ရခဲ့ပြီပေါ့.. မင်း တွေးကြည့်မိသေးလား"

"ကျွန်တော် မရခဲ့သေးဘူး။ ပြီးတော့ ကျွန်တော့် လေ့ကျင့်ဖို့ မလိုဘူး။ သူပဲ လိုတာ"

ထိုစကားကို ကြားလိုက်တော့မှ ကျန်းမင်ရှီနတ်မင်း၏ ငေးမောနေသော ကိုယ်ဟန်က တောင့်မတ်သွားသည်။

"မင်း ကျိုးဟူလား.."

"မဟုတ်ရင်ကော.. ကျွန်တော်ဆိုရင် ဒီနန်းဆောင်ထဲကို မလာရဘူးလား"

ကျန်းမင်ရှီနတ်မင်းက အေးသွားပြီဖြစ်သော လက်ဖက်ရည်ကြမ်းခွက်ကို လက်ဖြင့် ဖျောက်ပစ်လိုက်ပြီး ခွက်အသစ်ထုတ်ကာ လဲလှယ်လိုက်သည်။ ပြီးနောက် ကျိုးဟူကို စိုက်ကြည့်လာကာ သူ၏ နောက်ထပ်တပည့်ဖြစ်သူ၏ အမူအကျင့်ကို သတိရသွားပြီး ပဲစေ့လှော်ပန်းကန်ကို ချပေးလိုက်သည်။

ထိုတစ်ဦးတည်းဖြစ်သော်လည်း နောက်ထပ် မတူညီသည့် အသွင်အပြင် စိတ်နေစိတ်ထားဖြင့် ထိုတပည့်ငယ်က ပဲစေ့လှော်ပန်းကန်ကို ယဉ်ကျေးမှုမရှိစွာ သူ့ဘက်သို့ ဆွဲယူသွားသည်ကို ကျန်းမင်ရှီနတ်မင်းက မျက်နှာသေဖြင့်သာ ကြည့်နေလိုက်ရသည်။

သူ၏ စစ်မှန်ပြီး ရိုးသားကြိုးစားသော တပည့်ကတော့ ဆရာဖြစ်သူနှင့်အတူ လက်ဖက်ရည်ကြမ်း ထိုင်သောက်ရသည်ကို နှစ်သက်လိမ်မည်။ ကိုယ်ရေကိုယ်သွေး ကွဲပြားသော နောက်ထပ်တပည့်ကတော့ မတူညီပေ။ လက်ဖက်ရည်ကြမ်းအစား ရေအေးတစ်ခွက်နှင့် ပဲစေ့လှော်ကိုသာ စားချင်ပေမည်။

သူ၏ မှန်ကန်ပြီး ယဉ်ကျေးသော တပည့်က လရောင်ငေးသစ်ပင်ကို နှစ်သက်ပြီး ထိုအပေါ်တွင် အိပ်ချင်လိမ့်မည်။ အသိအလိမ္မာမရှိသည့် အသွင်အပြင်နှင့် နောက်ထပ်တပည့်ကတော့ လရောင်ငေးသစ်ပင်ကို မီးလောင်အောင် မလုပ်မိသေးလျှင်ပင် အတော်လေး ကောင်းမွန်သော ကိစ္စရပ် ဖြစ်နေပြီဟု ဆိုနိုင်သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now