part70

245 24 1
                                    

unicode
အခန်း (၇၀)

ထမင်းစားပြီးသွားတော့ ဟူအာက သွက်သွက်လက်လက်ပင် ဟင်းပွဲများကို ကောက်သိမ်းရန် ပြင်လေသည်။ သို့သော် လုံဆစ်က သူ့ကို မျက်မှောင်ကုတ်ကာ ကြည့်လိုက်ပြီးမှ လက်ကို တစ်ချက်ယမ်းလိုက်သည်။ ဟူအာ သိမ်းရန်ပြင်နေသော ဟင်းခွက်အလွတ်များ အားလုံး ပျောက်ကွယ်သွားမှ ဟူအာက အတွေးပေါက်ဟန်ဖြင့် ခေါင်းညိတ်သည်။

“အဲလိုဆိုတော့လည်း လွယ်သားပဲ”

“ကောင်းကင်မှာ ဘယ်သူမှ နတ်စွမ်းအားကို မင်းလောက် မချွေတာကြဘူး”

ပြောတဲ့ပုံစံမှာ ဟူအာကပဲ ကိစ္စမှန်သမျှကို ကပ်စီးနည်းနေသကဲ့သို့ပင်၊ တူနေစရာကား ကောင်းကင်၏နယ်နိမိတ်အတွင်း နေထိုင်ခွင့်ရဖြင့် ဝင်နိုင်သော နတ်တစ်ပါးသည်က သာမာန်မျှနှင့် မရနိုင်သည်ဖြစ်ရာ နတ်စွမ်းအားအားဖြင့် ပိုလျှံနေပါသည်ဟု ဖွင့်မပြောရုံ တစ်မည်သာ ရှိနိုင်ပေမည်။

“ကျွန်တော်က နတ်စွမ်းအားကို ချွေတာလိုက်တော့ ဒီကအစ်ကိုတော်က ဘာများ ထိခိုက်သွားတာ ရှိမလဲ သိချင်စမ်းပါဘိ”

ဆိုစကား တစ်ခွန်းစီတိုင်းက ယဉ်ကျေးသိမ်မွေ့လှစွာဖြင့် တစ်ဖက်သားအား မခံချိမခံသာ ဖြစ်စေနိုင်လေသည်။ သူသည်က အမှားအယွင်း တစ်ခုကိုမျှ မပြုလုပ်ထားသည့်အတိုင်းပင် လည်ပင်း၌ပင် လက်ချောင်းလေးများ ထိုးသွင်းလိုက်ကာ မြေခွေးအကောင်ငယ်လေး ယားယံ၍ ကုတ်သကဲ့သို့ ပြုမူနေလေသည်။

လုံဆစ်က ပြုံးတော့မလား ရယ်တော့မလား မျက်နှာထားဖြင့် မှင်သေသေ ဖြစ်သွားရလေသည်။ လျှာစောင်းထက်တာက ကျတော့ သူ့အဖေအတိုင်းပဲ၊ ပြီး လုပ်ချင်တာ လုပ်တာကျလည်း သူ့အမေ အတိုင်းပဲ၊

“ကောင်းပြီ မင်း ပြန်သွားလေ့ကျင့်တော့”

ကျန်းမင်ရှီနတ်မင်းက ဆိုလာတော့ ဟူအာ ထိုင်နေရာမှ ထရပ်ကာ ဥယျာဉ်အတွင်းသို့ လှမ်းဝင်လာခဲ့လိုက်တော့သည်။ သစ်ပင်တစ်ပင်၏ ခြေရင်းတွင် ထိုင်ချလိုက်ပြီးနောက် စားသောက်ထား၍ အတန်ငယ် ငိုက်မျဉ်းချင်လာသည်။

~ကောင်းတယ်၊ မင်းအိပ်လိုက်၊ အိပ်လိုက်~

အသံကြားလိုက်ရ၍ အနီးတစ်ဝိုက်ကို ရှာကြည့်သော်လည်း မတွေ့ပေ။ သို့နှင့် ဟူအာ မျက်လုံးကို မှိတ်လိုက်ကာ အနားယူရန် ပြင်ဆင်လိုက်၏။ မျက်လုံးမှိတ်လိုက်ကာမှ အာရုံခံနယ်တစ်ခု အတွင်းသို့ သက်ဆင်းသွားမှန်းကို ဟူအာ နားမလည်လိုက်ပါပဲနှင့်၊

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now