part66

221 34 1
                                    

unicode
အခန်း (၆၆)

ဟူအာပြောတာကို ကျန်းမင်ရှီက မကြားဟန်ပြုရင်း အရှေ့သို့ ပြန်လှည့်သွားကာ လက်သင်္ကေတအနည်းငယ်ကို ပြုမူကာ တံခါးတစ်ချပ်ကို ပွင့်စေသည်။ ထိုတံခါးမှ ဝင်သွားလိုက်တော့ လက်ရှိ မြင်နေရသော မြင်ကွင်းများနှင့် ကပြောင်းကပြန်ပင် ဖြစ်သွားပြန်လေသည်။

ချောက်ကမ်းပါးတွေ ကမ်းပါးယံတွေ ရှိသော နေရာတစ်ခု ဖြစ်သည်။ သို့သော် ထိုနေရာမှလည်း ခုနတုန်းက သူ့ဆရာ ပြထားသော အဆောက်အဦးအား တွေ့မြင်နိုင်သေးသည်ကို ဟူအာ သိရှိလိုက်ရသည်။ ဒီနေရာကြီးတစ်ခုလုံးက သဘာဝနတ်မင်းကိုးပါး၏ မှတ်တမ်းထားရာ အဆောက်အဦးနှင့် တောင်ထိပ်ကို ဗဟိုပြုထားကြောင်း နားလည်လိုက်တော့သည်။

ချောက်ကမ်းပါးအတွင်းမှ မီးလျှံတချို့က ထွက်ချည် ဝင်ချည် ဖြစ်နေလေသည်။ ကျန်းမင်ရှီ နတ်မင်းကတော့ ထိုမီးလျှံများကို အသာအယာပင် ကျော်ခွ သွားသော်လည်း ဟူအာအတွက်ကမူ အနည်းငယ်ပင် ပူနေသကဲ့သို့ ခံစားရလေ၏။

“ဆရာ ဒီနေရာက ပူတယ်နော်”

ကျန်းမင်ရှီ နတ်မင်းက လှည့်ကြည့်လာပြီးမှ ခေါင်းညိတ်ပြသည်။

“မင်းကို မလောင်ကျွမ်းသွားစေနိုင်ပါဘူး၊ မင်းက မြေနတ်ရဲ့အသက်ဓာတ်နဲ့ ဖြစ်နေလို့ ကောင်းကင်မီးလျှံ အပျော့စားလေးကတောင်မှ မင်းကို ပူစေနိုင်လိမ့်မယ်”

“ဒါက ကောင်းကင်မီးလျှံတွေလား”

“အင်း ဟုတ်တယ်၊ ဒါပေမယ့် ဒါတွေက မထိခိုင်နိုင်တဲ့ အပူချိန်လောက်ပါပဲ၊ တည်ရှိနေတယ် ဆိုတာကို ပြသရုံလောက်ပါပဲ၊ တစ်နေရာရာကနေ မီးလေးတွေ ပန်းထွက်နေတာက လှတယ် မဟုတ်လား၊ ဒါက ကျစ်ဟွေ့စာကြည့်တိုက်ကို အလှဆင်ထားရုံသက်သက်ပါပဲ”

ဟူအာ မလိုလားစွာ မျက်မှောင်ကုတ်လိုက်မိသည်။ ကောင်းကင်နန်းတော်က အလှဆင်နည်းတွေက ရူးသွပ်နေတာပဲ၊ ကောင်းကင်မီးလျှံ ဆိုတာက အပြစ်ပေးတဲ့ နေရာမှာပဲ သုံးတာ မဟုတ်ဘူးလား၊ အခုက အလှဆင်ထားတာ ဆိုတော့၊ ဒါကြီးက အရမ်းကို အလှအပအတွက် စွန့်စားရာ မကျဘူးလား။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now