Part 39

276 38 1
                                    

အခန်း (၃၉)

ဒီအခြေအနေ..၊ ဒီခြေအနေဟာ.. ဟန်ရင်းရင်းနဲ့ ကျိုးရင်းနဲ့ ကွဲကွာနေသော အခြေအနေမျိုးလား..၊ ဝိညာဉ်တွေဟာ အသက်ဝင်နေပြီး တစ်ဦးနဲ့ တစ်ဦး မတိုက်ဆိုင်ဘူး။ ဘယ်သူက ပင်မ ဝိညာဉ်လဲ..၊

“အမေ့ကို တွေ့ချင်တယ်.. အမေ့ဆီ ခေါ်သွားပေးပါ.. ပြီးတော့ ရှောင်ဇီအာ.. ရှောင်ဇီအာနဲ့လည်း တွေ့ချင်တယ်..”

ကျိုးဟူက ဖြစ်ချင်သမျှကို ရေရွတ်နေပြီး ယီမင်ကတော့ ထိုနေရာတွင် လှုပ်ရှားမှု ကင်းမဲ့စွာ ရပ်သွားမိတော့သည်။ ဆစ်ကျီ နတ်မင်းဟာ.. ထွက်လာခါနီး သတိပေး ပြောကြားခဲ့တာက ကောင်းကင်ပြိုကျအောင် လုပ်မယ့်သူက ပိုင်ဟုန်ဟူလား..၊ တလီကျိုးဟူလား..၊ ဒါပေမယ့် နှစ်ဦးစလုံးဟာ ရင်းအာနဲ့ သူနဲ့ သားပဲ..၊

ဟုတ်သားပဲ သူတို့ ကလေးဆိုမှတော့ သူတို့ ကလေးပဲပေါ့..၊ ဘာပဲ ဖြစ်လာ ဖြစ်လာ ကလေးက ကလေးပဲ မဟုတ်လား..၊

“ကျိုးဟူ.. အဖေလို့ ခေါ်ကြည့်ပါလား..”

ယီမင်၏ တောင်းဆိုစကားတွင် ကျိုးဟူက ယီမင်အား.. ဒူးထောက် အရိုအသေ ပေးလိုက်ပြီးမှ..

“အဖေ!!.. ကျွန်တော် အဖေ့ကို ရှာတွေ့ပြီ”

ယီမင်ကို ဒူးထောက်လိုက်သော အပြုအမူကား ရင်းအာ၏ ဆစ်ကျီ အပေါ်တွင် ပြုမူသည့် အပြုအမူနှင့် တစ်ပုံစံတည်း ဖြစ်သည့် အတွက် ယီမင် နှစ်သက် ကျေနပ်စွာ ပြုံးလိုက်ပြီးပြီး ကျိုးဟူကို ဆွဲထူလိုက်ကာ..

“မင်းက မင်းအမေနဲ့ တစ်ပုံစံတည်းပဲ..”

ကျိုးဟူက အမှောင်နန်းဆောင် အတွင်းကနေ ခုန်လွှားဖို့ ပြင်ဆင်နေလေသည်။ ယီမင်သာ သူ့ပုခုံးကို မဖိထားလျှင် တကယ်ပဲ ဘယ်ဆီ ရောက်ရောက် ဆိုပြီး ခုန်လွှားသွားတော့မလို ဖြစ်နေ၏။

“မင်းကို ရင်းအာ က လက်ခံနိုင်ဖို့ နည်းနည်း ခက်ခဲအုံးမှာ ပြီးတော့.. မင်းက ရင်းအာရဲ့ အသက်ဓာတ် ပိုင်ပေမယ့်.. စွမ်းအားက ရင်းအာရဲ့ စွမ်းအား မဟုတ်ဘူး..”

“ငါ ဂရုမစိုက်ဘူး..”

ဒီစကားကလည်း ရင်းအာ ပြောနေကျ စကား ဖြစ်တာကြောင့် ဘယ်လိုများ ပုံတူပွားပြီး မွေးထားတာလဲ ဆိုတာကို ယီမင် သဘောတကျ ဖြစ်မိသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now