part83

206 25 0
                                    

unicode
အခန်း ၈၃
သူ လေ့လာရန် များစွာလိုအပ်သည်ဟု ခံစားမိကာ သူ့ကိုယ်ပိုင်နန်းဆောင်သို့ ပြန်ရန် ရင်ပြင်မှ ခြေလှမ်းစလိုက်သည်။ ရင်ပြင်၏ အပြင်ဘက်တွင် ကောင်းကင်နန်းတော်မှ အစေခံငယ်များနှင့် တွေ့ဆုံသည်တွင် ဟူအာ ခြေလှမ်း ရပ်လိုက်မိ၏။ ထိုသူတို့က သူ့အား ရုတ်တရက် ဒူးကို ကွေးညွှတ်လျက် နှုတ်ဆက်လာသည်။

"မင်းသားငယ်.."

သူ ရုတ်တရက် အမ်းသွားပြီးနောက် ဆက်လျှောက်လိုက်တော့ ထိုအစေခံငယ်များက သူ့အနားမှ ခပ်သွက်သွက်ပင် ထွက်ခွာသွား၏။ သူ့ နန်းဆောင်သို့ မသွားခင်တွင် သူ့ဆရာ၏ နန်းဆောင် ဖြစ်သော ပန်းတစ်ရာနန်းဆောင်သို့ လှမ်းဝင်လိုက်သည်။

ကောင်းကင်နဂါးက သူ့ကို မြင်သည်နှင့် ထရပ်လိုက်ပြီး နှုတ်ဆက်လာသည်။

"မင်းသားငယ်.."

သူ့ဆရာ ကျန်းမင်ရှီ နတ်မင်းကလည်း နှုတ်ဆက်လာ၏။
"မင်းသားငယ်.. ဘာလို့ မင်းရဲ့နန်းဆောင်ကို မသွားတာလဲ"

ထိုအခြေအနေအရ ကောင်းကင်နန်းတော်မှ အားလုံးသောနတ်များက သူသည် ကောင်းကင်နန်းတော်၏ မင်းသားငယ်တစ်ပါးဟု လက်သင့်ခံလိုက်ပြီ ဖြစ်ကြောင်း သိသာလေသည်။

"မင်းသားငယ်လို့ ခေါ်မှ ဖြစ်မှာလား ဆရာ"

သူ ပြန်ပြောလိုက်တော့ ကျန်းမင်ရှီနတ်မင်းက ပခုံးတွန့်ပြလာ၏။

"ဒါက ကောင်းကင်နန်းတော်မှာ မင်းရဲ့ဂုဏ်ပုဒ်ပဲလေ၊ မင်းမနှစ်သက်ရင်တော့ ငါမင်းကို ဟူအာလို့ပဲ ပြောင်းခေါ်ပါ့မယ်"

ဟူအာ အနားတွင် ရပ်နေဆဲ ဖြစ်သည့် လုံဆစ်ဆိုသော ကောင်းကင်နဂါးကို ကြည့်လိုက်သည်။

"ပြီးတော့ မင်း.. အရင်က ငါက ကောင်းကင်အလင်းတန်းရဲ့စည်းကြောင့်မို့ မြေနတ်စွမ်းအားကိုပဲ ထုတ်ဖော်နိုင်လို့ အိမ်ရှေ့မင်းသားက မင်းကို ဒီမှာ ထားထားတာ မဟုတ်လား၊ အခု ငါက ကောင်းကင်အလင်းတန်းစည်းကို ဖယ်ရှားလိုက်နိုင်ပြီမို့ မင်း ဒီမှာ မနေလည်း ရပြီ"

လုံဆစ်က ဟူအာကို တည့်မတ်စွာ ကြည့်လိုက်ပြီးနောက် ဆိုလာသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now