Part 171

53 6 0
                                    

အခန်း-၁၇၁

ဟူအာ ထိုနေရာသို လျင်မြန်စွာ ပြေးသွားလိုက်ပြီးနောက် အော်ဟစ်မေးမြန်းလိုက်သည်။ နတ်စစ်သူကြီးကျန်းက ထိုနေရာနှင့် မနီးမဝေးတွင် ရှိနေပြီး ထိုလက်နက်မှ ထွက်ပေါ်လာသည့် လျှပ်စီးမျှင်များကို သက်တောင့်သက်သာနိုင်စွာ ငေးကြည့်နေလေ၏။ ဟူအာ ရောက်လာသည်ကို မြင်တော့ ထိုသူက ရောက်လာမည်ကို သိနှင့်နေသည့်အလား စောင်းငဲ့ကြည့်လာ၏။

ပြီးနောက် မတတ်သာသည့်ဟန်ဖြင့် အရိုအသေပြုလာရင်း ပြောသည်။

"အရှင့်သား ကျွန်တော်တိုက ထွက်ပြေးဖို ကြိုးစားတဲ့ အကျဉ်းသားတွေကို အပြစ်ပေးနေတာပါ"

"ထွက်ပြေးဖို ကြိုးစားတယ်"

ဟူအာ၏ မျက်ဝန်းတစ်စုံက ကျဉ်းမြောင်းသွား၏။ ထိုစကားက အမှန်ပင် လိမ်ညာနေမှန်း သိသာလှသည်။ သိုတိုင် ဟူအာက ဟုတ်မဟုတ် စစ်မေးရန် ခက်ခဲနေ၏။

"သူတိုအားလုံးက အရှင့်သားရဲ့ ကျေထောက်နောက်ခံရှိတယ် ဆိုပြီးတော့ အတွေးဝင်သွားတယ် ထင်တယ်။ ဒါကြောင့် ညအချိန်မှာ ထွက်ပြေးဖို ကြိုးစားကြတယ်။ ဒါကြောင့် ကျွန်တော်က သူတိုကို လျှပ်စီးနှောင်ကြိုးနဲ့ တုတ်နှောင်ထားလိုက်ရတာပါ"

ဖမ်းဆီးခံထားရသူ အားလုံးက နတ်ဝိညာဉ်ပြဲစုတ်တော့မလို နာကျင်မှုကြောင့် လူးလိမ့်နေရကာ နတ်စစ်သူကြီးကျန်း၏ စကားကို ဖြေကြားနိုင်သူ မည်သူမျှ မရှိပေ။ ဟူအာ အံတင်းတင်း ကြိတ်လိုက်ပြီး လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်မိသည်။

"ဒါဆိုရင်တော့ နတ်စစ်သူကြီးကျန်းကို ညှာတာပေးဖိုပဲ တောင်းဆိုပါရစေ"

ဟူအာက နတ်မင်းသားတစ်ပါး ဖြစ်သည့်တိုင် ကိုယ်စီမံခွင့် ရှိသည့်ကိစ္စနှင့် စီမံခွင့် မရှိသည့် အရေးကိစ္စကို နားလည်ထားရမည် ဖြစ်သည်။ သူတစ်ပါး၏ စီရင်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်၍ မရစကောင်းပေ။ အထူးသဖြင့် ကောင်းကင်အရှင်သခင်၏ မျက်နှာသာပေးခြင်းကို လက်ခံရရှိထားသော ထိုသူတိုကို ဖြစ်သည်။ ထိုကြောင့် အံကြိတ်ထားရုံသာ တတ်နိုင်၏။

"သခင် ကျွန်မအထင် မြစ်တော် နတ်မင်းသားက ဒီပိုင်ဒေသက အပြစ်သားတွေကို သိပ်ကို စိုးရိမ်ပူပန်နေသလိုပဲ"

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now