part143

194 19 0
                                    

unicode

အခန်း-၁၄၃

ကျန်မင်းရှီနတ်မင်းက ဆက်ပြောသည်။

“သဘာဝအတိုင်း နတ်စွမ်းအား ရှစ်ခုကနေ ကွဲထွက်လာပြီးတဲ့နောက်မှာ များပြားလှတဲ့ နတ်စွမ်းအား အမျိုးအစားတွေက နှောင်းပိုင်းခေတ်မှာ ပိုပြီးတော့ အားသာချက် ရှိလာသလို ထင်ရတယ်။ ဒါပေမဲ့ အခြေခံအကျဆုံး ဖြစ်တဲ့ သဘာဝနတ်စွမ်းအားတွေရဲ့ ထိပ်သီးနတ်စွမ်းအားကိုတော့ သာလွန်နိုင်မှာ မဟုတ်ဘူး”

ကျန်းမင်ရှီနတ်မင်းက ဟူအာကို တစ်ချက် ငဲ့ကြည့်လာပြီးနောက် ဆက်ပြောသည်။

“နတ်တိုင်းမှာ သဘာဝတရားရဲ့ နတ်စွမ်းအား အကုန်လုံးနီးပါးကို ပြောင်းလဲလို့ ရတယ်။ ရပေမဲ့ သဘာဝလွန်နတ်စွမ်းအားကိုတော့ အဲလိုမျိုး ပြောင်းလဲပစ်လိုက်လို့ မရနိုင်ဘူး။ ဒါကြောင့် ကိုးခုမြောက် နတ်စွမ်းအာ ပိုင်ရှင် သဘာဝလွန်နတ်စွမ်းအား ပိုင်ရှင်ဖြစ်တဲ့ ကျိုးမျိုးနွယ်နတ်တွေကို ကောင်းကင်နန်းတော်ကနေ ဘာလို့ ပစားပေးထားရတယ် ဆိုတဲ့ အကြောင်းတရားပဲ”

“မတူညီတဲ့အချက်ကျတော့ ကျိုးမျိုးနွယ်နတ်တွေက မဖန်တီးနိုင်တဲ့ သဘာဝနတ်စွမ်းအား ဆိုတာ မရှိဘူးလေ၊ ဒါပေမဲ့ ရွေးချယ်မှုကတော့ မတူညီကြဘူး။ ကျိုးဖန့်သုန်နတ်မင်းက မြေကြီးရဲ့စွမ်းအားကို အသုံးများပြီးတော့ ကျိုးလျန်နတ်မင်းက လေထုရဲ့ စွမ်းအားကို ပိုသုံးလေ့ ရှိတယ်။ ဒါပေမဲ့ မင်းအမေကတော့ ပင်းရှီနတ်မင်းရဲ့ စွမ်းအား ဖြစ်တဲ့ ရေနဲ့ ရေခဲစွမ်းအားကို ပိုသုံးတယ်။ ကျိုးရန်က ဓားစွမ်းအားကို အသုံးပြုပြီးတော့ ကျိုးယွီက ဟွားမျိုးနွယ်ရဲ့ ပန်းပွင့်ရဲ့စွမ်းအားကို အသုံးချတယ်။ ဒါကကျ သူတို့ကို သင်ပေးတဲ့သူနဲ့ သင်ယူတဲ့သူပေါ်မှာ မူတည်တယ်”

“ဆစ်ကျီနတ်မင်းကရော..”

ဟူအာ သတိတရ လှမ်းမေးလိုက်၏။ ဆစ်ကျီနတ်မင်းက ကျိုးမျိုးနွယ်နတ်မင်း ဖြစ်သော်လည်း ကျိုးမျိုးနွယ်အဖြစ် မူလပထမမျိုးဆက်ဖြစ်သော ကျိုးရှီနတ်မင်းကိုယ်တိုင်က အသိအမှတ် မပြုထားသည်ကလည်း တစ်လောကလုံး သိသော ကိစ္စရပ် ဖြစ်လေရာ ကျန်းမင်ရှီနတ်မင်းက ဟူအာ၏ မေးခွန်းကို တစ်ချက်မျှ အမ်းသွား၏။ သို့သော် ခေါင်းညိတ်လိုက်ပြီးမှ ပြန်ဖြေကြားသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now