Part 168

59 7 0
                                    

အခန်း-၁၆၈

လုံဆစ်က ဟူအာကို မည်သည့်စကားမျှ မဆိုသော်လည်း မိန်ယဲ့ကို စေ့စေ့ စိုက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းတွန့်ကွေးလျက် ပြောလိုက်၏။

"အမြင်မရှိဘူး၊ အရှင့်သား မိန်းကလေးတွေ အမြင်မရှိရင် သူတို့ရဲ့တွဲဖက်ကိုပါ ဆွဲချပစ်နိုင်တယ်တဲ့.. ဒါကြောင့်.. အရှင့်သား သတိထားသင့်တယ်။ အရှင့်သား တွဲဖက်ရွေးမယ် ဆိုရင် အမြင်မရှိတဲ့မိန်းကလေးမျိုးကို မရွေးသင့်ဘူး"

ဟူအာ လုံဆစ်၏ စကားကို မည်သို့မျှ မတုံ့ပြန်မိပေ။ လုံဆစ်က ထိုမိန်ယဲ့ကို ပြောဆိုလိုက်မှန်း သိသော်လည်း ထိုတွဲဖက်ဟူသော စကားက ဟူအာကို မည်သို့သော ထင်မြင်ချက်မျိုးမှ ထုတ်မပြောစေရန် ကာဆီးသွား၏။

"နင်.."

မိန့်ယဲ့က သူမ အပြောခံလိုက်ရသဖြင့် စိတ်ဆိုးဒေါသထွက်သွားသည်။ သို့သော်လည်း သူမက ထောင်လွှားတတ်သည့်တိုင် အခြေအနေကို လုံးဝ မသိတတ်သူ မဟုတ်လေရာ သူမကိုယ်ကိုယ် ထိန်းချုပ်လိုက်နိုင်၏။

"အရှင့်သားက ပိုင်ဒေသက လက်မှုပညာသည်တွေကို စစ်မေးဖို့အတွက် ဘယ်လိုမျိုး အကြောင်းပြချက်ကိုများ လိုအပ်တယ်လို့ ထင်ပါသလဲ"

"မင်း သူတို့ကို ဖမ်းဆီးထားပြီးတော့ မေးမြန်းတာကို ငါ သဘောမတူဘူးလို့ ပြောနေတာ မဟုတ်ဘူး ဒါပေမဲ့ မေးမြန်းတာမှာ မသင့်တော်တဲ့အရာတွေ မလုပ်ဖို့ပဲ ပြောချင်တာ.."

"အရှင့်သား.. ဒီအမိန့်ကို နတ်စစ်သူကြီးကျန်းက ထုတ်ထားတာပါ တကယ်လို့ အရှင့်သားက နတ်စစ်သူကြီးကျန်းရဲ့အမိန့်ကို ဒီနေရာမှာ လွန်ဆန်ဖို့ ပြောနေတယ် ဆိုရင် ကျွန်တော်မ စိုးရိမ်မိတာက အသုံးမဝင်မှာကိုပဲ.."

"ကောင်းပြီ.."

ဟူအာက သူတို့၏ လုပ်ငန်းတာဝန်ကို နှောင့်ယှက်လိုခြင်း အမှန်ပင် မရှိခဲ့ပေ။ ထိုအစား အနည်းငယ်မျှ သက်ညှာရန်နှင့် ကျိုးကြောင်းဆီလျှော်မှု ရှိစွာ အကြောင်းအရာကို ထပ်မံစုံစမ်းစေရန်သာ ကြိုးစားခဲ့ခြင်း ဖြစ်၏။

ဆိုရလျှင် ထိုသူများအားလုံးက လက်မှုပညာသည်များ ဖြစ်သည့်တိုင် သူတို့က ထိုလက်မှုအတတ်ပညာရပ်ဖြင့် ဖန်ပုလင်းများကို ပြုလုပ်ခဲ့သည့်တိုင် သူတို့က နာမ်မဲ့နတ်များကို အသက်သွင်းထားသူ မဟုတ်ပေ။ ထို့ကြောင့် ထိုမျှအထိ ပြင်းထန်သော အပြစ်ဒဏ်ကို လက်ခံသင့်သူမှာ ပိုင်ဒေသမှ နတ်ငယ်များတော့ မဖြစ်သင့်ပေ။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now