part 78

208 27 0
                                    

unicode

အခန်း (၇၈)

“နားမလည်နိုင်တော့ဘူး၊ ကောင်းကင်နတ်တွေရဲ့ ထူးဆန်းတဲ့ အကြောင်းပြချက်တွေနဲ့ ကောင်းမွန်တဲ့ ဟန်ပြဆက်ဆံရေးတွေကို ကျွန်တော့်ကို မြေနတ်ငယ်လေးက ဘယ်လိုမှကို နားမလည်နိုင်တော့ဘူး”

“ဟူအာ၊ မင်း ထင်ထားသလို မဟုတ်ဘူး၊ ဒီကိစ္စက မင်းတွေးထားသလို မဟုတ်ဘူး”

ဟူအာက ဒေါသတကြီးနှင့် မျိုသိပ်ခံခက်သော မျက်နှာအမူအရာ ဖြစ်လာသည်မို့ ကျန်းမင်ရှီ ထိုင်နေရာကနေ ထရပ်လိုက်ကာ ဟူအာ၏အရှေ့တွင် ပိတ်ကွယ်ထားလိုက်သည်။ သို့နှင့်၊

“ဘာကို မဟုတ်တာလဲ၊ ကျွန်တော့်ကိုယ်ထဲမှာ တစ်ခုထက်ပိုတဲ့ ဝိဉာဉ်က ရှိမနေဘူးလား၊ ကျွန်တော်က အထင်လွဲနေတာလား”

“ရှိတယ်၊ ဒါပေမယ့် မင်းထဲကို ဘယ်သူကမှ..”

ကျန်းမင်ရှီ၏ အမေးစကားပင် မဆုံးလိုက်သေးပါပဲနှင့် ဟူအာက ကြားဖြတ်၍ မေးပြန်သည်။

“ဒါဆို အဲ့ဝိဉာဉ်က ကျွန်တော့်ထက်ပိုပြီးတော့ နတ်စွမ်းအား ပြင်းထန်တယ် ဆိုတာကို ဆရာ ငြင်းချင်သေးလား”

“ဟုတ်တယ် သူက မင်းထက်ပိုပြီးတော့ နတ်စွမ်းအား ပြင်းထန်တယ် ဒါပေမယ့်”

“ပြီးတော့ သူက ကောင်းကင်နတ်တစ်ပါး ဆိုတာကို ဆရာက လက်မခံတာလား”

“သူက ကောင်းကင်နတ်တစ်ပါး ဆိုပေမယ့်..”

“ကျွန်တော့်ကို ဘယ်လိုတောင်မှ အသုံးချလိုက်ကြတာလဲ၊ ကျွန်တော်က မြေနတ်လေးတစ်ပါး ဆိုရင်တောင်မှ သူများရဲ့နတ်ဝိဉာဉ် ရှင်သန်ကြီးထွားလာဖို့ ကျွန်တော့်ခန္ဓာကိုယ်ကို ခရုခွံလိုမျိုး၊ အသုံးချလိုက်ကြတာလား”

“မင်းကို ဘယ်သူကမှ အသုံးမချဘူး ဟူအာ မင်းအထင်မလွဲသင့်ဘူး”

“ကျွန်တော် ကောင်းကင်က တန်ခိုးကြီးမားလှပါတယ် ဆိုတဲ့ နတ်တွေကို မုန်းတယ်”

ထိုစကားကို ဟူအာက ရေရွတ်ပြောဆိုလိုက်သည်တွင် ကျန်းမင်ရှီ အနောက်သို့ ခြေလှမ်းနှစ်လှမ်းမျှပင် ဆုတ်လိုက်မိတော့သည်။ ဟူအာက ဘယ်လို အတွေးတွေ ရှိနေတာလဲ၊ ဘယ်လိုကြောင့်မို့ ဒီလောက်ထိ ကြောက်ဖို့ကောင်းတဲ့ အတွေးတွေ ရှိနေရတာလဲ၊ ဒါက ဘယ်လောက်တောင်မှ အန္တာရာယ်များလိုက်တဲ့ အတွေးတွေလဲ၊

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now