Part 64

314 37 0
                                    

အခန်း (၆၄)

“ထားလိုက်တော့၊ အမေတို့ အဲ့လို အရေးအခင်းတွေကို အများကြီး ဝင်မပါကြရအောင်၊ ဒီနေ့ သားလာတယ် ဆိုတော့ အမေက ငါးဟင်း ကောင်းကောင်း ချက်ကျွေးမယ်၊ သားကြိုက်တယ် မဟုတ်လား”

ငါးဟင်း ဆိုမှ စားရကောင်းမှန်း မစားရမှန်း မသိတဲ့ ကျိုးရင်းနတ်ဘုရားမကို အမှတ်ရသွားမိလေသည်။

“အမေ့ သား ကောင်းကောင်း စားပါ့မယ်”

အခုမှပဲ အိမ်ဆိုသော ခံစားချက်မျိုးကို ရရှိတော့သည်။ အမေပဲ ရှိတာလား၊ ဒီပိုင်ဒေသတွင်းမှာ သူ့ကို အသိအမှတ်ပြု ကြိုဆိုမယ့်သူက အမေတစ်ဦးတည်းပါလား၊

အတွေးနဲ့တူ ဟူအာ ရင်ထဲမှာ ဆွေးသွားလေတော့သည်။ ကျောင်းသွားတက်မယ် ဆိုပြီးတော့ အိမ်ကနေ ထွက်သွားပြီး ကျောင်းမှာ ကြိုးကြိုးစားစား သင်ယူသမျှတွေ ကျရှုံးခဲ့ပြီး ညောင်အာနဲ့ အတူတူ ဖြတ်သန်းခဲ့ပြီး အိမ်နဲ့ဝေးသွားတဲ့ ခံစားချက်က တဖြည်းဖြည်း ဝင်လာခဲ့သည်။

ဒီနေရာက သူနဲ့ မသက်ဆိုင်တော့မယ့် နေရပ်တစ်ခုလိုလို ခံစားရလာသည်။ ထိုသို့ ခံစားရလာတော့ အိမ်ထောင်ရက်သားတွေ ကျပြီး မိဘအိမ်ကနေ ခွဲထွက် ထွက်ခွာသွားရသော အမျိုးသမီးများနှင့် သက်ဆိုင်တဲ့ အတွေးစ တချို့ကို တွေးလိုက်မိသေးသည်။

မြေခွေးဌာနီ ဖြစ်တဲ့ ပိုင်ဒေသမှာဆိုရင် နှစ်တစ်ထောင်ပြည့်သူတွေကို အိမ်ထောင်ရက်သား ချရင်ချ မချရင်လည်း စေ့စပ်ကြောင်းလမ်းခြင်းများကို ပြုလုပ်နှင့်ကြပြီး ဖြစ်သည်။ ပြီးလျှင် စေ့စပ်ထားသူများ အချင်းချင်း ရင်းနှီးကျွမ်းဝင်ခြင်း ရှိလာစေရန် အတူတူ နေထိုင်ခြင်းကိုလည်း ခွင့်ပြုထားကြစေလေသည်။

သို့မှသာ နတ်မြေခွေးအချင်းချင်း လက်ဆက်ခြင်းဖြင့် နတ်မြေခွေးမျိုးနွယ်စစ် မတိမ်းကောပါပဲနှင့် ပိုမိုပြန့်ပွားလာစေမည်ဟု အဖေက ယုံကြည်လေသည်။ သို့တိုင်အောင် အိမ်ထောင်ရက်သား ကျသွားသော မြေခွေးမတစ်ဦးပင်လျှင် မိဘအိမ်မှ တခြားတစ်ပါးသော နေအိမ်သို့ ရွေ့ပြောင်းရသည်သာ၊

ထိုသို့ ရွေ့ပြောင်း နေထိုင်ရသောအခါ ယခင် မိဘအိမ်သည်က ကိုယ်နှင့် စိမ်းသပ်သွားသော ခံစားချက်ကို ထိုသူမတို့ကလည်း ခံစားရမည်လား၊ လက်ရှိနေနေသော နေရပ်ကို ပို၍ ခင်တွယ်လိုက်သင့်လား၊ ဘယ်လို စိတ်ထားမျိုးနဲ့ ဆက်ပြီး နေထိုင်ရမှာလဲ၊ စသဖြင့် ဟူအာ အတွေးများ ပွားနေမိသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora