part 104

177 26 0
                                    

unicode

အခန်း-၁၀၄

ထိုကိစ္စအတွက် ကောင်းကင်ညီလာခံရက်တွင် အမှန်တကယ်ကို ကိစ္စကြီး တစ်ခု ဖြစ်သွားခဲ့သည်။ အားလုံးသော နတ်မင်းအများက ထိုအပြုအမူက နတ်မင်းသားတစ်ပါးထံတွင် ရှိနေခြင်းသည် ကောင်းကင်နန်းတော်က မည်မျှ အရှက်ရဖွယ် ဖြစ်ကြောင်း အော်ပြောနေကြ၏။

လက်ရှိတွင် ထိုအော်ပြောနေကြသော အသံများကြားတွင် ဟူအာက တိတ်ဆိတ်စွာ ရပ်နေရသည်။ ဆိုရလျှင် ဟူအာကို ညီလာခံမစခင်ကတည်းက အိမ်ရှေ့မင်းသားနှင့် ချင်းရန်နတ်မင်းက ညီလာခံအတွင်း မည်သည့် ဖြေရှင်းမှုမျိုးကိုမှ မပြုလုပ်ရန်နှင့် ကောင်းကင်မင်းကြီးကို စိတ်အနှောင့်အယှက် မဖြစ်အောင် မှာကြားထား၍ ဖြစ်သည်။

ထို့ကြောင့် ဆူညံစွာဖြင့် နတ်မင်းသားတစ်ပါး၏ ဂုဏ်သရေ၊ လုပ်ဆောင်မှု သို့မဟုတ် စောင့်ထိန်းရမည့် စည်းမျဉ်းများကို တရစပ် အော်ဟစ်နေကြချိန်တွင် ဟူအာ တတ်နိုင်သည်က နားထောင်နေရုံမျှသာ။

ဟူအာက ကောင်းကင်နန်းတော်မှ နတ်အစေခံငယ် တစ်ပါးအတွက် ထိုကိစ္စကို လုပ်ဆောင်ခဲ့သည်ဟု ဆိုလိုက်ပါက ပို၍သာ ဆိုးဝါးသော အခြေအနေသို့ ရောက်သွားနိုင်ကြောင်း တွက်ဆမိပြီး ဖြစ်သည်။

ညောင်အာ၏ ဇစ်မြစ်ကို မသိထားသည့်အပြင် ညောင်အာအကြောင်းက ညီလာခံတွင် မပေါ်ထွက်လာရန် အရေးကြီးကြောင်း ချင်းရန်နတ်မင်းက ကြိုတင် သတိပေးထားနှင့်ပြီးလည်း ဖြစ်၏။

ထိုနတ်မင်းများနှင့် နယ်ပယ်ဒေသ အကြီးအကဲများ ပြောဆိုနေသည့် စကားတို့ အနည်းငယ် လျော့ကျသွားသည်နှင့် အိမ်ရှေ့မင်းသားက အရှေ့သို့ ထွက်လာပြီးနောက် ပြောလိုက်သည်။

“အဘိုးတော် ကျိုးဟူက ငယ်သေးတယ်။ တချို့ကိစ္စကို နားလည်ဖို့အတွက် သူ့ကို အချိန်ပေးသင့်မှန်း သိပေမဲ့ အခုလို လုပ်ရပ်မျိုးကိုတော့ ကျိုးဟူက တကယ်ကို မလုပ်သင့်တာ ဖြစ်ပါတယ်၊ အဲဒါကြောင့် သူ့ကို အပြစ်ပေးသင့်ပါတယ်”

အိမ်ရှေ့မင်းသား စတင်ပြောလိုက်သည်နှင့် တခြားသော နတ်မင်းများက တိတ်ဆိတ်သွားကြသည်။ ချင်းရန်နတ်မင်းက အိမ်ရှေ့မင်းသားကို ကြည့်ကာ ပြောလိုက်သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now