part 131

201 15 0
                                    

unicode

အခန်း-၁၃၁

အိမ်ရှေ့မင်းသားက သူ၏ အသက်ဓာတ်နှင့် နတ်စွမ်းအားကို နှစ်တစ်ထောင်ပြည့်သည်နှင့် ကောင်းကင်အလင်းတန်းဖြင့် ချိတ်ဆက်နိုင်ခဲ့သည်။ ထို့ကြောင့် အိမ်ရှေ့မင်းသား၏ နတ်စွမ်းအားက တခြားတစ်ပါးသော နတ်မင်းများထက် သာလွန်သည်မှာ ဆိုဖွယ်မရှိနိုင်ပေ။

သို့သော် ဟူအာကတော့ မတူညီပေ။ ဟူအာက နတ်အမြုတေမရှိသော နတ်တစ်ပါး ဖြစ်သည်။ အတတ်ပညာအားဖြင့် ရွေးချယ်ရသည်မှာ တခြားသော နတ်များစွာထက် ပို၍ အားစိုက်ရပေမည်။ ကိုက်ညီသော အတတ်ပညာတစ်ခု ရရှိရန်မှာ အလွန်ကြိုးစားမှသာ ရနိုင်ပေမည်။

ကျိုးမျိုးနွယ်နတ်များက မူလသဏ္ဌာန်နှင့် အမြုတေ မရှိပေ။ နတ်စွမ်းအား တိုးတက်လာမှုသည် နတ်ဝိညာဉ်၏ အရှိန်အဟုန်၊ နတ်အသက်ဓာတ်၏ ကျယ်ပြန့်မှု၊ အမြုတေ၏ ဒဏ်ခံနိုင်မှုနှင့် မူလသဏ္ဌာန်၏ စွမ်းအားသိုမှီးမှု အပေါ်တွင် တည်ရှိနေသည် ဖြစ်ရာ ဟူအာက အမြုတေနှင့် မူလသဏ္ဌာန်မရှိသော နတ်ဖြစ်သည့်အတွက် နတ်ဝိညာဉ်နှင့် သက်ဆိုင်သော အတတ်ပညာဖြင့်သာ ဝိညာဉ်ကို တိုးတက်အောင် လုပ်ဆောင်ရတော့မည် ဖြစ်သည်။ ကျန်သော အတတ်ပညာများက ဟူအာနှင့် လားလားမျှ မသက်ဆိုင်သည့်နှယ် ဖြစ်သွားပြီ ဖြစ်၏။

ကျိုးမျိုးနွယ်နတ်များက နတ်အသက်ဓာတ်၊ နတ်ဝိညာဉ်တို့နှင့် သက်ဆိုင်သည့် အတတ်ပညာပိုင်း ဆိုင်ရာတွင် အားသာချက် ဖြစ်သည်။ သို့သော် ဟူအာက ပင်မဝိညာဉ်ဟုတ် မဟုတ်မသေချာခြင်း ဖြစ်သည်။

နတ်ဝိညာဉ်နှင့် သက်ဆိုင်သော အတတ်ပညာရပ်များက ပို၍ များပြားခြင်း ဖြစ်ပြီး ဝိညာဉ်အခွဲနှင့် သက်ဆိုင်သော အတတ်ပညာရပ်ကို လေ့ကျင့်ရန်မှာ ကျိုးမျိုးနွယ်၏ မျိုးဆက်ဘိုးဘေးမှ တီထွင်ထားခဲ့သော အတတ်ပညာရပ်ကို လေ့ကျင့်ရမည် ဖြစ်သည်။

သို့သော် ထိုလေ့ကျင့်မှုများတွင် ပင်မနတ်ဝိညာဉ်က လေ့ကျင့်ရမည် ဖြစ်ပြီး ဟူအာနှင့် တလီကျိုးဟူတို့၏ နတ်ဝိညာဉ်အားကောင်းမှုက အတူတူမျှ ရှိပြီး မည်သူက ပင်မနတ်ဝိညာဉ်မှန်း မသေချာပေ။ ထို့ကြောင့် နတ်ဝိညာဉ်အတတ်ပညာရပ်အား လေ့ကျင့်ရန်မှာလည်း ဟူအာက အခက်အခဲ ဖြစ်နေခြင်း ဖြစ်သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now