part 148

888 46 8
                                    

unicode
အခန်း-၁၄၈

ဆိုရလျှင် သူ၏မိခင်နှင့် သူ၏ဖခင်တွင် သူ၏မိခင်ကပင် ပို၍ သမာသမတ်ကျသယောင် ဟူအာ ခံစားမိလေသည်။ ကျိုးရင်းနတ်ဘုရားမက ထိုမျက်နှာပြောင်းလဲတတ်သော သူ့ဖခင်ကို မထူးဆန်းသလိုပင်၊

“ဒါဆို ငါတို့ သွားစို့လေ”

အိမ်ရှေ့မင်းသားက ကျိုးရင်းနတ်ဘုရားမနှင့် သူ့နောက်တွင် လိုက်ပါစေရန် အစေခံငယ် ဆယ်နှစ့်ဦးကို ထည့်ပေးလိုက်ပြီး နတ်စစ်သည်တော် ဆယ့်နှစ်ဦးကိုပါ ထည့်ပေးလိုက်သည်။

အမှန်မှာ ထိုသို့သော အစောင့်အရှောက်နှင့် ကာကွယ်သူများ မလိုအပ်သော်လည်း ကောင်းကင်အိမ်ရှေ့မင်းသား၏ အဆောင်အယောင်အဖြစ်သာ ပါလာခြင်းဖြစ်လေသည်။

သူ၏မိခင်က ထိုဖြစ်စဉ်ကို မည်သို့မျှ ဂရုမစိုက်သော်လည်း ဟူအာက ထိုသုိ့သော အခြွေအရံများစွာဖြင့် လူသူရှေ့တွင် သွားလာရသည်ကို မရင်းနှီးသေးပေ။ ထို့ကြောင့် အနည်းငယ် မသက်မသာ ခံစားနေရသည်။

သို့သော် ဟူအာ သူ၏မိခင်အနီးသို့ တိုးလိုက်ပြီးနောက် သူမလက်ကို ဖမ်းကိုင်လိုက်သည်။ သူမက ခြေလှမ်းရပ်သွားပြီးနောက် သူ့ကို လှည့်ကြည့်လာ၏။

“ဘာဖြစ်လို့လဲ”

သူမ၏ အသက်ဓာတ်က အမှန်ပင် အားကောင်းလှပြီး ဟူအာပင် မမှန်းဆနိုင်လောက်အောင် ကျယ်ပြန့်လှသည်။ တစ်နည်းအားဖြင့် နွေးထွေးမှုများလည်း ပါဝင်နေ၏။ ထိတွေ့မိသည်နှင့် လက်မလွတ်ချင်လောက်အောင် နွေးထွေးမှုများနှင့် ပြည့်နှက်နေသော အသက်ဓာတ်ကို သူမက ပိုင်ဆိုင်လေသည်။

အမှန်ပင် လိုချင်တက်မက်ဖွယ် အတိပြီး၏။ သူမသာ နတ်စွမ်းအား နိမ့်ကျနေခဲ့ပါက အကယ်၍ သူမသာ မြင့်မားသည့်နတ်စွမ်းအားကို မပိုင်ဆိုင်ထားနိုင်ပါက သူမအား အလိုရှိသူ များပြားမည် ဖြစ်ပြီး အလိုရှိရာ စေခိုင်းကြမည် ဖြစ်ပြီး ဆက်၍ပင် မတွေးဝံ့စရာပင်။

ထို့ကြောင့်သာ ဆစ်ကျီနတ်မင်းက သူမငယ်စဉ်က နတ်စွမ်းအားအတတ်ပညာရပ်ကိုသာ အဓိကထား၍ သင်ကြားပေးခဲ့ခြင်း ဖြစ်နိုင်ပြီး သူမ အရွယ်တစ်ခုသို့ တိုင်လာသည့်တိုင် သူ့ခမည်းတော်က စိတ်မချခြင်းများ ပြည့်နှက်နေခြင်း ဖြစ်နိုင်လေ၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now