part73

200 23 2
                                    

unicode

အခန်း (၇၃)

ကျန်းမင်ရှီ ထောက်ပြလိုက်သော တစ်ချက်ချင်းစီကို တွေးတောနေမိရာမှ၊ ကျိုးဟူက ထိုင်နေရာမှ ဆတ်ခနဲ ထရပ်လိုက်ပြီးနောက် လက်ကို လာဆွဲလေသည်။

“ငါ့ခမည်းတော်က ပြောလိုက်တယ်၊ စကားနားထောင်ရမယ်တဲ့၊ ငါသိတယ်၊ မင်း ချီးရှီနတ်မင်းရဲ့ အမှောင်နန်းဆောင်ထဲကို ဝင်ချင်နေတယ် မဟုတ်လား”

ဆရာဖြစ်ဖို့ စည်းရုံးရေး ဆင်းနေရာမှ စကားလမ်းကြောင်းက တည့်တည့်ကြီး ပြောင်းလဲသွားတော့ ကျန်းမင်ရှီပင် ကြောင်အအ ဖြစ်သွားရလေသည်။

“မင်း သွားချင်နေတာ မဟုတ်ဘူးလား”

“ငါ မဟုတ်ပါဘူး၊ မင်းပါ”

ဒီနှစ်တစ်ထောင်သာ ရှိသော ကောင်လေးသည် တစ်ယောက်က ပရိယာယ်များပြီး ခန့်မှန်းရခက်သည်။ နောက်တစ်ဦးကကျ ရိုးရှင်းပြီး ရှိသမျှ အရာအားလုံးကို မရအရ လုပ်မည့်ပုံရှိနေပြန်သည်။

“ဒါနဲ့ မင်းက ငါ့ကို ဘာလို့ ခေါ်ချင်ရတာလဲ”

“ငါ့ခမည်းတော်က ဒီကောင်းကင်နယ်နိမိတ်အတွင်းမှာ သူမသိနိုင်တာ မရှိဘူးလေ၊ သူ့မှာ အမြင်အာရုံကောင်းတဲ့ ကောင်းကင်နဂါးလေးကောင်တောင် ရှိတာဆိုတော့ ငါသာ စကားနားမထောင်ပဲ သွားလည်ရင် ငါ့ကို အပြစ်တင်လိမ့်မယ်”

“အဲဒါ မင်းရဲ့ကိစ္စလေ ငါနဲ့ သက်ဆိုင်လို့လား”

သူ့ကို ဆရာဖြစ်ဖို့ ငြင်းပယ်နေတာမို့ ကျန်းမင်ရှီ အနည်းငယ်မျှ ညစ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သွားချင်နေပေမယ့် ငြင်းပယ်လိုက်သည်။ သို့သော် ကျိုးဟူက ကျန်းမင်ရှီ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီးမှ ထိုနေရာမှ ခုန်လွှာလိုက်လေတော့သည်။

အမှောင်နန်းဆောင်၏ ပထမဆုံးသော တံခါးသို့ ရောက်လာတော့ ကျိုးဟူက သူရောက်လာသော နေရာသည်က သူသွားလည်နေကျ အိမ်နီးချင်း၏ နေအိမ်သို့ ရောက်သွားသကဲ့သို့ စတင်အော်ဟစ်လေသည်။

“ဝေ့! နတ်အိုကြီး၊ ဝေ့ ခင်ဗျားရှိတယ် မဟုတ်လား၊ ကျွန်တော်လာနေတယ်လေ၊ ခင်ဗျားဘယ်မှာလဲ”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now