Part 51

214 11 0
                                    

အခန်း (၅၁)

“ရှောင်ချွီ့ ငါ အပေါ့သွားမယ်..”

“ကောင်းပြီ မင်းသမီး.. ဒါပေမယ့် ဒါလေးကို ယူသွားရမယ်..”

ကမ်းပေးလာသော ကမာကောင်လေးကို ဇီအာ လှမ်းယူလိုက်ပြီး မျက်နှာ ပျက်သွား၏။ ဒါလေးက ကမာကောင်လေး ဖြစ်ပေမယ့် မျက်ခြေမပျက် စောင့်ကြည့်သော နေရာတွင် သုံးသည်။

“စောင့်ကြည့်မျက်လုံး..”

“ဟုတ်တယ်.. သူတို့ တစ်စုံ ရှိတယ်.. တစ်ဖက်က မြင်သမျှကို တစ်ဖက်က ပြန်ပြီး ပြနိုင်တယ်..”

“အပိုတွေ.. မသွားဘူး.. အပေါ့လည်း မသွားတော့ဘူး..”

ဒီဉာဏ်များတတ်တဲ့ မင်းသမီးကို ထိန်းသိမ်းရတာ တကယ်ကို မလွယ်တဲ့ ကိစ္စ တစ်ခုမှန်း ခရီးရက်ကြာလေ ရှောင်ချွီ့သိလေ ဖြစ်သည်။ ခုန်လွှားနိုင်တဲ့ စွမ်းရည်က နည်းပါးသော်လည်း.. ခြေတစ်လှမ်းချင်းစီ သွားဖို့တော့ မလိုပေ။ ဒါကို သူမက တမင်သက်သက်ပင် ခုန်လွှား၍ မသွားပဲနှင့် တစ်လှမ်းချင်းပင် စိတ်ရှည် လက်ရှည်ပင် သွားနေသည်။

ခုန်လွှားနိုင်သော နတ်စွမ်းရည်က အခြေခံ နတ်စွမ်းအား ဖြစ်သော်လည်း နတ်စွမ်းအား နည်းပါးခြင်း မနည်းပါးခြင်းနှင့် သက်ဆိုင်သေးသည်။ အကယ်၍ သင့်တော်သော အခြေခံ နတ်စွမ်းအားကို ပိုင်ဆိုင်ထားပါက ခုန်လွှားခြင်းအား တစ်ကြိမ်လျှင် သုံးဆယ့်ခုနှစ်မိုင်ခန့်ထိ ခုန်လွှား၍ ရသည်။

နတ်စွမ်းအား မြင့်မားလေ ခုန်လွှားနိုင်မှု အကွာအဝေး ပိုပြီး ဝေးကွာနိုင်လေ ဖြစ်ကာ.. ပုံမှန်အားဖြင့် နတ်စွမ်းအား မြင့်မားသူတွေက သာမာန် နတ်ငယ်များကဲ့သို့ မဟုတ်ပဲ ရောက်လိုသော နေရာသို့ မိုင်ထောင်ချီ အကွာအဝေး အလိုက် ရောက်ရှိနိုင်လေသည်။ လက်ရှိတွင်လည်း ဇီအာထံတွင် ခုန်လွှားနိုင်သော နတ်စွမ်းအားကို ပိုင်ဆိုင် ထားသည့် တိုင်အောင်.. ခုန်လွှားခြင်းကို မပြုပဲ.. တစ်လှမ်းချင်း သွားနေခြင်းကို ရှောင်ချွီ့ အပြစ်ပြောလိုသည်။ သို့သော် ထိုသို့ ပြုလုပ်နေသည်က တောင်ပိုင်း နန်းတော်၏ မင်းသမီးလေးပင် ဖြစ်သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now