part80

237 26 0
                                    

unicode
အခန်း (၈၀)
“မင်းအမေက မင်းကို နှစ်တစ်ထောင်တောင်မှ မျှော်နေခဲ့တာ မင်းကို သူ ပစ်ပယ်လိုက်ဖို့ မဖြစ်နိုင်ဘူး။ မင်း စိတ်မပူပါနဲ့ မင်းတို့သားအမိကို ငါက အကောင်းဆုံး ကာကွယ်မှာပါ”
“အဖေ.. ကောင်းကောင်း အနားယူပါ”
ကျိုးဟူ သူ့အဖေနန်းဆောင်ကနေ ထွက်လာပြီးနောက် ရေကန်ကို ဖြတ်လျှောက်လာရသည်။ ညအချိန်၏ကာလ ဖြစ်သော်လည်း တိမ်သလာကင်းစင်နေပြီး နေမင်းအလင်းက ဖြာကျနေသည်။ လှိုင်းကြပ်ခွပ်လေးများ ဖြစ်နေသော ရေကန်ဘောင်ပေါ်တွင် မှေးတင်လိုက်ပြီးမှ ကျိုးဟူ တစ်ဦးတည်း ဖြစ်နေသည့်ဘဝကို ခပ်တိုးတိုး ရယ်မိသည်။
သူသာ ဒီတစ်ကြိမ် အိပ်ပျော်သွားပြီးရင် ဘယ်တော့မှ ပြန်မနိုးလာတော့ရင် ပိုင်ဟုန်ဟူက မယ်တော်ကို အသိအမှတ်မပြုရင်.. ပြီးတော့ ဇီအာက သူ့ကို ကတိမတည်တဲ့လူလို့ ပြောလာရင်.. ပြီးတော့ မယ်တော်ဗိုက်ထဲက အေးစက်စက် ဝိညာဉ်လေးကတောင် သူ့ကို အလိုမကျဘူး။ ဒီနတ်လောကမှာ သူ့ကို လိုချင်သူ တစ်ယောက်မှ မရှိဘူးပေါ့။
“မယ်တော် သားတော် မနိုးလာတော့ရင် ဘယ်လို လုပ်မလဲ။ နှစ်တွေ ကြာလာပြီးတော့ ကျိုးဟူကို မယ်တော် မေ့ပစ်လိုက်မှာလား.. ကျိုးဟူ ရှိနေတာကို မယ်တော် ဘယ်တော့များမှ သိမှာလဲ။ ကျိုးဟူ ဝမ်းနည်းတယ်..”
“မင်း ဝမ်းနည်းရင်တောင်မှ လေ့ကျင့်ရေးကို မပျက်ကွက်သင့်ဘူး..”
အသံတစ်ချက် ထွက်လာသော်လည်း အနားတွင် ဘယ်သူမှ မပေါ်လာပေ။ အနားမှာ မပေါ်လာဘဲနဲ့ အဝေးကနေ ကောင်းကင်က ဖြစ်ပျက်သမျှ အားလုံးကို သိရှိနိုင်သူက ဘယ်သူ ရှိမှာလဲ.. ဟို အသက်ကြီးတဲ့ အဘိုးကြီးချီးရှီပဲ ရှိတယ်။
“နတ်အိုကြီး.. ခင်ဗျား ပုန်းခိုနေပြီးတော့ စကားလာပြောနေတာလား”
“ငါ့နန်းဆောင်ကို လာခဲ့”
“မလာဘူး..”
“လာပါ။ နောက်တစ်လ အမှောင်ကိုးပါးကို မင်း ဖြတ်ကျော်ရမှာ မဟုတ်လား။ မင်းက ဖြတ်ကျော်မှာလား.. ဒါမှမဟုတ် ပိုင်ဟုန်ဟူကို ကျော်ဖြတ်ခိုင်းမှာလား”
“ငါက သူ့ထက် ပိုပြီးတော့ သန်မာတယ်။ ဘယ်လို ဖြစ်ပြီးတော့ မြေခွေးဝိညာဉ်နဲ့ကောင်ကို ကျော်ဖြတ်ခိုင်းရမှာလဲ မဖြစ်နိုင်တာ”
“ကောင်းပြီ။ ဒါဆိုရင် အလွယ်ကူဆုံး နည်းလမ်းကို မသိချင်ဘူးလား။ မင်းက သန်မာပေမဲ့ သူ့လောက်တော့ နတ်စွမ်းအား အသုံးချမှုမှာ အားမကောင်းသေးဘူးလေ”
“မလိုဘူး”
“ကောင်းပြီလေ။ မင်းကို မပြောပြတော့ဘူး.. မင်းဖာသာ ကြိုးစားပေတော့”
“ဘယ်သူက စကားတွေ အများကြီး ပြောခိုင်းလို့လဲ..”
“ငါလည်း မပြောချင်ပါဘူး.. မင်းသိလား။ နတ်တိုင်းမှာ ကောင်းကင်မှတ်တိုင်ဆိုတာ ရှိတယ်။ ကံကြမ္မာတောင်ကုန်းမှာ အဲဒါက ရှိတယ်။ မင်း စိတ်ဝင်စားရင် အဲဒီမှာ မင်းရဲ့ဘဝဖြစ်စဉ်ကို ရှာလို့ ရတယ်။ လွယ်တော့ မလွယ်ဘူး.. မင်းကြိုးစားကြည့်..”
“မင်းက ငါ့ကို ဘာလို့ လာပြောပြနေရတာလဲ”
“မင်းဆီမှာ ငါ့သူငယ်ချင်း နှစ်ယောက်ရဲ့ အရိပ်အငွေ့တွေကို တွေ့နေရလို့လေ ခေါင်းမာတဲ့ ကျိုးရှီနဲ့ နောက်ထပ်လည်း အသုံးမကျတဲ့ ဟုန်လျန်..”
“သူတို့က ဘယ်သွားလိုက်တာလဲ”
“သေကုန်ပြီ..”
“သူတို့ နှစ်ယောက်က ကောင်းကင်ကို စပြီးတော့ တည်ထောင်ဖို့ တွေးမိခဲ့ကြတယ်။ အခက်အခဲတွေအတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီးတော့ ကောင်းကင်ကို တည်ဆောက်နိုင်ခဲ့ကြတယ်။ ကံဆိုးတာက နှစ်ယောက်စလုံးက ခပ်မြန်မြန်ပဲ သေဆုံးသွားခဲ့တယ်”
“အဲဒါက ကျွန်တော်နဲ့ ဘယ်လို သက်ဆိုင်နေလို့လဲ”
“မင်းဆီကနေ ကျိုးရှီရဲ့အသက်ဓာတ်နဲ့ ဟုန်လျန်ရဲ့မိုးကြိုးစွမ်းအားကို ခံစားမိတယ်။ ဖြစ်နိုင်တာက မင်းက သူတို့ နှစ်ယောက်စလုံးရဲ့ မျိုးဆက် ဖြစ်နိုင်တယ်..”
“ဘယ်သူသိမှာလဲ.. သူတို့နှစ်ယောက်ရဲ့ မျိုးဆက် ဖြစ်ရအောင် ဘယ်သူက မိန်းကလေးမို့လဲ..”
“အဟွတ်.. အဟွတ်.. မင်း စကားကို မရိုမသေနဲ့..”
“ငါပြောတာ မဟုတ်လို့လား။ မင်းရဲ့သူငယ်ချင်း နတ်အိုနှစ်ပါးရဲ့ စွမ်းအားကို ငါ တစ်ယောက်တည်းက ဆက်ခံရအောင် သူတို့က ညားသွားလို့လား”
ချီးရှီနတ်မင်းက ကြိတ်ရယ်လိုက်သည်။ ထိုသို့သော စကားသာ ထိုနတ်အိုနှစ်ပါးက ကြားသိပါက ကျိုးရှီက မျက်မှောင်ကုတ်သွားမှာ ဖြစ်ပြီး ဟုန်လျန်ကတော့ ရယ်ချင်ပက်ကျိ မျက်နှာဖြင့် အပြစ်သားငယ်လေးကို ခွင့်လွှတ်ဖို့ နည်းလမ်း ရှာပါလိမ့်မည်။
“ကိစ္စရှိတယ်။ မင်းက ကျိုးရှီရဲ့သားနဲ့ ဟုန်လျန်ရဲ့သမီးကနေ မွေးထားတဲ့ မင်းအမေ ကျိုးရင်းရဲ့သား ဖြစ်နေလို့လဲ”
“ဟုန်လျန်က မိဖုရားမရှိတဲ့နတ် မဟုတ်ဘူးလား။ သူက ကွယ်ရာမှာ ကြိတ်ပုန်းခုတ်တတ်သေးတာလား”
“ဖွီး.. ဟား ဟား ဟား.. ဒီကိစ္စက ရိုးမလိုနဲ့ ရှုပ်တယ်။ ဆန်းမလိုနဲ့လည်း ရိုးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက သုံးလောကရဲ့ လျို့ဝှက်ချက်ပဲ။ ကျိုးရှီက ကောင်းကင်နန်းတော်ကို လက်ဆွဲပြီး ခေါ်လာတဲ့ ရင်းဖန့်အော် ဆိုတာက ဟုန်လျန်ရဲ့သမီးပဲ.. ထားလိုက်တော့ ဒီဝမ်းနည်းစရာအကြောင်းကို ငါ ပြန်မပြောချင်ဘူး ငါ ပြောချင်တာက မင်းဆီမှာ နတ်မင်းနှစ်ပါးလုံးရဲ့ အငွေ့အသက်ရနေတယ် ဆိုတာ အပြင် မင်းအဖေက မင်းရဲ့နတ်ခန္ဓာထဲမှာ ပင်းရှီရဲ့နှလုံးသားကို မြှုပ်ပေးထား လိုက်သေးတယ်။ မင်း အခုထိ မပေါက်ကွဲသေးတာ ဘာကြောင့်မို့လဲ ဆိုတာ ငါ တော်တော်လေး တွေးမရ ဖြစ်နေတယ်”
“ငါက နတ်မင်းသုံးပါးရဲ့ အရင်းအမြစ်တွေ စုနေတာလို့ ဆိုလိုတာလား။ မဟုတ်ဘူး ထင်တယ်။ ဒါဆို ငါက ဘာလို့ ဘာမှမတတ်ဘူး ဖြစ်နေတာလဲ”
“မင်းနဲ့မတည့်တဲ့ ဟိုကောင်လေးက ယူသွားတာပေါ့.. ဘာရှိမှာလဲ”
“လာပြန်ပြီလား ပိုင်ဟုန်ဟူ.. ငါ သူ့ကို ကန်ထုတ်ပစ်မှပဲ ရတော့မယ်”
“ကျိုးရှီက လျို့ဝှက်တတ်တဲ့ နတ်မင်းဆိုတော့ သူ့ရဲ့စွမ်းအားတွေကို ငါက မင်းကို သင်ပေးလို့ မရနိုင်ဘူး ဒါပေမဲ့ ဟုန်လျန်နဲ့ငါက အတော်လေး ရင်းနှီးခဲ့ပြီးတော့ သူ့မှတ်တမ်းကိုလည်း ငါကပဲ အဆုံးထိ ကိုယ်စားရေးပေးခဲ့ရတာမို့ ဒီနတ်စွမ်းအားကို သင်ကြားပေးဖို့ ငါ မင်းဆရာနဲ့ သေချာဆွေးနွေးလိုက်မယ်”
“ငါ မသင်ချင်ပါဘူး”
“မင်းက မသင်ချင်ဘူး ဆိုတာနဲ့ပဲ ဟိုကောင်လေးကတော့ အကုန်လုံး သင်ယူမှာပဲနော်..”
“ချီးရှီနတ်မင်း အမှောင်နန်းဆောင်ကို ဆင့်ခေါ်တဲ့ ကိစ္စက..”
ချီးရှီနတ်မင်းက အနောက်မှ ပေါ်လာတဲ့ ကျန်းမင်ရှီ နတ်မင်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီးမှ ဆံပင်ရှည်ရှည်တွေကို ပင့်တင်လိုက်သည်။
“ငါတို့ မင်းရဲ့တပည့်လေးကို တစ်ခုခုတော့ ကြိုးစားပြီး သင်ပေးမှပါ။ နောက်လဆိုရင် သူက အမှောင်ကိုးပါးနဲ့ ထိပ်တိုက်တွေ့ရမှာဆိုတော့ မတော်တဆ အိမ်ရှေ့စံရဲ့သားတော်က အမှောင်ကိုးပါးနန်းဆောင်တိုက်ထဲမှာ သေဆုံးသွားတယ် ဆိုတာက ကြားလို့လည်း မကောင်းပါဘူး။ ပြီးတော့ ငါ့ကလေးလေးတွေကို အပျော်လေးတောင် မဖြစ်စေတာက မကောင်းပါဘူး”
အမှောင်ကိုးပါးကို မွေးမြူစောင့်ရှောက်သူက ချီးရှီနတ်မင်း ဖြစ်သည်တွင် ထိုနတ်မင်းက ထိုသို့ ပြောသည်။
“ဒါဆို နတ်မင်း ဆိုလိုတာက”
“သူ့ဆီမှာ စွမ်းအားကြီးတဲ့ နတ်စွမ်းအင် သုံးမျိုး ရှိပေမဲ့ ငါတတ်နိုင်တာက ဟုန်လျန်ရဲ့မိုးကြိုးစွမ်းအားကို နိုးထစေဖို့လေးတင်ပဲ”
“ချီးရှီနတ်မင်းကို ကျွန်တော်က ဘယ်လိုမျိုးများ ကူညီနိုင်မလဲ ဆိုတာက..”
“ဒီအစုတ်ပလုတ်ကောင်လေးမှာ သာမန်နတ်မျိုးနွယ်တွေ ရှိသင့်တဲ့ နတ်စွမ်းအားတောင်မှ မရှိဘူး ငါက ဟုန်လျန်ရဲ့မိုးကြိုးစွမ်းအားကိုသာ နိုးထစေလိုက်ရင် သူ့ကို အရင်ဆုံး လောင်ကျွမ်းပြီး သေသွားမှာ စိုးရတယ်။”
“နတ်အိုကြီး ခင်ဗျား မဟုတ်တာတွေ မပြောနဲ့ နတ်စွမ်းအားဆိုတာက မွေးကတည်းက ပါလာတယ် ဆိုမှတော့ ဒါတွေကို ကျွန်တော်က ပိုင်ဆိုင်ပြီးသား မဟုတ်လား..”
“ဟား ဟား မင်းအမေတောင်မှ နှစ်တစ်သိန်းကျော်မှ ကျိုးရှီရဲ့စွမ်းအားအစစ်ကို လက်ခံရရှိခဲ့တာ မဟုတ်လား။ နတ်စွမ်းအားဆိုတာက မွေးကတည်းက ပါလာခဲ့ရင်တောင်မှ မင်းမထိန်းနိုင်ဘူးဆိုရင် ဆိုးဝါးတာတွေပဲ ဖြစ်လာမှာ။ နတ်စွမ်းအားကျင့်ကြံမှုတို့ လေ့ကျင့်သင်ကြားပေးမှုတို့က တခြားမဟုတ်ဘူး။ ပိုင်ဆိုင်ပြီးသား နတ်စွမ်းအားကို အလဟသ မဖြစ်စေဖို့နဲ့ မထိုက်တန်သေးတဲ့ နတ်စွမ်းအားကို မနိုးထမိစေဖို့ပဲ”
“မထိုက်သေးတဲ့ ထိုက်တန်သေးတဲ့ အားလုံးက ရှုပ်ထွေးနေတာပဲ ငါ ဘာမှမလေ့ကျင့်လို့ ရမလား”
နတ်စွမ်းအား လေ့ကျင့်ခြင်းနှင့် ပတ်သတ်ပြီး နည်းနည်းမှ စိတ်မဝင်စားသည့်အပြင် မည်သည့်စွမ်းအားကိုမှ မလိုချင်သည့်ပုံ ပေါ်လွင်နေသည်။
“မနက်ဖြန်ကနေ စပြီးတော့ ငါ့နန်းဆောင်ကို နေ့တိုင်းလာဖို့ မျှော်လင့်ပါတယ်”
“မဖြစ်နိုင်တာ.. မလာဘူး”
“ဒါဆိုရင် ငါ မင်းကို ချက်ချင်း မင်းအမေနဲ့ဝေးရာကို ပို့လိုက်ဖို့ စီမံလိုက်ရမလား၊ မင်းအဖေက ငါ့ရဲ့တပည့်အငယ်လေး ဆိုတာကို မင်း မေ့သွားတာလား”
“အကျင့်မကောင်းတဲ့ အဘိုးကြီး”
“ဒီနာမည်ကို မင်း ခဏခဏ ခေါ်နေတော့ ငါတောင် သဘောကျလာပြီ.. မနက်ဖြန်ကျရင် ငါ့နန်းဆောင်မှာ တွေ့မယ်”
“ဒါဆို ကျွန်တော် သွားတော့မယ်”
နှုတ်ဆက်ထွက်သွားသော နတ်ငယ်လေးကို ငေးကြည့်ရင်း ချီးရှီ သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။ လက်အတွင်း ကိုင်ထားတဲ့ သေရည်အိုးကို မော့သောက်လိုက်ပြီးမှ အိုးကို နဘေးသို့ အသာအယာ လှမ်းပစ်လိုက်၏။ ကျန်ရှိနေဆဲ ကျန်းမင်ရှီနတ်မင်းကို တွေ့လိုက်မိတော့ အသာအယာ ပြုံးပြလိုက်ပြီး စကားတစ်ခွန်းကို ဆိုလိုက်မိသည်။
“ကြည့်ရတာ ငါကိုယ်တိုင်က အသက်ကြီးနေပြီ ထင်တယ်၊ လူငယ်လေးတွေကို နားလည်ဖို့ တကယ်ခက်ခဲသွားပြီလို့ ထင်ရတာပဲ”
ကျန်းမင်ရှီ နတ်မင်းက ထိုစကားကြောင့် အီလည်လည် ပြုံးမိရသည်။ ကောင်းကင်စတည်ကတည်းက ကျန်ရှိနေသော သဘာဝဖြင့်မွေးဖွားလာသော နတ်မင်းကြီးတစ်ပါးက ငါ အိုနေပြီဆိုသော စကားကို သူသည်လည်း မည်သို့တုံ့ပြန်ရမည်ကို မသိချေ။
“နတ်မင်းက သိပ်ကို နုပျိုလွန်းနေပါပြီ”
“ကျန်းမင်ရှီ၊ ဒုတိယမျိုးဆက်နတ်မင်းတစ်ပါး၊ မင်းတောင်မှ အိုနေပြီကို ငါက ဘယ်လိုလုပ်ပြီးတော့ နုပျိုနိုင်မှာလဲ”
“နောက်တစ်လနေရင် အမှောင်ကောင်းကင်တိုက်တံခါးက ပွင့်လာလိမ့်မယ်၊ သူက ဒီလိုပုံစံနဲ့.. ငါ ခေါင်းကိုက်တယ်”
ချီးရှီ နတ်မင်းက သူ့ခေါင်းကို သူ လက်နှစ်ချောင်းဖြင့် အသာထောက်ပြီး ဆိုလေသည်။
“မင်ရှီမှာက ဒီတပည့်လေး တစ်ယောက်တည်း ရှိတာပါ၊ ပြီးတော့ မင်ရှီ စိုးရိမ်တာက သူက သတိပေး မိုးကြိုးနီ သုံးချက်နဲ့ မွေးဖွားလာတာ ဆိုတော့ တကယ်လို့သာ ဒါကို တခြားသူတွေ သိသွားခဲ့မယ် ဆိုရင်..”
×
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now