part 136

222 19 2
                                    

unicode

အခန်း-၁၃၆

ဟူအာ အသံပို့လွှတ်မန္တန်ကို အသုံးပြုရန် ကြိုးစားလိုက်သော်လည်း ပထမတစ်ခုက လွဲချော်သွားသည်။ သို့သော် ဟူအာ ဒုတိယတစ်ခုကို ထပ်မံ အသုံးပြုပြီးနောက် ကျောက်တုံးငယ်တစ်ခုကို ပျံသန်း၍ အိမ်ရှေ့မင်းသား၏ နန်းဆောင်သို့ ရည်ညွှန်းကာ ပို့လွှတ်စေလိုက်၏။

တစ်ရက်မျှ စောင့်ဆိုင်းပြီးနောက် နောက်နေ့ နေမွန်းတည့်ချိန်၌ နတ်မင်းသားနှစ် ချင်းရန်နှင့် အိမ်ရှေ့စံမင်းသာက မြောက်ပင်လယ်သို့ ရောက်ရှိလာသည်။

အိမ်ရှေ့မင်းသား၏ မျက်နှာထားက ယခင်ကထက် များစွာ တည်ကြည်နေပြီး တစ်ခုခု မှားပြောမိသည်နှင့် နတ်သက်ကြွေစေမည့် အမိန့် ပေးလာမည်ကိုပင် စိုးရိမ်ရ၏။

ချင်းရန်နတ်မင်း၏ မျက်နှာထားက မည်းမှောင်နက်ရှိုင်းနေပြီး နားထင်ကမူ မည်ရွေ့မည်မျှ ဖိပွတ်ထားမှန်း မသိနိုင်ဘဲ အစင်းရာ ထင်နေသည်အထိပင် ဖြစ်နေသည်။ ထိုနတ်မင်းနှစ်ပါးက ကိစ္စရပ်တစ်ခုကို အတူတူ ဆွေးနွေးနေကြမှန်း သိသာလှပေသည်။ သို့သော် မည်သည့်ကိစ္စရပ် ဖြစ်နေမှန်းကိုမူ ဟူအာ မသိနိုင်ပေ။

ချင်းရန်နတ်မင်းက ဟူအာကို ကြည့်၍ ဆိုလာ၏။

“မင်းက မြေပြင်နတ် ဖြစ်ခဲ့ဖူးတော့ ကောင်းကင်နတ်စွမ်းအားကို သုံးတာ အဆင်မပြေဖြစ်နေသေးပုံရတယ်။ မင်းပို့လိုက်တဲ့ အသံပို့လွှတ်ကျောက်တုံးက မင်းအဖေရဲ့ ပန်းအိုးတွေ တော်တော်များများကို ကွဲသွားစေတယ်”

“ဘယ်လို ဖြစ်ပြီးတော့လဲ”

“အဲဒီအသံပို့လွှတ်တဲ့မန္တန်က မသင့်တော်လောက်အောင် ပိုများတဲ့ နတ်စွမ်းအားတွေကြောင့် အဆက်မပြတ် ပျံသန်းနေပြီးတော့ အိမ်ရှေ့မင်းသားရဲ့ နန်းဆောင်ကို ဖျက်ဆီးလုနီးပါးပဲ”

ချင်းရန်နတ်မင်းက ထိုအဖြစ်အပျက်ကို ကိုယ်တွေ့ ကြုံလာခဲ့ခြင်း ဖြစ်နိုင်ကာ အလွန်အမင်း စိတ်ပျက်နေဟန်လည်း ပေါ်လေသည်။

“အိမ်ရှေ့မင်းသားက မတားလိုက်ဘူးလား”

“မင်းအဖေ ဘာတွေးနေလဲ ငါက ဘယ်လို သိမှာလဲ။ သူက မင်းရဲ့ ကျောက်တုံးပျံကို ဒီအတိုင်း အားလုံးကို ခွဲပစ်လိုက်ခွင့် ပေးလိုက်တယ်ကွ”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now