Part 49

251 33 0
                                    

အခန်း (၄၉)

နောက်ထပ် ဆစ်ကျီ နတ်မင်းကား သူမအား လိုလားခြင်း မလိုလားခြင်း ဘာမှန်း မသိပဲနှင့်.. တလင်းနန်းဆောင် အတွင်းဝယ်.. နတ်အစေခံငယ် ကဲ့သို့ပင် နေထိုင် ပြုမူခဲ့သည်။ ထိုအထိ ရှင်းရောင်း အတွက် ခံသာသေးသည်ဟု ဆိုရမည်။

ယခုတွင်မူ မျက်လုံးတွင် ကာဆီးထားသော အဝတ်စကို ဖြုတ်ရန် ဆစ်ကျီ နတ်မင်းက ခွင့်ပြုခဲ့သည်။ နောက်တစ်ခါ ဆစ်ကျီ နတ်မင်းအား ငေးမောနေမှု အတွက် အပြစ်တင် ပြောဆိုခြင်းကို ခံရပြန်သည်။ ထို့အတွက် မျက်ဝန်းများအား ကာဆီးထားရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း.. မျက်ဝန်းတွေ ကာဆီးထား၍ သစ်ပင်ပေါ်မှ မဆင်းနိုင်တာကို ပြစ်တင် ပြောဆိုပြန်သည်။

ထပ်ခါ ထပ်ခါ နာကျင်စေခြင်းအပေါ်တွင် ရှင်းရောင်း ရင်ဆိုင်ရန် သတ္တိတွေ လျော့နည်း လာမိသလို ခံစားမိ၏။ နောက်ထပ် တစ်ကြိမ်မျှ အပြစ်တင်ခြင်းကို ခံစားရလျှင် နားမကြားရခြင်းကို လိုလားလာမိမည်ဟု ထင်မြင်မိလာသည်။

ရှင်းမျိုးနွယ် တော်ဝင်မျိုးဆက်တွင်.. ရှင်းရောင်း တစ်ဦးတည်းသာ ကျန်နေခဲ့သည့် အတွက် ရှင်းမျိုးနွယ် အားလုံးက တော်ဝင်မျိုးဆက်၏ အပြစ်အား ရှင်းရောင်းကို သိစေရန် နေ့စဉ် နေ့တိုင်း ပြောဆိုခဲ့သည်။ ထိုအတွက် ရှင်းရောင်းမှာ ငယ်စဉ် ကတည်းက မင်းသမီး တစ်ပါးကဲ့သို့ ဆိုခြင်းထက် သိမ်ငယ်စွာပင် နေထိုင်ခဲ့ရသည်။

နောက်တော့ ရှင်းရောင်း နှစ်တစ်ထောင် ပြည့်သည်နှင့်ပင် ကောင်းကင်သို့ အခြွေအရံ တစ်ဦးမျှပင် မပါဘဲ စေလွှတ်ခဲ့သည်။ ထိုသို့ စေလွှတ်ခံရမှုတွင် နေ့စဉ် နေ့တိုင်း ကြားနေရသော အပြစ်တင်မှုတွေ ကင်းဝေးပြီဟု တွေးထင်ခဲ့သည်။ သို့သော်.. ရှင်းရောင်း၏ ထင်မြင်ချက်မှာ တက်တက်စင်အောင် လွဲချော်ပြီး ခံစားချက်မဲ့သည့် နတ်မင်းထံတွင် လာရောက်ပြီး နေထိုင်ရသည်။ သို့သော် ရှင်းရောင်း ပြောနိုင်သည်က တစ်ခွန်းတည်းပင် ဖြစ်လေရာ..

“ရှင်းရောင်း သိပါပြီ..”

~~နတ်ဖြစ်ရတာကို မလိုလားတော့ဘူး..၊ ဒီလောကမှာ မွေးဖွားလာရတာကို နောင်တရနေပြီ..၊ ပြီးတော့ ဘယ်အရာကိုမှ ဘယ်တစ်ခုကိုမှ ဆုပ်ကိုင်ထားပြီး ဟန်ဆောင်ပြီး မပျော်ရွှင်ချင်တော့ဘူး..၊ ဒီအမြုတေကို မလိုလားတော့ဘူး..၊ ရှင်းရောင်းက သာမာန် နတ်သူငယ်လေးမို့လို့ နတ်စွမ်းအား မပြည့်ဝဘူး..၊ ခုန်လွှားဖို့တောင်မှ မတတ်နိုင်ပေမယ့်.. ရှင်းရောင်းရဲ့ ကိုယ်ပိုင် နတ်ခန္ဓာကိုယ်ကို ပြိုကွဲသွားအောင် တတ်နိုင်မယ် ထင်တယ်..၊ အတွေးနဲ့ လက်တွေ့ဟာ တစ်ထပ်တည်း ကျနေခဲ့လျက်..၊~~

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီTempat cerita menjadi hidup. Temukan sekarang